ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ပြန်လည် တာဝန်ယူနေရတဲ့ ဖရန့် လမ်းပတ် ကတော့ မနေ့ညက ဘာနေဗျူးမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ရီးယဲလ် မက်ဒရစ်ကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားရဦးမယ့် ဒုတိယအကျော့ ပွဲမှတော့ ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

frank

Photo Credit : Twitter

ချဲလ်ဆီးရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ချဲလ်ဆီးရဲ့ နည်းပြဟောင်း လမ်းပတ်က ချဲလ်ဆီးကနေ နည်းပြပေါ်တာကို ထုတ်ပယ်လိုက်ချိန်မှာ အသင်းဆီကို ဒီရာသီကုန်အထိ ယာယီကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခု သူ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် (၂)ပွဲအတွင်း (၂)ပွဲလုံး သွင်းဂိုးမဲ့နဲ့ ရှုံးနိမ့်ထားခဲ့ရပါတယ်။ လမ်းပတ် ကိုင်တွယ်ချိန်မှာလည်း ကစားသမားတွေရဲ့ performance ပိုင်းတွေ mental ပိုင်းတွေ ဘာမှ ပြောင်းလဲ တိုးတတ်လာခြင်း မရှိပဲ ပေါ်တာတုန်းကထက်ပင် ပို ရုန်းကန်လာရတာမျိုးကို မြင်တွေ့လာရပါတယ်။

frank vs carlo

Photo Credit : Twitter

တကယ်ဆို ရီးယဲလ်နဲ့ ပွဲစဉ်မှာ လမ်းပတ် ရဲ့ ပွဲအပေါ် ပြင်ဆင်လာမှုက မဆိုးဘူးလို့ ယူဆနိုင်ပေမယ့် ကစားသမား အများစုရဲ့ စွမ်းဆောင်ရည်တွေ လိုအပ်ချက် ရှိနေတာရော တစ်ဖက်အသင်းမှာလည်း ဘန်ဇီမာ ဗင်နီစီယပ်စ် မိုဒရစ်တို့လို ကွာလတီ တအားကောင်းတဲ့ ကစားသမားတွေ ယှဉ်ကစားဖို့ ခက်ခဲခဲ့ရပါတယ်။ ပိုဆိုးတာက (၄)မိနစ်တာအတွင်းမှာပဲ ကူလီဘလီ ဒဏ်ရာရသွားပြီး ချီဝဲလ်က တိုက်ရိုက် အနီကတ် ထိသွားခဲ့တာပါပဲ။ အဲ့ဒီ(၄)မိနစ်တာလေးက ချဲလ်ဆီးအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်သွားရပြီး (2-0) ဆိုတဲ့ ရလဒ်ဟာလည်း ဒုကျော့မှာ ပြန်လာဖို့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။

lampard fofana

Photo Credit : Twitter

ဒါပေမယ့် ဒီလို အခြေအနေမှာ နည်းပြလမ်းပတ်ကတော့ “ဒီရလဒ်က လက်တွေ့ဆန်တယ် ဆိုပေမယ့်လည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထူးခြားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ သူတို့က အရမ်းကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ယုံကြည်ထားရပါမယ်” လို့ ကြုံးဝါး ပြောဆိုထားပါတယ်။

Featured Photo : Twitter