ကိုယ် ချစ်ရတဲ့သူနဲ့ နှစ်ယောက် တစ်ဘဝ တည်ထောင်ဖို့ ပြင်နေပါသလား။ မင်္ဂလာဆောင်ပြီးနောက် ပျားရည်ဆမ်း ခရီး ထွက်မယ့်နေရာအများအပြားထဲကမှ ရို မန့်တစ် အဆန်ဆုံး နေရာတွေကိုရော ရွေးချယ်ပြီးပါပြီလား။

မရွေးရသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နိုင်ငံများကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

(၁) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီ

honeymoon trip

အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဧပြီလနှင့် အောက်တိုဘာလအတွင်း သွားရောက်လည်ပတ်သင့်ပါတယ်။ လည်ပတ်စရာ နေရာအများအပြား ရှိတဲ့အတွက်ကြောင့် ကွီးတို့ ပျားရည်ဆမ်း ခရီးက ကျေနပ်ဖွယ်အတိ ပြီးနေမှာပါ။

(၂) မော်ဒိုက်

honeymoon trip

စုံတွဲတွေ တော်တော်များများက ပျားရည်ဆမ်း ခရီးထွက်မယ်ဆိုရင် ကမ်းခြေတွေဆီ အများဆုံး သွားလည်ကြပါတယ်။ ကမ်းခြေထဲမှာ နာမည်အကြီးဆုံးကတော့ မော်ဒိုက်ပဲဖြစ်ပါတယ်။ ပြာလဲ့လဲ့ ရေပြင်လေးကလည်း ခရီးသွားအများအပြားကို ဆွဲဆောင်လျက်ရှိပါတယ်။

(၃) ဂျပန်နိုင်ငံရှိ ကျိုတို

honeymoon trip

ဒီနေရာလေးကို သွားရောက်သင့်တဲ့ အကြောင်းအရင်းကတော့ ရှေးဟောင်း ဘုရားကျောင်းများနှင့် လှပတဲ့ သဘာဝ ပတ်ဝန်းကျင် အလှအပကြောင့်ပဲဖြစ်ပါတယ်။ ဂျပန်ရိုးရာ ကီမိုနိုလေး ဝတ်ပြီး ဓာတ်ပုံလေးတွေ ရိုက်ကာ လှပတဲ့ အခိုက်အတန့်လေးကို သိမ်းဆည်းထားလိုက်ပါ။

(၄) သီရိလင်္ကာရှိ Nuwara Eliya

honeymoon trip

သီရိလင်္ကာရှိ Nuwara Eliya ကို သွားရောက် လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလနှင့် သြဂုတ်လအတွင်းပဲ ဖြစ်ပါတယ်။ ထိုအချိန်တွေမှာဆိုရင် ရာသီဥတုက အင်မတန်မှကို သာယာ ကောင်းမွန်တဲ့အတွက်ကြောင့် တောင်ပေါ်တက်ပြီး လေညှင်းခံကာ လှပတဲ့ ရှုမျှော်ခင်းများကို ကြည့်ချင်ရင်တော့ ကွက်တိပါပဲ။

(၅) ကမ္ဘောဒီးယားနိုင်ငံရှိ Siem Reap

ပျားရည်ဆမ်း ရို

ဒီနေရာမှာတော့ သမိုင်းဝင် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အဆောက်အဦးများစွာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ရေပေါ် ရွာလေးလည်း ရှိတဲ့အတွက်ကြောင့် ထိုနေရာမှာ လှေကလေး စီးရင်း ကွီးတို့ နှစ်ဦးသား အပီအပြင် ရိုလို့ရပါသေးတယ်။

(၆) ဖိလစ်ပိုင်နိုင်ငံရှိ Palawan ကမ်းခြေ

ပျားရည်ဆမ်း ရို

ဒီကမ်းခြေကဆိုရင် ကမ္ဘာ့အကောင်းဆုံးနဲ့ အလှဆုံး ကမ်းခြေများထဲက တစ်ခုအဖြစ် မဲပေးခြင်း ခံထားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ယူနက်စကို သမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး ရေပေါ် ရေအောက် အားကစား မျိုးစုံကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

(၇) စင်ကာပူနိုင်ငံ

ပျားရည်ဆမ်း ရို

စင်ကာပူနိုင်ငံမှာလည်း လည်ပတ်လို့ကောင်းတဲ့ နေရာ အများအပြားရှိပါတယ်။ အခုဆိုရင် ဧပြီလဆိုတော့ ခရီးသွားလို့ ကောင်းတဲ့ အချိန်ဖြစ်နေပါပြီ။ ကွီးတို့က ဒီလအတွင်းမှာ ပျားရည်ဆမ်း ခရီးထွက်ဖို့ ပြင်နေရင်တော့ စင်ကာပူနိုင်ငံကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်။​

(၈) တောင်ကိုရီးယားရှိ ဆိုးလ်မြို့

ပျားရည်ဆမ်း ရို

ကိုရီးယားကားတွေ ကြည့်ပြီး တောင်ကိုရီးယား နိုင်ငံသို့ မသွားချင်ဘူးလား။ တောင်ကိုရီးယား နိုင်ငံဆီ သွားလည်သင့်တဲ့ အချိန်ကောင်း နှစ်ချိန်ရှိပါတယ်။ နွေဦးရာသီဖြစ်တဲ့ ဧပြီလနှင့် ဇွန်လအတွင်း၊ ဆောင်းရာသီဖြစ်တဲ့ စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်းက သွားရောက်လည်ပတ်လို့ အကောင်းဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။

(၉) ထိုင်းနိုင်ငံရှိ Koh Samui

ပျားရည်ဆမ်း ရို

ဒီနေရာလေးကို အခုအချိန် ပျားရည်ဆမ်း ခရီးထွက်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ နေပူဆာလည်း လှုံလို့ ရသလို ရေနဲ့ ပတ်သက်တဲ့ အားကစား ပေါင်းစုံကိုလည်း ပြုလုပ်နိုင်ပါတယ်။

(၁၀) မြန်မာနိုင်ငံရှိ ပုဂံ

ပျားရည်ဆမ်း ရို

ပုဂံကတော့ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ပါတယ်။ လေယာဥ်နဲ့ဆိုရင်တော့ ညောင်ဦးလေဆိပ်မှာ ဆင်းလို့ရပါတယ်။ ပုဂံသို့ ပျားရည်ဆမ်း ခရီးထွက်ပြီး ရို ချင်တယ်ဆိုရင်တော့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်းကတော့ သွားလာလို့ အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။​ ကျန်အချိန်တွေကတော့ နွေရာသီဆိုလည်း ပူတဲ့အပြင် မိုးရာသီကျပြန်တော့လည်း ခရီးထွက်လို့ မကောင်းလို့ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ပျားရည်ဆမ်းခရီးအတွက် ဘယ်နေရာတွေဆီ ခရီးထွက်ဖို့ ပြင်နေပါသလဲ။

Source: Traveloka

Featured Image: Mysuitcasejourneys.com