ကွီးတို့ စကီလေး က ကွီးမှ ကွီးပဲ တမ်းတမ်းစွဲ ဖြစ်နေစေချင်တယ်ဆိုရင် သူ(မ) ကြိုက်တတ်တဲ့အရာလေးတွေနဲ့ သူ(မ)ရဲ့ နှလုံးသားကို ချုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ပုံမှန်အချိန်တွေမှာလည်း သူ(မ)ကို ဂရုစိုက် အလေးပေးဖို့ လိုအပ်သလို နှစ်ယောက်သား ဖဲမွေ့ယာထက်မှာ နှစ်ပါးသား ကနေချိန်မှာလည်း သူ(မ)ကို အလိုလိုက် အကြိုက်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ စကီလေး က ကွီးတို့ကို တမ်းတမ်းစွဲ ချစ်မြတ်နိုးနေမှာ ဖြစ်ပါတယ်။

ကွီးတို့ စကီလေးကို ဘယ်လိုမျိုး အလိုလိုက်ကာ အကြိုက်ဆောင်ပေးရမလဲဆိုတာကို မသိဘူးဆိုရင်တော့ အခုဖော်ပြေပေးမယ့် နည်းလမ်းတွေကနေတဆင့် ပညာယူလိုက်တော့ ညိုကီ။

သူ(မ) စိတ်ပါလာအောင် ဆွဲဆောင်ပါ

စိတ်ပါလာ

ကိုယ့်ဘက်က စိတ်ပါနေပေမယ့် သူ(မ) ဘက်က စိတ်မပါတဲ့အခါ နှစ်ဦးသားစလုံး စိတ်ကျေနပ် ပျော်ရွှင်ကြည်နူးမှုကို ခံစားရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိစ္စကြီးတစ်ခုလုံး မစတင်ခင်မှာ Foreplay ပြုလုပ်ကာ သူ(မ)ကို စိတ်ပါလာအောင် ဆွဲဆောင်ရမှာပဲ ဖြစ်ပါတယ်။​ အမျိုးသမီးတွေသည်လည်း တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ခြင်း၊ စိတ်ပါလာတဲ့ အနေအထားခြင်းလည်း မတူညီကြပါဘူး။ တချို့ကလည်း Dirty Talk လေးတွေ ပြောတဲ့အခါ စိတ်ပါလာပြီး အချို့ကလည်း အထိအတွေ့ ပြုလုပ်ပေးတဲ့အခါ စိတ်ပါလာတတ်ကြပါတယ်။ သူ(မ) စိတ်ပါလာမှသာ နှစ်ယောက်သား အတူတူ ဆက်လက်ချီတက်နိုင်ပါပြီ။

ချက်ချင်း အိပ်ပျော်မသွားပါနဲ့

စကီလေး တမ်းတမ်းစွဲ

Photo: Nypost

ကိစ္စဝိစ္စတွေ ပြီးသွားတဲ့အခါ အိပ်မောကျသွားခြင်းသည် ကောင်းတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်တို့ နှစ်ဦးကြားမှာ လုံခြုံမှု၊ သက်သောင့်သက်သာရှိမှုတို့ကို ခံစားရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် သင်သည် သင့်ရဲ့ လက်တွဲဖော်ကို အပိုင်တွက်ထားတဲ့သဘော ရောက်သွားပါတယ်။ ဒါ့ကြောင့် ကိစ္စတွေ ပြီးသွားတာနဲ့ ချက်ချင်းကြီး မအိပ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားကာ ကြင်ကြင်နာနာ စကားပြောပြီး တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ အတူတူ အိပ်ပျော်သွားကြမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

ကွီးတို့ ကျန်းမာရေးသည်လည်း အဓိကကျပါတယ်

စကီလေး တမ်းတမ်းစွဲ

ကွီးတို့ကတော့ သင်ယူလေ့လာထားတဲ့ သိုင်းကွက်မျိုးစုံကို ထုတ်သုံးချင်ကြမှာပါပဲ။ ဒါပေမဲ့ ကွီးတို့ ညီလေးက အနံ့အသက် မကောင်းရင်တော့ ကွီးတို့ ကောင်မလေးက ပြုစုယုယပေးချင်စိတ် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမွှေးထူထပ်နေရင်လည်း ရိတ်သင့်တန် ရိတ်ပေးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရေချိုးတဲ့အခါမှာလည်း Private Area တစ်ဝိုက်ကို သေသေချာချာ သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိစ္စတွေ အားလုံး ပြီးသွားတဲ့အခါမှာလည်း သန့်ရှင်းရေး ပြန်လည် ပြုလုပ်ဖို့ လိုအပ်ပြန်ပါတယ်။

တစ်ကိုယ်ကောင်း မဆန်ပါနဲ့

စကီလေး တမ်းတမ်းစွဲ

ကွီးတို့ရဲ့ စကီလေး က ကွီးတို့ကို တမ်းတမ်းစွဲ နေအောင် ဘယ်လိုလုပ်ရ၎လဲ သိချင်ရင် လွယ်လွယ်လေးပါပဲ။ နှစ်ပါးသွားကနေချိန်မျာ ကိုယ် လိုချင်တဲ့အရာထက် သူ(မ) ဖြစ်ချင်တဲ့အရာကို ဦးစားပေးလိုက်ပါ။ သူ(မ)က ဘယ်လိုအရာတွေကို ကြိုက်နှစ်သက်တတ်သလဲ။ ဥပမာ – မီးရောင် မှိန်ဖျော့ဖျော့လေးကို နှစ်သက်တာလား၊ ဒါမှမဟုတ် ကုတင်ရဲ့ ညာဘက်စွန်းမှာ နေရတာ ကြိုက်တာလား၊ ညင်ညင်သာသာလေးကိုပဲ​ ကြိုက်တာလား၊ အကြမ်းပတမ်းတွေကိုမှ သဘောကျတာလား အစရှိသဖြင့် ကိုယ့်ဘက်က သူ(မ)အကြိုက်တွေကို သိရှိအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒါမှသာ သူ(မ)က ထိုအရသာကို နှစ်ခြိုက်သဘောတွေ့မှာဖြစ်ပြီး ထပ်တလဲလဲ တောင်းဆိုနေမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ပညာစုံသွားသင့်သလောက် စုံသွားပြီလို့ မျှော်လင့်ပါတယ်။ ကွီးတို့ သိထားတဲ့ ပညာတွေ ရှိသေးရင်လည်း တခြားဘော်ဒါတွေအတွက် ဝေမျှပေးခဲ့ပါဦး။​

Source: Lovepanky