အမျိုးသားတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ ဒါ့အပြင် အိမ်ထောင်ရေး တစ်ခုမှာဆိုရင်လည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာ၊ နားလည်မှုတို့အပြင် လိင်မှုကိစ္စ ကလည်း အရေးပါပါတယ်။ မိမိကိုယ်တိုင်အတွက်ရော ၊ မိမိရဲ့လက်တွဲဖော်အတွက်ပါ အိမ်ထောင်ရေးသုခနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်နေဖို့လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့ အစားအစာတွေကလည်း ကူညီပေးနိုင်ပါတယ်။ ထိုအထဲမှာ ကျွန်တော်တို့ဆီမှာ ပေါပေါများများနဲ့ ဈေးမကြီးဘဲ ရာသီမရွေး ရနိုင်တဲ့ ငှက်ပျောသီးတွေကလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ငှက်ပျောသီး စားပေးခြင်းဖြင့် ရရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ စွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်
Photo : Best Life
ငှက်ပျောသီး က Bromelain နှင့် ဗီတာမင် B တို့ရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး Testosterone ဟော်မုန်းကို ထိန်းညှိပေးကာ လိင်ပိုင်းဆိုင်ရာ စွမ်းအား၊ စွမ်းဆောင်ရည်နဲ့ သက်လုံ စသည်တို့ကို တိုးစေပါတယ်။ ဒါ့အပြင် လေ့လာမှုအရ ငှက်ပျောသီးဟာ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ကာ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပြီး အမျိုးသားမျိုးပွားမှုစနစ်ဆီကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ထိုသွေးလည်ပတ်မှုက လိင်စိတ်ဆန္ဒကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာပါတဲ့ မန်းဂနိစ့်နဲ့ မဂ္ဂနီဆီယမ်တွေဟာ ဆီးကျိတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး မျိုးပွားအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးပါတယ်။
သုတ်ပိုးအရေအတွက်ကို တိုးစေပါတယ်
Photo : SelfHack
ငှက်ပျောသီးမှာ ဗီတာမင် A၊ ဗီတာမင် B6 နဲ့ ဗီတာမင် C၊ ပိုတက်စီယမ်၊ နဲ့ Antioxidants တွေလို ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ ဗီတာမင် B6 (၀.၄) မီလီဂရမ်ပါဝင်ကာ အကြံပြုထားတဲ့ နေ့စဉ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ရှိပြီး ထိုပမာဏက သုတ်ပိုးအရေအတွက်နဲ့ ရွေ့လျားမှုအတွက် အလွန်ကောင်းမွန်တဲ့ အာဟာရတစ်ခု ဖြစ်ပါတယ်။
Libido ကို တိုးတက်စေပါတယ်
Photo : Verywell Family
Libido ကတော့ လူတစ်ဦးရဲ့ အလုံးစုံသော လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒဖြစ်ပါတယ်။ အမျိုးသားတို့ အနေနဲ့ Libido လျော့နည်းခြင်း အကြောင်းအရာများစွာ ရှိပြီး ဥပမာအားဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ အချို့သောဆေးဝါးများ (စိတ်ကျရောဂါ နှင့် သွေးတိုးကျဆေးများ)၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် Testosterone ပမာဏနည်းပါးခြင်းစသည့် ရိုးရှင်းသောအချက်များ ဖြစ်ပါတယ်။ Libido လျော့ပါးခြင်းကြောင့် အမျိုးသားများအနေနဲ့ အိပ်ရာပေါ်မှာ ကောင်းစွာ မလုပ်ဆောင်နိုင်ပါဘူး။ သို့သော်လည်း ငှက်ပျောသီးစားခြင်းက ဒီပြဿနာကို အထောက်အလျောက် ကူညီပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ အဓိက အာဟာရဖြစ်တဲ့ ပိုတက်စီယမ်က အမျိုးသားလိင်ဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး Libido ကို တိုးတက်စေပါတယ်။
ငှက်ပျောသီး စားခြင်းက အမျိုးသားများ အတွက်သာမက အမျိုးသမီးများအတွက်ပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ကို ကောင်းမွန်စေတာ၊ ကိုယ်အလေးချိန် ကျစေဖို့ အထောက်အပံ့ဖြစ်တာ၊ နှလုံးကျန်းမာရေး၊ ကျောက်ကပ် ကျန်းမာရေးကို အထောက်အကူပြုတာ စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာကိုလည်း ရရှိနိုင်ပါတယ်။
Source : Marham
Featured Photo : Eat This, Not That