ပေါ့ပေါ့ပါးပါးနဲ့ Refreshing ဖြစ်တဲ့ ကော့လ်တေး ကိုညွှန်းပါဆိုရင် စတော်ဘယ်ရီ ဗော့ဒ်ကာ ကော့လ်တေးကို မြည်းစမ်းကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ သူ့ရဲအရသာက လတ်ဆတ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ စတော်ဘယ်ရီ ရနံ့ သင်းသင်းလေးမွှေးတဲ့ ကော့လ်တေး တစ်ခွက်ပါ။ နွေရာသီလို ကာလတွေနဲ့ အလိုက်ဖက်ဆုံးဆိုပေမယ့် ရာသီမရွေး သောက်လို့ အဆင်ပြေပါတယ်။

Photo : A Couple Cooks

စတော်ဘယ်ရီ ဗော့ဒ်ကာ ကော့လ်တေးကို ဗော့ဒ်ကာ ၊ စတော်ဘယ်ရီ Syrup ၊ Lime Juice ၊ Soda Water တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ ကော့လ်တေး ပြင်ဆင်ဖျော်စပ်နည်းကလည်း အရမ်းရိုးရှင်းလွယ်ကူတဲ့အတွက် အိမ်မှာ ကိုယ်တိုင်လုပ်သောက်လို့ အဆင်ပြေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။


Photo : A Couple Cooks

အရင်ဆုံး ဗော့ဒ်ကာ ၂ အောင်စ ၊ စတော်ဘယ်ရီ Syrup အောင်စဝက် ၊ Lime Juice အောင်စဝက်တို့ကို ဖန်ခွက်ထဲမှာ ရောထည့်ပါ။ Highball Glass လို ဖန်ခွက်အရှည်ကို သုံးရင်ပိုကောင်းပါတယ်။ ပြီးရင် ဖန်ခွက်ထဲကို ရေခဲအနည်းငယ်ရောထည့်ပြီး အပေါ်က Soda Water ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ နောက်ဆုံးအဆင့်အနေနဲ့က ဖျော်ရည်ကို ဖြည်းဖြည်းချင်းမွှေပေးပြီး စတော်ဘယ်ရီသီးစိပ်လေးတွေနဲ့ ပူစီနံရွက်အနည်း ငယ် အလှဆင်ပြီး အရသာရှိရှိ သုံးဆောင်လို့ ရပါပြီ။

Photo : Simply Recipes