ရုပ်ရှင်ချစ်သူတို့အနေနဲ့ စက်တင်ဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများကို စောင့်စားနေကြမယ် ထင်ပါတယ်။ တစ်ရက်တာလုံး ပင်ပန်းသမျှတွေကို ရုပ်ရှင်ဇာတ်ကားများကြည့်ရှုရင်း အပန်းဖြေချင်တဲ့ ကွီးတို့အတွက် စက်တင်ဘာ လမှာ ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများကို မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ချစ်သူများအားလုံးလည်း အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

The Lord Of The Rings: The Ring Of Power

စက်တင်ဘာ ဇာတ်ကား

Photo: Tretas do Cromo

The Lord Of The Rings စီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူများအတွက် နောက်ထပ် ကြည့်ရှုစရာ ဇာတ်ကားကောင်းတစ်ကား ထပ်မံထွက်ရှိလာခဲ့ပြန်ပါပြီ။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းတင်ဆက်ပုံအရ The Hobbit And The Lord Of The Rings မတိုင်ခင်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလတုန်းက တိုင်းပြည်များ တစ်ခုနှင့်တစ်ခု အာဏာပြိုင်ကာ တိုက်ခိုက်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ကွီးတို့စိတ်ဝင်စားတယ်ဆိုရင် စက်တင်ဘာ လ ၂ ရက်နေ့ မထွက်ခင်မှာ ဇာတ်ကား အမြည်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါ။

Source: Prime Video

Gigi & Nate

Nate Gibson ဆိုတဲ့ လူငယ်လေးသည် ကျောက်အစွန်းတစ်နေရာကနေ ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်တဲ့နောက်မှာ မတော်တဆဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့ပါတယ်။ လက်တွေကလည်း အကြောသေသွားပြီး အရင်လို ကောင်းစွာ မလှုပ်ရှားနိုင်တော့ပါဘူး။ သူ့အသက် ၁၈ နှစ်အရွယ်ကတည်းက ထိုကဲ့သို့ ခံစားရတဲ့အခါ သူသည် မျှော်လင့်ချက်တွေ မဲ့လာပြီး ဘဝကြီးမှာ ရှင်သန်နေထိုင်ရတာ အထီးကျန်ဆန်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်ရက်မှာတော့ Gigi လို့ခေါ်တဲ့ မျောက်ကလေးနဲ့ အကြောင်းဆုံလာပါတော့တယ်။

Nate ရဲ့ အမေက Nate ရဲ့ တစ်နေ့တာလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အကူအညီပေးမယ့် လေ့ကျင့်ပြီးသားတိရိစ္ဆာန်လေးတစ်ကောင်ကို ဝယ်ယူခဲ့တာပါ။ ဒီလိုနဲ့ပဲ Nate နဲ့ Gigi တို့အကြား ဘယ်လိုမျှော်လင့်ချက်လေးတွေ ဘယ်လိုသံယောဇဉ်လေးတွေ တွယ်လာမလဲဆိုတာကို ဇာတ်ကားလေး ကြည့်ရှုရင်း အဖြေရှာကြည့်နိုင်ပါတယ်။

Source: Movie Coverage

One Way

ဒီဇာတ်ကားလေးကတော့ အက်ရှင်နှင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Freddy တစ်ယောက်သည် သူ့ရဲ့အရင်က ဓားပြတိုက်ဖော် တိုက်ဖက် သူဌေး Vic ထံမှ ဓားပြပြန်တိုက်ရင်း ရဲတွေလက်ထဲကနေ ဒဏ်ရာတွေနဲ့ ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရပါတယ်။ ထွက်ပြေးရင်းနဲ့ ဘတ်စ်ကားတစ်စီးပေါ် စီးရင်း သူ့ရဲ့အဖေနှင့် သူ့ရဲ့ဇနီးဟောင်းတို့ထံ ဖုန်းဆက်ကာ သူဒုက္ခရောက်နေကြောင်း အကူအညီလှမ်းတောင်းပါတယ်။ တကယ်လို့ သူ့ကို Vic နှင့် သူ့လူတွေသာ အရင်ဦးဆုံး ရှာတွေ့သွားမယ်ဆိုရင် သူ သေသွားရမှာပါပဲ။ Freddy တစ်ယောက် နောက်ဆုံးမှာ ဘယ်လိုဆက်ဖြစ်မလဲ။

Source: Movie Trailers Source

Tiny Cinema

ဒီဇာတ်ကားလေးကတော့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းနှင့် ဟာသတို့ကို ပေါင်းစပ်ကာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အပြိုင်စကြာဝဠာတွေထဲမှာ အဖြေတွေရှာရင်း သေဆုံးခြင်း၊ မွေးဖွားခြင်းတို့ကို အဖြေထုတ်ကာ အသက်ရှင်အောင် ကြိုးစားကြရတဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။

Source: Movie Trailers Source

Waiting for Bojangles

ဒရာမာနှင့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Gary ဆိုတဲ့ကောင်ကလေးသည် သူ့မိဘတွေနဲ့အတူ ပါရီမြို့ထဲက တိုက်ခန်းလေးတစ်ခန်းမှာ အတူတူနေကြတာပါ။ သူ့ရဲ့မိဘတွေက တစ်ယောက်ကို တစ်ယောက်ချစ်ခင်ကြင်နာကြပြီး ညဘက်ဆိုရင်လည်း သူတို့ရဲ့အကြိုက်ဆုံးသီချင်းဖြစ်တဲ့ Mr. Bojangles ဆိုတဲ့သီချင်းလေးနဲ့ ကလေ့ရှိကြပါတယ်။ သို့သော် Gary ရဲ့ အမေသည် ကျန်းမာရေးချို့တဲ့လာတဲ့နောက်မှာ ပျော်စရာကောင်းတဲ့ မိသားစုကလေးသည် ဝမ်းနည်းစရာများနှင့် ပြည့်နှက်လာခဲ့ပါတော့တယ်။

Source: Rotten Tomatoes Indie

Pinocchio

ပီနိုကရူ ကာတွန်းကားလေးကို ကွီးတို့ငယ်စဉ်ကလေးဘဝတုန်းက ကြိုက်နှစ်သက်ကြမှာပါ။ ဒီတစ်ခါမှာတော့ ကာတွန်းဗားရှင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဗားရှင်းအသစ်လေးကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။

Source: Rotten Tomatoes Indie

Avatar 2: The Way Of Water

Avatar ရဲ့ ပထမဆုံး ဇာတ်ကားသည်လည်း ပရိသတ်များအကြား အကြိုက်တွေ့ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း The Way Of Water ဆိုတဲ့ အပိုင်းဆက်လေး ထပ်မံထွက်ရှိလာခဲ့ပြန်ပါပြီ။ ဒီဇာတ်ကားကိုလည်း ပရိသတ်များအားလုံး အကြိုက်တွေ့ကြဦးမှာဖြစ်ပါတယ်။

Source: ONE Media

Section 8

သူ့ရဲ့မိန်းမနှင့် ကလေးတို့ရဲ့ အသတ်ခံရမှုကို ပြန်လည်လက်တုန့်ပြန်ပြီးတဲ့နောက်မှာတော့ စစ်သားဟောင်းတစ်ယောက်သည် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အချခံလိုက်ရပါတယ်။ တစ်ရက်မှာတော့ အစိုးရက လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သူ့ကို အလုပ်တာဝန် လုပ်ဆောင်ဖို့ ပေးအပ်လိုက်ပါတယ်။ သို့သော် သူထင်ထားသလို သူ့ရဲ့တာဝန်က ရိုးရှင်းမနေခဲ့ပါဘူး။

Source: Movie Trailers Source

Lou

မုန်တိုင်းတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ ညတစ်ညမှာ ကလေးမလေးတစ်ယောက်သည် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြန်ပေးဆွဲခံလိုက်ရတဲ့ သမီးကို ပြန်ရှာဖို့အတွက် အမေဖြစ်သူသည် သူ့ရဲ့ထူးဆန်းတဲ့ အိမ်နီးချင်းကို အကူအညီသွားတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ သူတို့ရဲ့ အတိတ်ကအကြောင်းတွေ၊ လျှို့ဝှက်ချက်တွေ ပေါ်လာပါတော့တယ်။

နောက်ဆုံးမှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုရင်းနဲ့ အဖြေရှာလိုက်ပါ။

Source: JoBlo Top Trailers

ဒီဇာတ်ကားလေးတွေကတော့ စက်တင်ဘာ လအတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်တွေပဲ ဖြစ်ပါတယ်။