လူသားတစ်ယောက်အနေနဲ့ မိမိဆန္ဒအရ ချစ်သူ သို့မဟုတ် အခြားသူ တစ်ဦးဦးနဲ့ ဖြစ်စေ ၊ တစ်ညတာအပျော်သဘောအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုများ ၊ ဆက်ဆံမှုများ ရှိတတ်ပါတယ်၊။ ဒါကြောင့် လိင်ဆက်ဆံခြင်းမှ အဓိကကူးစက်နိုင်တဲ့ STDs (Sexually Transmitted Diseases) လို့ခေါ်တဲ့ လိင် မှတစ်ဆင့် ကူးစက်သော ရောဂါများ အကြောင်းကိုလည်း ကွီးတို့အနေနဲ့ ဗဟုသုတ အနေနဲ့ သိရှိထားဖို့ လိုပါတယ်။

လိင် ရောဂါများ

Photo : Medium

လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါတွေက မွှားလိုကပ်ပါးပိုးကောင်တွေ ၊ ပရိုတိုဇိုးဝါးလို့ခေါ်တဲ့ ကပ်ပါးကောင်တွေ ၊ ဘတ်တီးရီးယားပိုးနဲ့ ဗိုင်းရပ်ပိုးတွေကြောင့် ဖြစ်ပေါ်လာပါတယ်။ အဲဒီရောဂါတွေရှိတဲ့သူတွေနဲ့ လိင်တူ / လိင်ကွဲ  လိင်ဆက်ဆံမှုကနေ ကူးစက်ခြင်း ဖြစ်ပါတယ်။ STDs ရောဂါအများစုက ကုသ၍ ရနိုင်ပါတယ်။ ဒီရောဂါတွေက ကုသနိုင်သော်လည်း မကုသဘဲထားရင် ပြင်းထန်သော ကျန်းမာရေး ပြဿနာများ သို့မဟုတ် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်ပါးလေးမှာ ကွီးတို့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးပညာအရ STDs လို့ခေါ်တဲ့ လိင် မှတစ်ဆင့် ကူးစက်သော ရောဂါများ အကြောင်းကို ပြောပြချင်ပါတယ်။

လိင် ရောဂါများ

Photo : Daily Star

Trichomoniasis သို့မဟုတ် “Trich” ရောဂါက Trichomonas vaginalis (ပရိုတိုဇိုးကပ်ပါးပိုး) ပိုးကြောင့် ဖြစ်ပါတယ်။ ဒီရောဂါက အဖြစ်များသော STD တစ်ခု ဖြစ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ပွေး ဝဲ ရှိသူ တွေနဲ့ လိင်ဆက်ဆံမိရင်လည်း ကူးစက်နိုင်ပါတယ်။

လိင် ရောဂါများ                                                                                                                                

Photo : Heta Skin

လိင်ဆက်ဆံခြင်းကနေ ရနိုင်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေက ကလိုင်မိုင်ဒီးယား၊ ဂနိုဆီးပူညောင်းကျနဲ့ ဆစ်ပလစ်ရောဂါ တို့ ဖြစ်ပါတယ်။ ထို့အပြင် လိင် ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကြွက်နို့ Human Papillomavirus (HPV)၊ ရေယုန် HSV သို့မဟုတ် Herpes Simplex Virus ၊ ထို့နောက် အဖြစ်များတဲ့ ခုခံအားကျဆင်းမှု ရောဂါ (AIDS) Acquired Immune Deficiency Syndrome (HIV)၊ အသဲရောင် ဘီ Hepatitis B စတဲ့ ရောဂါများ ရနိုင်ပါတယ်။

လိင် ရောဂါများ

Photo : Broadgate GP

အမျိုးသားများအနေနဲ့ လိင်တံမှ အရည်ထွက်တာ ၊ လိင်တံ သို့မဟုတ် စအိုအနီးတွင် အဖုအကြိတ်များတွေ့တာ ၊ ကြွက်နို့များ သို့မဟုတ် အနာ ဖြစ်လာတာ ၊ နီမြန်းတာ ၊ ပြင်းထန်စွာ ယားယံတာ ၊ လိင်တံ သို့မဟုတ် စအိုအနီးတွင် နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းတာတွေ ဖြစ်လာရင် တော့ ဆေးကုသမှု ခံယူဖို့ လိုပါတယ်။ ဒါ့အပြင် အသားဝါခြင်း (မျက်လုံး /အရေပြား) ၊ ချမ်းတုန်ခြင်း ၊ ဖျားခြင်း ၊ ကိုက်ခဲနာကျင်ခြင်း ၊ ကိုယ်အလေးချိန်ကျခြင်း ၊ ဝမ်းပျက်တာ ၊ ညဘက် ချွေးပြန်တာ ၊ လည်ချောင်းနာခြင်း သို့မဟုတ် ခံတွင်းအနာ ဖြစ်ခြင်းလက္ခဏာတွေက လိင်ဆက်ဆံခြင်းကနေ ရနိုင်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ သတိပြုရမှာက ဒီလက္ခဏာတွေက လူတိုင်းမှာ ပေါ်ချင်မှ ပေါ်ပြီး ငုတ်နေတတ်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ ယေဘူယျ လက္ခဏာတွေဟာ လိင်ဆက်ဆံပြီးနောက် ရက်သတ္တပတ်အတွင်း တွေ့ရှိမယ်ဆိုရင် ကွီးတို့အနေနဲ့ အမြန်ဆုံး ဆေးဘက်ဆရာဝန်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။

STDs ကို ဘယ်လိုကာကွယ်မလဲ

STD

Photo : BBC

ကွီးတို့အတွက် အမှန်ကန်ဆုံး ကာကွယ်နည်းကတော့ အကာအကွယ်မဲ့ လိင်တူ ၊ လိင်ကွဲ လိင်ဆက်ဆံခြင်း လုံးဝ ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ လူကျင့်ဝတ်အရ ကွီးတို့အနေနဲ့ တစ်လင်တစ်မယားစနစ်ကို လိုက်နာခြင်းက အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ဘဝရဲ့ တစ်ချိန်ချိန်မှာ အခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှု ပြုလုပ်မိနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတော့မယ်ဆိုရင် ပိုပြီး လုံခြုံတဲ့လိင်ဆက်ဆံခြင်းက STD ကူးစက်ခံရခြင်းမှ ရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံမှု

STD

Photo : Tel-Jeunes

ဆေးပညာအရ “ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံမှု အပြုအမူတွေကို လေ့ကျင့်ဖို့က အဓိကကျပါတယ်” လို့ ပညာရှင်များက အကြံပြုထားပါတယ်။ လိင်ဆက်ဆံမှု ကြိမ်ရေ များလေ ရောဂါကူးစက်နိုင်ခြေ များလေ ဖြစ်ပါတယ်။ ဒါကြောင့် လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ပါ။ အရည်အသွေးမှန်ကန်တဲ့ အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။ သဘာဝလွန်ပုံစံတွေ ဖြစ်တဲ့ ပါးစပ်ဖြင့်ဆက်ဆံခြင်း ၊ စအိုဖြင့် လိင်ဆက်ဆံ ခြင်းက ရောဂါကူးစက်မှု ပိုများကြောင်း သိထားပါ။ အချို့သော လိင်ဆက်ဆံခြင်းမှ ကူးစက်ရောဂါ တွေအတွက် ကာကွယ်ဆေးတွေ ပေါ်လာပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပါ။ HPV သို့မဟုတ် အသည်း ရောင် အသားဝါ ဘီ ကာကွယ်ဆေးထိုးသင့် မသင့် ဆရာဝန်နှင့် ဆွေးနွေးပါ။ လိင်ဖျော်ဖြေရေး ဆီလီကွန်အရုပ်များသည်လည်း လိင်ကူးစက်ရောဂါရနိုင်ကြောင်း သတိပြုပါ။

ကျန်းမာရေး စစ်ဆေးပါ

STD

Photo : Darin Wehyrich, MD

အကယ်၍ ကွီးအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် (၂) ဦးလုံး STDs စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရောဂါရှာဖွေ မတွေ့ရှိဘဲနှင့် မကုသရသေးသော STDs ရောဂါတွေက မျိုးမပွားနိုင်တာ ၊ အာရုံကြော ဆိုင်ရာပျက်စီးတာ ၊ ကင်ဆာရောဂါလို အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာ များစွာကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ပါ

STD

Photo : India Legal

ကွီးတို့ရေ အေအိုင်ဒီအက်စ်လို လိင်မှတဆင့်ကူးစက်ရောဂါတွေက လိင်လုပ်သားတွေ ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကနေ တဆင့်ကူးစက်ပြန့်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို အထူးရှောင်ပါ။

လူမှုရေးနဲ့ စီးပွားရေးဘဝကိုပါ ထိခိုက်နစ်နာစေတဲ့ လိင်မှဆင့်ကူးစက်နိုင်တဲ့ STDs ရောဂါ မ‌ဖြစ်ဖို့ လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်နိုင်‌အောင် သို့မဟုတ် ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုကို ကျင့်သုံးနိုင်အောင် ကွီးတို့သိထားသင့်တဲ့ လိင် က တစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ကိုတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Source : CDC

Featured Photo : Lashkar