Chi Chi ကော့တ်တေးကို  ဘယ်ခေတ်က စပြီး တီထွင်ခဲ့သလဲ မရပေမယ့် ဒီကော့တ်တေးဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အကြီးအကျယ်ထင်ပေါ် ကျော်ကြားမှု ရခဲ့ပါတယ်။ ဗော့ဒ်ကာ ၊ Coconut Cream နဲ့ Pineapple Juice တို့နဲ့ ဖော်စပ်ထားပြီး နွေရာသီရနံ့နဲ့ လတ်ဆတ်နေတဲ့ ကော့တ်တေးတစ်ခွက်ပါပဲ။

Chi Chi

Photo : Food

ဒီကော့တ်တေးမှာ အဓိကအရေးကြီးတာက Pineapple Juice ကောင်းကောင်း သုံးဖို့ပါပဲ။ အကောင်းဆုံးက ကိုယ်တိုင် ဈေးကနေ နာနတ်သီးတစ်လုံး ဝယ်ပြီး ဖျော်ရည်လုပ်ဖို့ ဖြစ်ပါတယ်။ သကြားနဲ့ တာရှည်ခံ လုံးလုံးမပါတဲ့ ၁၀၀% နာနတ်သီးဖျော်ရည်သန့်သန့်ပဲ သုံးဖို့ပါ။ ဒီကော့တ်တေးအတွက် ဗော့ဒ်ကာ ၁ ၁/၂ အောင်စ ၊ နာနတ်သီးဖျော်ရည် ၄ အောင်စ ၊ Coconut Cream ၁ အောင်စ ၊ နာနတ်သီးစိတ်တစ်စိတ်ပဲ လိုပါတယ်။

အဆင့်တစ်အနေနဲ့ ဗော့ဒ်ကာ ၊ Coconut Cream နဲ့ နာနတ်သီးဖျော်ရည်တွေကို Blender ထဲထည့်ပြီး ညက်သွားအောင် ချေပစ်ရမှာပါ။ ပြီးရင် ရေခဲတစ်ခွက်စာထည့်ထားတဲ့ Collins Glass ဖန်ခွက်ထဲ ထည့်ပြီး အပေါ်က ခွက်အနားမှာ နာနတ်သီးစိတ်လေး တပ်ထားရုံပဲ ဖြစ်ပါတယ်။

Featured Photo : Food