သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာ၊ နားလည်မှုတို့အပြင် လိင်မှုကိစ္စ ကလည်း အရေးပါပါတယ်။ အမျိုးသားတစ်ယောက် အတွက် မိမိကိုယ်တိုင်အတွက်ရော ၊ မိမိရဲ့လက်တွဲဖော်အတွက်ပါ အိမ်ထောင်ရေးသုခနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့လည်း ပြောလို့ရပါတယ်။ ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အမျိုးသားများ အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ နည်းလမ်းများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) ‌လေ့ကျင့်ခန်းလုပ်ခြင်း

အမျိုးသားများ လိင်ပိုင်းဆိုင်ရာ

Photo : Sunny Health and Fitness

လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက်သာမ အမျိုးသားများ အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ “တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုနိုင်တယ်” လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ လိင်ဆက်ဆံခြင်းက ကွီးတို့ရဲ့ နှလုံးခုန်နှုန်းကို တိုးစေပါတယ်။ သို့သော်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို အထောက်အကူဖြစ်စေသော နှလုံးရဲ့လုပ်ဆောင်ချက်ကို ထိန်းသိမ်းပေးနိုင်တယ် လို့ဆိုပါတယ်။

ကွီးတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများမှာ Plank ထောက်ခြင်း၊ ရေကူးခြင်း၊ ယောဂ Pose အချို့နဲ့ ထိုက်ချိ စသည်တို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုတာကြောင့် အချိန်ပေးပြီး လုပ်ဆောင်သင့်ပါတယ်။

(၂) စိတ်ဖိစီးမှုကို လျှော့ချပါ

အမျိုးသားများ လိင်ပိုင်းဆိုင်ရာ

Photo : Verywell Mind

ယနေ့ခေတ်မှာ လူတော်တော်များများဟာ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူနေမှုဘဝကနေ စိတ်ဖိစီးမှုတွေ ရနေကြပါတယ်။ စိတ်ဖိစီးမှုက ကွီးတို့အတွက် ဘက်ပေါင်းစုံကနေ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုက Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံ လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကိုလည်း ထိခိုက်စေပါတယ်။ ထို့အပြင် စိတ်ဖိစီးမှု (Stress) က ကွီးတို့ရဲ့နှလုံးခုန်နှုန်း (ကျန်းမာရေးနှင့် မညီညွတ်သောနည်းဖြင့်) နှင့် သွေးဖိအားကို တိုးစေပါတယ်။ ထိုနှစ်မျိုးလုံးက လိင်ဆန္ဒနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေပါသည်။

စိတ်ဖိစိးမှုများက ခံစားမှု အထွတ်အထိပ် (Orgasm) ကို ရောက်ရှိရန်ဖို့ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ ကူညီပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကွီးတို့ရဲ့စိတ်ဖိစီးမှုတွေအကြောင်း လက်တွဲဖော်နဲ့ စကားပြောခြင်းက ကွီးတို့ရဲ့ ဆက်ဆံရေးကို အားကောင်းစေပြီး တစ်ချိန်တည်းမှာ စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။

(၃) တစ်ကိုယ်ရည် အာသာဖြေပါ

အမျိုးသားများ လိင်ပိုင်းဆိုင်ရာ

Photo : Promescent

အိပ်ရာထဲမှာ ကွီးတို့လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ် ဆိုရင်တော့ အလေ့အကျင့်တစ်ခု လိုပါတယ်။ အလျင်စလို ကျော်ဖြတ်လိုက်လျှင် သို့မဟုတ် ပြီးမြောက်လိုက်လျှင် သင်ရော၊ လက်တွဲဖော်အတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်ပါဘူး။ ကြာလာရင် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည် အာသာဖြေပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကလည်း ကွီးတို့အတွက် ကြာရှည်ခံမှုကို တိုးတက်စေပါတယ်။ တစ်ကိုယ်ရည်အာသာဖြေနည်းက အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ အခက်အခဲ ကြုံနေလျှင် ကျွမ်းကျင်သူ သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်ရယူပါ။

(၄) Start-Stop နည်းလမ်းကို လေ့ကျင့်ပါ

better sex

Photo : Ask Men

လိင်ဆက်ဆံစဉ် သက်လုံကို ထိန်းသိမ်းခြင်းကလည်း သုတ်လွှတ်မြန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လိင်ဆက်ဆံမှုစတင်ပြီး အချိန်သိပ်မကြာခင်မှာ သုတ်လွှတ်ပါက၊ တစ်ကိုယ်ရည်အာသာဖြေနေစဉ်တွင် Start-Stop နည်းလမ်းကို လေ့ကျင့်ခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။

အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်ပေးခြင်းကို ရပ်တန့်ခြင်းက သုက်ထွက်ချင်စိတ်ကို အမြန်လျှော့ချနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးစေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားများ အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ နည်းလမ်းများ ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ကွီးတို့အတွက် ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိစေဖို့ အထောက်အကူပြုစေမှာ အသေအချာပါပဲ။

Source : Healthline

Featured Photo : Eat This, Not That