ပူပူနွေးနွေး လက်ထပ်ထားတဲ့ ကြင်စဦး ဇနီးမောင်နှံတွေအနေနဲ့ ချိုမြိန်တဲ့ ဟန်းနီးမွန်း အချစ်ခရီးစဉ်လေးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သဘာဝရှုခင်းတွေရော မြို့ပြရဲ့ခမ်းနားမှုတွေနဲ့ပါ ပြည့်နှက်နေတဲ့ ကျွန်းနိုင်ငံငယ် စင်္ကာပူ ကို နံပါတ်တစ် ဦးစားပေး စဉ်းစားဖို့ အကြံပေးချင်ပါတယ်။ စင်္ကာပူနိုင်ငံဟာ ပျားရည်ဆမ်းခရီးအတွက် သွားရောက်လည်ပတ်စရာနေရာတွေ အများကြီးရှိတာကြောင့် ဒီကျွန်းနိုင်ငံလေးက လာရောက် အပန်းဖြေသူတိုင်းကို စိတ်မပျက်စေရမှာ အမှန်ပါ။ ကဲဒါဆို စင်္ကာပူကို ဟန်နီးမွန်းထွက် အပြတ်ရိုမယ့် စုံတွဲတွေ အတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတွေကို ညွှန်းပေးချင်ပါတယ်။
(၁) Changi Point Coastal Walk

Photo : Sipping Coconuts
ဒါကတော့ စင်္ကာပူကို ဟန်နီးမွန်း ခရီး သွားရောက်လည်ပတ်ဖြစ်ရင် သေချာပေါက် သွားသင့်တဲ့ ရိုမန်တစ်အဆန်ဆုံး နေရာတွေထဲက တစ်ခုပါပဲ။ Changi Point က ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပင်လယ်ကြီးရဲ့ အလှနဲ့ သဘာဝရှုခင်းတွေကြောင့် နာမည်ကြီးပါတယ်။ ချစ်ရသူနဲ့အတူ ရင်သပ်ရှုမောဖွယ် နေဝင်ဆည်းဆာအလှကို ခံစားရင်း စိမ်းစိုလှပတဲ့ သဘာဝတရားကြီးရဲ့ အံ့ဩဖွယ် ရှုခင်းတွေကြားမှာ နစ်မြောရင်း တစ်သက်မမေ့နိုင်စရာ အမှတ်တရများစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
(၂) Bukit Batok Town Park

Photo : Thrillophilia
Bukit Batok Town Park ကတော့ ကြင်စဦးဇနီးမောင်နှံတွေအတွက် ပြီးပြည့်စုံတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ဖန်တီးဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခုပါပဲ။ အဓိကအားဖြင့် သာယာလှပတဲ့ ရေကန်တွေ ၊ စိမ်းစိုလန်းဆန်းတဲ့ သဘာဝသစ်တောတွေနဲ့ လှပတဲ့ရှုခင်းတွေကြောင့် ဟန်းနီးမွန်း ထွက်မယ့် စုံတွဲတွေအတွက်သာမက သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့ ခရီးသွားချစ်သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲကတစ်ခု ဖြစ်ပါတယ်။
(၃) Jewel Box

စင်္ကာပူရဲ့ ရိုမန်တစ်အဆန်ဆုံး နေရာတွေအကြောင်း ပြောတဲ့အခါ Jewel Box ကတော့ မပါမဖြစ်ပါ။ စင်္ကာပူရဲ့ လှပတဲ့ ဆိပ်ကမ်းမြင်ကွင်းတွေနဲ့ တစ်မြို့လုံးရဲ့ လှပတဲ့ ရှုခင်းတွေကို တဝကြီး မြင်တွေ့ ခံစားနိုင်ဖို့ သဘာဝအတိုင်း ဖန်တီးထားတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ Mount Faber ပန်းခြံကို သွားရောက်လည်ပတ် နိုင်ပါတယ်။ ပန်းခြံကို ကေဘယ်လ်ကားလေးစီးပြီး သွားနိုင်သလို ချစ်ရသူနဲ့အတူ ရိုမန်တစ်ဆန်တဲ့ Dinner Date လေးလည်း လုပ်နိုင်ပါတယ်။
(၄) Marina Bay Sands

Photo : Veena World
ညနေခင်းအချိန်တွေမှာ ချစ်ရတဲ့ ပူပူနွေးနွေး ဇနီးချောလေးနဲ့ ရိုမန်တစ်အဆန်ဆုံး ဖြတ်သန်းချင်တယ်ဆိုရင်တော့ Marina Bay Sands ကို ရောက်အောင်သွားပါ။ ညနေခင်းမှာ ချစ်သူလေးနဲ့ လမ်းလျှောက်ထွက်ရင်း မြို့ပြရဲ့ခမ်းနားတဲ့ မြင်ကွင်းတွေကို ငေးမောခံစားရင်း စိတ်ရောကိုယ်ပါ အပန်းဖြေအနားယူနိုင်မှာ ဖြစ်ပါတယ်။ ဒါထက်ပိုပြီး ရင်ခုန်စရာအကောင်းဆုံး ဟန်နီးမွန်း ခရီးလေး ဖြစ်ဖို့ Marina Bay Sands ရဲ့ အပေါ်ဆုံးထက်က KU DÉ TA Club Lounge မှာ ရှန်ပိန်လေးတစ်ခွက်နဲ့ မျက်စိတဆုံး မျှော်မဆုံးနိုင်တဲ့ မီးရောင်စုံမြို့ပြရဲ့ 360 ဒီဂရီမြင်ကွင်းကို ငေးမောကြည့်ရင်း ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းနိုင်ပါတယ်။
(၅) Esplanade Roof Garden

Photo : Wikimedia Commons
စင်္ကာပူကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကြားမှာ ရေပန်းအစားဆုံး နေရာတွေထဲက တစ်ခုပါ။ မြို့ပြရဲ့ Panoramic View နဲ့ ခမ်းနားတဲ့ Marina Bay ကို ကြည့်ရှုခံစားရင်း ကောင်းကောင်း အနားယူ အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ Esplanade Roof Garden ဟာ စင်္ကာပူရဲ့ ဟန်းနီးမွန်း ထွက်စရာ နေရာတွေထဲက တစ်ခုဖြစ်ပြီး နေဝင်ချိန် ညခင်းဆည်းဆာကို ချစ်သူလေးနဲ့ အတူတူ ဖြတ်သန်းဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။
Source : Travel Triangle
Featured Photo : Kumavat Surbhi – Live Positively
