ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နည်းပညာအသစ်အဆန်းများကို အမြဲတမ်း တီထွင်နေကြပြီး စက်ရုပ် အသုံးပြုမှုသည်လည်း ထူးဆန်းတဲ့အရာတစ်ခုမဟုတ်တော့ပါဘူး။ အနာဂတ်တွင် လူသား လုပ်သားများနေရာမှာ စက်ရုပ် များ အစားထိုး အသုံးပြုကာ အလုပ် လုပ်ကိုင်လာကြတော့မယ်လို့လည်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါတယ်။
လူသား လုပ်သားများနေရာမှာ စက်ရုပ် များ အစားထိုးလာနိုင်ခြေရှိတဲ့ အလုပ် အကိုင်များကိုပါ တပါတည်း ခန့်မှန်းထားကြပါသေးတယ်။ ကွီးတို့အနေနဲ့ ထိုအလုပ်အကိုင်များကို သိပြီးတဲ့နောက်မှာ ပိုလို့တောင် အံ့သြသွားပါလိမ့်မယ်။
စက်ရုံ အလုပ်သမားများ

Photo: Top3dshop
စက်ရုံ အလုပ်ရုံများတွင် စက်ရုပ်များ အသုံးပြုကာ လုပ်ကိုင်နေကြခြင်းသည် ၁၉၅၀ နှောင်းပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ စက်ရုပ်များ အသုံးပြုလာမယ်ဆိုရင်တော့ ထိခိုက်မှု နည်းနည်းဖြင့် ကုန်ပစ္စည်းများကို အချိန်တိုအတွင်း လျင်မြန်စွာ ထုတ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ Rethink Robotics’ Baxter နှင့် Sawyer စက်ရုပ်များသည် မည်သူမဆို ထိန်းချုပ်လို့ရတဲ့ စက်ရုပ်တွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းချုပ်ဖို့အတွက် ကျွမ်းကျင် နည်းပညာရှင်များ မလိုအပ်တဲ့အတွက်ကြောင့် စက်ရုံ အလုပ်ရုံများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတော့မှာပဲဖြစ်ပါတယ်။
ကားမောင်းသမား

Photo: Automotiveplastics
ယခုခေတ်တွင် မောင်းသူမဲ့ ယာဥ်များကို တီထွင် ထုတ်လုပ်လာကြပြီး ကားကုမ္ပဏီတော်တော်များများသည်လည်း မောင်းသူမဲ့ ယာဥ်ကို စမ်းသပ်ထုတ်လုပ်ဖို့ရန်အတွက် ကြိုးပမ်းလာကြပါတယ်။ မောင်းသူမဲ့ ကားတွေ များပြားလာသည်နှင့်အမျှ လူသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည်လည်း ရှားပါးလာမှာကတော့ စိတ်မကောင်းစရာပါပဲ။
စစ်သားများ

Photo: BBC
ယနေ့ခေတ်တွင် နိုင်ငံအသီးသီးက စစ်တပ်များသည် ရွေ့လျားပျံသန်းနိုင်သည့် ဒရုန်းများ အသုံးပြုကာ စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် လူသားစစ်သားများနေရာမှာ အစားထိုးနိုင်မယ့် အတိုက်အခိုက် စက်ရုပ်စစ်သားများကိုလည်းပဲ မြေပြင်မှာ အသုံးပြုနိုင်အောင် တီထွင်နေကြဆဲဖြစ်ပါတယ်။ ထိုစက်ရုပ်များသည် လေးလံသော ပစ္စည်းများ သယ်ယူဖို့ရန်နှင့် လူသားစစ်သားများအား ကူညီရန်၊ စစ်မြေပြင်ကို လေ့လာစစ်ဆေးရန်၊ ရန်သူကို တိုက်ခိုက်ဖို့ရန်အတွက် နည်းပညာများ ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
သုတေသနပညာရှင်များ

Photo: Safetyandhealthmagazine
အချို့သော ဥပဒေရုံးများ၊ ကုမ္ပဏီများသည် လူသားလုပ်သားများနေရာမှာ E-Discovery ရှေ့နေများနှင့် သုတေသန စက်ရုပ်များကို အသုံးပြုနေပြီဖြစ်ပါတယ်။ ထိုစက်ရုပ်များသည် အချိန်တိုအတွင်းမှာ သိန်း သန်းချီတဲ့ စာမျက်နှာပေါင်းများစွာထဲက အဓိကကျသော Keywords စာလုံးများကို Scan ဖတ်ကာ အချက်အလက်များ ရှာဖွေ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ဆရာဝန်

Photo: Dailysabah
အချို့သော အခြေအနေမျိုးတွင် စက်ရုပ်များသည် ကျွမ်းကျင် ဆရာဝန်များနှင့် ဆေးလောက ပညာရှင်များကို ကူညီပေးလျာက်ရှိပါတယ်။ ရံဖန်ရံခါတွင် ခွဲစိတ်ခန်း ဝင်ရာတွင် စက်ရုပ်များကို အကူအဖြစ် အသုံးပြုကြပြီး တခါတရံတွင် ရောဂါများ ရှာဖွေ စစ်ဆေးခြင်း၊ လူနာ၏ ရောဂါ ရာဇဝင်နှင့် နောက်ခံ အချက်အလက်များကို မှတ်တမ်းပြုစုခြင်းနှင့် ပြန်လည်လေ့လာခြင်းတို့တွင် အသုံးပြုလျက်ရှိပါတယ်။ Watson လို့ အမည်ရတဲ့ စက်ရုပ်ကတော့ IBM ကွန်ပျူတာ အမျိုးအစားတစ်ခုဖြစ်ပြီး ဆေးသုတေသန ဖွံ့ဖြိုးမှု လုပ်ငန်းစဥ်များတွင် ကူညီပေးလျက်ရှိတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အလုပ်အကိုင်များသည် အနာဂတ်တွင် လူသားများအနေမှာ စက်ရုပ် များဖြင့် အစားထိုးလာကြမယ့် အလုပ် အကိုင်များပဲဖြစ်ပါတယ်။ အနာဂတ်မှာ စက်ရုပ်တွေကိုသာ အသုံးပြုမယ်ဆိုရင် လူသားမျိုးနွယ်တွေကရော ဘယ်လိုမျိုးဖြစ်သွားလိမ့်မလဲဆိုတာ ကွီးတို့ စူးစမ်းသိရှိချင်နေကြလောက်ရောပေါ့။
Source: Roboticsandautomationnews
Featured Image: Knowhow.distrelec
