တေးသီချင်းများ နားဆင်ခံစားခြင်းသည် စိတ်ခံစားချက်များကို ကောင်းမွန်လာစေပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပါတယ်။ နှလုံးကျန်းမာရေးကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ သုတေသန လေ့လာချက်များအရ သီချင်းနားထောင်နေစဥ်မှာ သွေးလှည့်ပတ်မှုသည် ပိုမိုလွယ်ကူစေနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း မိမိအားလပ်ချိန်တွေမှာ သီချင်းနားထောင်ရင်း အချိန်ကုန်ဆုံးသင့်တာဖြစ်ပါတယ်။ သီချင်းနားထောင်တဲ့အခါမှာလည်း သီချင်းအဟောင်းတွေချည်းပဲ ထပ်တလဲလဲ နားထောင်ရတာ ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။ ဒါ့ကြောင့် သီချင်းချစ်သူများအနေနဲ့ စက်တင်ဘာ လထွက် သီချင်း သစ်များကိုလည်း နားဆင်ခံစားကြည်သင့်ပါတယ်။

စက်တင်ဘာ သီချင်း

Photo: iStockphoto

စက်တင်ဘာ လအတွင်း လူကြိုက်များနေတဲ့ သီချင်း ကောင်း၊ သီချင်းသစ်များလည်း အများအပြားရှိပါတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံးနဲ့ Hit အဖြစ်ဆုံး ဖြစ်နေတဲ့ သီချင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

You Proof – Morgan Wallen

Source: Morgan Wallern

ဒီသီချင်းလေးကတော့ ယခုလအတွင်း လူကြိုက်အများဆုံး သီချင်း (၁၀) ပုဒ်ထဲက နံပါတ် (၁၀) နေရာမှာ ရပ်တည်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းစာသာလေးများက အဓိပ္ပာယ်ရှိပြီး နားထဲ စွဲကျန်နေခဲ့တဲ့အထိ နားဆင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၉) Running Up That Hill – Kate Bush

Source: KateBushMusic

ဒီသီချင်းလေးကတော့ လတ်တလောမှာ ပြန်လည်နာမည်ကြီးလာတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်၊ သြဂုတ်လ၊ ၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပေမယ့် ဘာ့ကြောင့် နာမည်ပြန်ကြီးလာရသလဲ။

Stranger Things Season 4 ထဲမှာ ထိုသီချင်းလေးကို ဇာတ်ဝင်တေးသီချင်းအဖြစ် ထည့်ထားတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်ဖန်ပြန်လည်ကာ လူကြိုက်များလာတာဖြစ်ပါတယ်။

(၈) I Ain’t Worried – OneRepublic

Source: OneRepublic

ဒီသီချင်းလေးကတော့ လတ်တလောမှာ ရေပန်းစားနေတဲ့ အမိုက်စား ဇာတ်ကားတစ်ကားဖြစ်တဲ့ Top Gun: Maverick ဆိုတဲ့ ဇာတ်ကားထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ပြဿနာများ ဘယ်လောက်များများ ကြုံတွေ့နေရပါစေ စိတ်ပူမနေဘူးဆိုပြီး စိတ်ခွန်အားရအောင် သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၇) Super Freaky Girl – Nicki Minaj

Source: Nicki Minaj

သီချင်းချစ်သူပရိသတ်တွေထဲမှာ Nicki Minaj ရဲ့ ဖန်တွေ ပါပါသလား။ ဒါဆိုရင်တော့ ဒီသီချင်းကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ပါတီပွဲများနဲ့ လိုက်ဖက်တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၆) I Like You – Post Malone & Doja Cat

Source: Post Malone

ဒီသီချင်းလေးကလည်း  Post Malone နဲ့ Doja Cat တို့ အတူတူ Collaborate လုပ်ကာ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဆိုတော်နှစ်လုံးရဲ့ အသံတွေက လိုက်ဖက်နေတာကို သီချင်း နားထောင်ကြည့်တဲ့အခါ ခံစားမှာြဖစ်ပါတယ်။ ဒါ့ကြောင့်လည်း စက်တင်ဘာ လအတွင်း လူကြိုက်အများဆုံး သီချင်း (၁၀) ပုဒ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

(၅) About Damn Time _ Lizzo

Source: Lizzo Music

ဒီသီချင်းလေးကတော့ စက်တင်ဘာ လအတွင်း လူကြိုက်အများဆုံး နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ သီချင်း လေးပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ ကခုန်လို့ကောင်းတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

(၄) Sunroof – Nicky Youre & Dazy

Source: Nicky Youre

သီချင်းမြူးမြူးလေးတွေကို နားဆင်ချင်တဲ့ ကွီးတို့ကတော့ ဒီသီချင်းလေးကို ရွေးချယ်နားဆင်နိုင်ပါတယ်။ ကိုယ် စိတ်ဝင်စားနေတဲ့သူ တစ်ယောက်ရဲ့အကြောင်းကို နေ့ရှိသရွေ့ ညရှိသရွေ့ အချိန်တိုင်း သတိရနေကြောင်း စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၃) Late Night Talking – Harry Styles

Source: Harry Styles

ဒီသီချင်းလေးကတော့ ကိုယ့်ရဲ့ရည်းစားဟောင်းနဲ့ ညဘက်တွေ အချိန်အကြာကြီးအထိ တီတီတာတာ စကားပြောကြတဲ့အချိန်လေးကို ပြန်ပြောင်းသတိရနေတာဖြစ်ပါတယ်။ ထိုအချိန်လေးတွေက သာယာချိုမြိန်ပြီး ရိုမန့်တစ်ဆန်ကြောင်း သီဆိုထားတာြဖစ်ပါတယ်။

(၂) Bad Habit – Steve Lacy

Source: Steve Lacy

ဒီသီချင်းကတော့ ဒုတိလ လူကြိုက်အများဆုံး သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Gimini Rights ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းလေးက အေးအေးလေးနဲ့ ဆွေးလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၁) As It Was – Harry Styles

Source: Harry Styles

နံပါတ် (၁) လူကြိုက်အများဆုံး သီချင်းလေးကတော့ Harry Styles ရဲ့ As It Was သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို Harry Styles ကိုယ်တိုင် ရေးသားခဲ့ပြီး သီချင်းထုတ်ဝေသူတွေဖြစ်တဲ့ Kid Harpoon နှင့် Tyler Johnson တို့လည်း တွဲဖက်ကာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ Harry’s House လို့ အမည်ရတဲ့ စတူဒီယို အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဧပြီလကတည်းက ထွက်ရှိခဲ့ပေမယ့် ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။

Featured Image: Koimoi