ကွီးတို့ရဲ့ ဖက်ရှင် စတိုင်လ် ကို အခုထက်ပိုပြီး Level မမြင့်ချင်ဘူးလား။ တကယ်လို့ ကွီးတို့သာ အခုထက်ပိုပြီး ဖက်ရှင်ကို ပိုမို ပြင်ပြင်ဆင်ဆင် ဝတ်စားမယ်ဆိုရင်တော့ ကွီးတို့သည် ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်လာပြီး ကောင်မလေးတွေလည်း ဝိုင်းဝိုင်းလည်လာမှာပဲ ဖြစ်ပါတယ်။

ဘယ်လို အချက်လေးတွေက ကွီးတို့ရဲ့ ဖက်ရှင် စတိုင်လ် ကို Level မြင့်သွားဖို့အတွက် ကူညီပေးနိုင်မလဲဆိုတော့…

(၁) အနက်ရောင် ဖက်ရှင်စတိုင်လ်

အနက်ရောင် ဖက်ရှင်

ကွီးတို့က အနက်ရောင်ကို ကြိုက်နှစ်သက်တယ်ဆိုရင် အနက်ရောင် အခြေခံထားပြီး ရှပ်အင်္ကျီများ၊ ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်များနှင့် ဂျာကင်များကို Biker ဖက်ရှင်ကဲ့သို့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ဒါကတော့ တကယ်ကို အထာကျပြီး ဆွဲဆောင်မှုရှိကာ လေးနက်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

(၂) ဂျင်းဂျက်ကတ် ဖက်ရှင်နဲ့ ရှိုးထုတ်ပါ

စတိုင်လ် Level

ဂျင်းတွေက အကြမ်းခံပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ရုံသာမက ဘယ်တော့မှ ခေတ်နောက်ကျ မကျန်ခဲ့မယ့် စတိုင်လ်တစ်ခုပါ။ ကွီးတို့အနေနဲ့ ဂျင်းဂျတ်ကတ် တစ်ထည်ကို ကြိုက်နှစ်သက်ရာ ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပြီး အမိုက်စား Street Style ဖက်ရှင်နဲ့ ဂေါ်လို့ရပါပြီ။

(၃) ကွီးတို့ရဲ့ အိုင်လ်ဒေါ တစ်ယောက်ကို ရှာဖွေပါ

စတိုင်လ် Level

ကွီးတို့က ဘယ်မင်းသား (သို့) မော်ဒယ်ကို ကြိုက်နှစ်သက်သလဲ။ တစ်ယောက်ယောက်ကို ရွေးလိုက်ပါ။ ထို့နောက် သူ့ရဲ့ ဖက်ရှင်တွေကို လေ့လာကြည့်ပါ။ သူ ဘယ်လိုမျိုး ဝတ်ဆင်လေ့ရှိသလဲ။ သူ ဝတ်ဆင်တဲ့အတိုင်း ရွေးချယ် ဝတ်ဆင်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်က မင်းသား ရှုံးလောက်အောင်ကို ဖက်ရှင်ကျသွားမှာ အမှန်ပါပဲ။

(၄) တီရှပ်အပွနဲ့ ခပ်မိုက်မိုက် ရှိုးထုတ်ပါ

တီရှပ်အပွ

တီရှပ်အပွတွေကို ဖက်ရှင်ကျအောင် ဝတ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ ကွီးတို့မှာ ရှိတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တာပါပဲ။ဘယ်လောက်ကြီးတဲ့ တီရှပ်ပဲ ဖြစ်ပါစေ၊ ကွီးတို့ကို ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျစေပြီး လွတ်လပ်ပေါ့ပါးတဲ့ Day Time Looks ကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဒီလိုပူပြင်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဆိုလည်း မမှားပါဘူး။

(၅) ညှို့ငင်စွမ်းအားပြင်းတဲ့ အသွင် ဖန်တီးချင်တဲ့ ကွီးတို့အတွက်

စတိုင်လ် Level

လေးနက်ပြီး စူးရှတဲ့ အသွင်အပြင်ကို ဖန်တီးချင်တယ်ဆိုရင် အဖြူရောင်ရှပ်တစ်ထည်နဲ့ အဖြူရောင် ဘောင်းဘီရှည်တစ်ထည်ကို တွဲဖက်ဝတ်ဆင်လိုက်ရုံပါပဲ။ ဖိနပ်အညိုရောင် ရွေးချယ်ရင်တော့ ကွီးတို့ ဖက်ရှင်ကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်စတိုင်လ် အမိုက်စား ဖြစ်သွားအောင်လို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ရှိုးထုတ်လေ့ရှိပါသလဲ။

Source : Fashionbeans

Featured Photo : Mensflair