တစ်ကမ္ဘာလုံး တိုင်းတာချက်အရ ယခု ခုနှစ်အတွင်းတွင် ကမ္ဘာ့ ငြိမ်းချမ်းမှု Level သည် ၀.၃ ရာခိုင်နှုန်းခန့် နိမ့်ဆင်းသွားတယ်လို့ သိရှိရပါတယ်။ မဆိုစလောက်သော ပမာဏဆိုပေမယ့် ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းတဲ့ နိုင်ငံတွေ ဆိုသည်မှာလည်း လက်ချိုးရေတွက်လို့တောင် ရပါတယ်။ တကယ်လို့ ကွီးတို့က ထို ငြိမ်းချမ်း လှပ တဲ့ နေရာများဆီသို့ ခရီးသွား ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နိုင်ငံများဆီသို့ ခရီးသွားနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် နိုင်ငံများကတော့ ကမ္ဘာ့ ငြိမ်းချမ်း လှပ တဲ့ နေရာဒေသများဖြစ်ပြီး ခရီးသွား လာလို့ကောင်းတဲ့ နေရာများပဲဖြစ်ပါတယ်။

(၁၀) ဂျပန်နိုင်ငံ

world's peaceful country

ဂျပန်နိုင်ငံကတော့ အငြိမ်းချမ်းဆုံး နံပါတ် (၁၀) နေရာမှာ တည်ရှိနေပါတယ်။ လူမှုအဆင့်အတန်း တိုးတက်မြင့်မားပြီး အလုပ်အကိုင် ရှာဖွေစားသောက်လို့ ကောင်းတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဂျပန်နိုင်ငံကို သွားလည်တဲ့အခါ သဘာဝရှုခင်း အလှအပများကိုလည်း ကြည့်ရှု ခံစားနိုင်ပါသေးတယ်။

(၉) စင်ကာပူနိုင်ငံ

world's peaceful country

နံပါတ် (၉) နေရာမှာ ရပ်တည်နေတာကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ အာရှ ပစိဖိတ် ဒေသအတွင်းတွင် ကမ္ဘာ့ အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နေတယ်ဆိုလည်း မမှားပါဘူး။ ကျွန်းနိုင်ငံ သေးသေးလေးပင် ဆိုသော်ငြားလည်း နိုင်ငံခြား ခရီးသွား ဝန်ဆောင်မှု တိုးတက်ဖွံ့ဖြိုးတာကတော့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။

(၈) Czech Republic နိုင်ငံ

world's peaceful country

၂၀၂၂ ခုနှစ်ရဲ့ Global Peace Index မှတ်တမ်းအရ Czech Republic နိုင်ငံသည် နံပါတ် (၈) အငြိမ်းချမ်းဆုံး နေရာမှာ ရပ်တည်နေပါတယ်။

(၇) Slovenia နိုင်ငံ

world's peaceful country

Slovenia နိုင်ငံကတော့ သူ့ရဲ့ GPI ည် ၀.၀၂၁ ရာခိုင်နှုန်းခန့် လျော့နည်းသွားပါတယ်။ မနှစ်တုန်းကနဲ့ယှဥ်ရင် သူ့ရဲ့ Position သည်လည်း နှစ်ဆင့်ခန့် နောက်ဆုတ်သွားပါတယ်။ သို့သော် ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံထဲတွင်တော့ တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲပါပဲ။

(၆) ပေါ်တူဂီနိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

ကမ္ဘာ့အငြိမ်းချမ်းဆုံး နံပါတ် (၆) နေရာမှာ ရပ်တည်နေတာကတော့ ပေါ်တူဂီနိုင်ငံပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပေါ်တူဂီနိုင်ငံဆီသို့ သွားရောက်လည်ပတ်မယ်ဆိုရင် စိတ်ချလက်ချ သွားရောက်လည်ပတ်နိုင်ပါတယ်။

(၅) သြစတြီးလျနိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

သြစတြီးလျနိုင်ငံရဲ့ ပျမ်းမျှငြိမ်းချမ်းခြင်းပြ Level ကတော့ အရင်နှစ်ကထက်စာရင် ၀.၀၁၈ ရာခိုင်နှုန်းခန့် မြှင့်တက်လာပြီး ငြိမ်းချမ်း လှပ ပြီး ခရီးသွား လာလို့ကောင်းတဲ့ နိုင်ငံများထဲတွင် နံပါတ် (၅) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

(၄) ဒိန်းမတ်နိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

၂၀၂၂ ခုနှစ်ရဲ့  နိုင်ငံပေါင်း ၁၆၃ နိုင်ငံပေါင်း GPI များ နှိုင်းယှဥ်ချက်အရ ဒိန်းမတ်နိုင်ငံသည် နံပါတ် (၄) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

(၃) အိုင်ယာလန်နိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

အိုင်ယာလန်နိုင်ငံကတော့ နံပါတ် (၃) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ နေထိုင်လို့ကောင်းပြီး သဘာဝရှုခင်းများကလည်း ကွီးတို့ကို တစ်ခါ သွားလည်ပြီးတာနဲ့ နောက်ထပ် သွားလည်ချင်နေအောင် ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။

(၂) နယူးဇီလန်နိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ နယူးဇီလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒုစရိုက်မှုများ မဆိုစလောက် နည်းပါးပြီး ပြည်သူအများကလည်း အေးချမ်းစွာ နေထိုင်ခွင့် ရရှိတဲ့ နိုင်ငံတစ်ခုဆိုလည်း မမှားပါဘူး။

(၁) Iceland နိုင်ငံ

ငြိမ်းချမ်း လှပ ခရီးသွား

ကမ္ဘာ့အငြိမ်းချမ်းဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတာကတော့ Iceland နိုင်ငံပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အငြိမ်းချမ်းဆုံး နှင့် အလှပဆုံး နိုင်ငံများဆီသို့ ခရီးသွားချင်တယ်ဆိုရင်တော့ ဒီနိုင်ငံလေးကို ညွှန်းလိုက်ပါရစေ။

Source: Visionofhumanity

Featured Image: Azamara