ကျန်းမာသော သန်စွမ်းသော အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် လိင်မှုကိစ္စမှာ တတ်ကြွတာက သဘာဝပါပဲ။ ကျန်းမာပြီး သာယာပျော်ရွှင်သော လိင်မှုဘဝကို ရရှိပိုင်ဆိုင်ခြင်းက လူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကျိုးရှိစေပါတယ်။ ကျန်းမာသော လိင်မှုဘဝကို ရရှိဖို့အတွက် ကွီးတို့အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေတင်သာမက ဘယ်လိုအချိန်မှာ လိင်ဆက်ဆံမှု မပြုလုပ်သင့်ဘူးလဲဆို သိရှိထားဖို့လည်း လိုပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ စကီလေးနဲ့ မချစ်ရ မဲ့ အချို့သော အခြေအနေ အချိန်အခါအချို့ကို ကြည့်လိုက်ရအောင်။

မူးယစ်စေတတ်သော အရာများ သောက်စားထားသော အချိန်

စကီလေးနဲ့ မချစ်ရ

Photo : The Mirror

ကွီးရော ကွီးရဲ့ ပါတနာတို့ နှစ်ယောက်စလုံး မူးယစ်စေတတ်သော အရာများ သောက်စားထားသော အချိန်မှာ နှစ်ယောက်သဘောတူညီမှု မရရှိဘဲ လိင်ဆက်ဆံမှု မပြုလုပ်သင့်ပါဘူး။ လူအများစုက ယမကာကဲ့သို့သော မူးယစ်စေတတ်တဲ့ အရာများရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့အချိန်မှာ အပြုအမူများကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်။

ပဋိပက္ခကို ရှောင်ရှားရန် လိင်ဆက်ဆံခြင်း

စကီလေးနဲ့ မချစ်ရ

Photo : Talkspace

လိင်ဆက်ဆံမှုက နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့ သာယာသော ခံစားမှုရရှိဖို့သာ ဖြစ်သင့်ပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့ အိမ်ထောင်ရေး သို့မဟုတ် Relationship ကို ထိန်းသိမ်းဖို့အတွက် ဖြစ်စေ၊ ပဋိပက္ခကို ရှောင်ရှားရန်အတွက်ဖြစ်စေ၊ ငြင်းခုန်မှုကို တားဆီးဖို့ စတဲ့အကြောင်းအရင်းတွေကြောင့် လိင်ဆက်ဆံမှုကို ပြုလုပ်တာ တကယ်ကို မမှန်ကန်ပါဘူး။ ဒီလို အကြောင်းတွေကြောင့် လိင်ဆက်ဆံမှုပြုလုပ်တာက နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် တစ်ဖက်သားက လိင်ဆက်ဆံမှုအပေါ် စိတ်မပါတဲ့အချိန် အတင်းအကျပ် တောင်းဆိုတာမျိုး၊ ရယူတာမျိုးလည်း မလုပ်သင့်ပါဘူး။

ကွီးတို့ ညီလေး နေမကောင်းတဲ့အခါ

စကီလေးနဲ့ မချစ်ရ

Photo : Body + Soul

နောက်ထပ် စကီလေးနဲ့ မချစ်ရ မဲ့ အချိန်တစ်ခုကတော့ ကွီးတို့ ညီလေးနေမကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း၊ လိင်အင်္ဂါနာကျင်ခြင်း ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သော လိင်တံကွေးကောက်ခြင်း၊ လိင်တံ သို့မဟုတ် လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း၊ သုတ်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်း စတဲ့ အချိန်တွေမှာ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ထားသင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် မူမမှန်ဖြစ်နေတဲ့အချိန်မှာ လိင်ဆက်ဆံမှုကို ပြုလုပ်မိပါက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများနဲ့ အခြားသော မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါတယ်။

အကာအကွယ်များ အဆင်သင့်မရှိတဲ့အချိန်

Photo : Times of India

ကွီးတို့ရေ အခြေအနေ အမျိုးမျိုးကြောင့် အကာအကွယ် (ကွန်ဒုံး) အဆင်သင့်မရှိတဲ့အချိန်မှာ လိင်ဆက်ဆံမှုကို မပြုလုပ်သင့်ပါဘူး။ ကွန်ဒုံး အသုံးမပြုဘဲ လိင်ဆက်ဆံမှုပြုလုပ်ပါက မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ (STDs) ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံး အသုံးပြုသင့်ပါတယ်။ သို့သော်လည်း ကွန်ဒုံး အသုံးပြုရာမှာ သက်တမ်းကုန်ဆုံးနေခြင်း၊ ကွန်ဒုံးများ ပေါက်ပြဲနေခြင်း ရှိမရှိ သေချာ စစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။

အခုဖော်ပြပေးလိုက်တဲ့ အချိန် သို့မဟုတ် အခြေအနေမျိုးတွေမှာ စကီလေးနဲ့ မချစ်မိဖို့ သတိပြုပါ ကွီးတို့။

Source : India Times

Featured Photo : All Pro Dad