ငယ်စဥ်ကလေးဘဝကနေ တဖြည်းဖြည်း ကြီးပြင်းလာတဲ့အချိန်မှာ တချို့အရာတွေသည် ဘယ်သူမှ သင်ပေးစရာမလိုဘဲ အလိုလိုတတ်မြောက်လာတဲ့ ပညာရပ်တွေရှိပါတယ်။ အခုဖော်ပြပေးမယ့် စပယ်ရှယ် ပညာရပ် တွေသည်လည်း ကွီးတို့ကို ဘယ်သူမှ သင်ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် စာတွေဖတ်လိုက်၊ အတွေ့အကြုံ ယူလိုက်နဲ့ပဲ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဖခင်ဖြစ်သူ၊ အစ်ကိုဖြစ်သူတွေကလည်း မျက်နှာအပူခံပြီး သင်ကြားပေးမှာမဟုတ်ပါဘူး။ ဘယ်သူမှ မသင်ပေးလို့ဆိုပြီး ကိုယ်တိုင်က မလေ့လာလို့လည်း မရပြန်ပါဘူး။ ကိုယ်ကိုယ်တိုင်က သိထားမှသာလျှင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ရော၊ စိတ်ပျော်ရွှင်မှုအတွက်ပါ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ပြောရမ​ယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသည် Sex Education ပိုင်းမှာ အားနည်းနေတုန်းပါပဲ။ Sex Education ပိုင်းကို တော်တော်များများက လက်ခံလာပေမယ့် အမြင်ကျဥ်းမြောင်းနေသူတွေကလည်း ရှိနေဆဲပါပဲ။ အမြင်ကျဥ်းမြောင်းနေမယ်ဆိုရင်တော့ နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကိုယ်တိုင်ပဲ ရှင်းရမှာဟေ့ ကိုယ့်လူတို့ရေ။ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မခံစားချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် စပယ်ရှယ် ပညာရပ် များကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။

အတူတူနေပြီးသွားတဲ့အခါ သန့်စင်ခန်း အမြန်ပြေးပါ

သန့်စင်ခန်း

ကွီးတို့အနေနဲ့ ကိုယ့်ကောင်မလေးနဲ့ လိင်ဆက်ဆံပြီးတဲ့အခါမှာ သန့်စင်ခန်းကို သွားပြီး အပေါ့သွားလိုက်ပါ။ ဒီလိုအပေါ့သွားခြင်းအားဖြင့် UTI လို့ခေါ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် အပေါ့သွားလိုက်တဲ့အခါ ကျောက်ကပ်ထဲသို့ တိုးဝင်ဖို့ ကြိုးစားနေတဲ့အရာမှန်သမျှသည် ဆီးကနေတဆင့် အပြင်သို့ ပြန်ထွက်သွားပြီပဲ ဖြစ်ပါတယ်။

အစပျိုးခြင်းက အင်မတန်မှ အရေးကြီးပါတယ်၊ အထူးသဖြင့် အမျိုးသမီးတွေ အတွက်ပေါ့

couple in bed

ကိုယ်ကိုယ်တိုင်ကပဲ စိတ်ပါနေလို့ မရပါဘူး။ ကိုယ့်ရဲ့ ပါတနာကိုလည်း စိတ်ပါလာအောင် လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Foreplay ဆိုတဲ့အရာက အရေးကြီးလာတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အလျင်စလို မပြုလုပ်ဘဲ ဖြည်းဖြည်းချင်းစီ အဆင့်တက်သွားမှသာလျှင် နှစ်ယောက်စလုံး တိမ်တွေပေါ် လွင့်နိုင်မှာပါ။ ကိုယ်က Foreplay အပိုင်းကို မသိဘဲနဲ့ စိတ်မြန်လက်မြန်နဲ့ လုပ်ဆောင်မိမယ်ဆိုရင် ကွီးတို့ရဲ့ ပါတနာက နာကျင်မှုကို ခံစားရနိုင်ပြီး ကွီးတို့နဲ့ နောက်ထပ် နှစ်ပါးသွားကဖို့ကို ငြင်းဆန်နေပါလိမ့်မယ်။

ကိုယ့်ပါတနာရဲ့ စိတ်ဆန္ဒလည်း အရေးကြီးပါတယ်

စပယ်ရှယ် ပညာရပ်

ဒီအရာသည် စောစောက ပြောခဲ့သလိုပဲ နှစ်ဦးနှစ်ဖက် အပေးအယူမျှမှသာလျှင် ပျော်ရွှင်ရမယ့်အရာ ဖြစ်ပါတယ်။ တစ်ဖက်လူက ကိုယ့်ရဲ့ ကာမပိုင် မိန်းမပဲဖြစ်နေပါစေ၊ သူ(မ)ရဲ့ သဘောဆန္ဒမပါဘဲ လိင်မှုကိစ္စကို ရယူခြင်းသည် အိမ်တွင်း အကြမ်းဖက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ပါတနာရဲ့ စိတ်ဆန္ဒကိုလည်း ဦးစားပေးဖို့ လိုအပ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေဆိုတာ တကယ့်အစစ်အမှန် မဟုတ်ပါဘူး

စပယ်ရှယ် ပညာရပ်

၁၈ ယောက်စုပြီး ကြည့်ရတဲ့ ကားတွေကို ကွီးတို့ သိကြတယ်ဟုတ်။ ထိုဇာတ်ကားတွေကနေ နည်းနမူနာ ယူတာလည်း ယူပေါ့၊ ဒါပေမဲ့ ထိုဇာတ်ကားတွေသည် တကယ့်အစစ်အမှန် မဟုတ်ဘူးဆိုတာကိုတော့ သတိမမေ့ဖို့ လိုပါတယ်။ ကိုယ်က သိုင်းကွက်မျိုးစုံကို ထုတ်သုံးချင်တာတော့ ဟုတ်ပါရဲ့၊ ကိုယ်တိုင်ကရော ကိုယ့်ပါတနာကပါ ကိုယ် မျှော်လင့်ထားသလို ဖြစ်မလာရင်လည်း စိတ်မညစ်လိုက်ပါနဲ့။ ရုပ်ရှင်ဇာတ်ကားတွေသည် လူကြည့်များအောင် ပုံဖော်ရိုက်ကူးထားရုံသပ်သပ်ပဲ ဖြစ်ပါတယ်။ ထိုဇာတ်ကားတွေ ကြည့်ပြီး ကိုယ့်ရဲ့ ဘဝအစစ်အမှန်နဲ့ လိုက်နှိုင်းယှဥ်မယ်ဆိုရင်တော့ ကွီးတို့ပဲ စိတ်ဓာတ်ကျသွားပါလိမ့်မယ်။

ဦးထုပ်ကလည်း မပါမဖြစ်ပါပဲ

စပယ်ရှယ် ပညာရပ်

အလွှာခြားရင် ကမ္ဘာခြားသွားသလို ခံစားရသလေး၊ ဘာလေး လုပ်မနေပါနဲ့။ ကိုယ့်ရဲ့ ကျန်းမာရေးလောက် ဘယ်အရာမှ အရေးမကြီးပါဘူး။ ကိုယ့်ရဲ့ ခဏတာ ပျော်ရွှင်မှုအတွက် တစ်ဘဝစာလုံးနဲ့ မလဲပစ်ချင်ပါနဲ့။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ လုပ်ငန်းမစခင်မှာ ဦးထုပ်ကို အဆင်သင့်ပြင်ထားပြီးမှသာလျှင် သိုင်းပဲချချ၊ လေပေါ်ပဲပျံပျံ ကွီးတို့စိတ်ကြိုက် လွင့်မျောနိုင်ပါပြီ။

အခုဖော်ပြသွားတဲ့ စပယ်ရှယ် ပညာရပ် တွေထဲက ပညာရပ် ဘယ်နှမျိုးခန့်ကို တတ်မြောက်ထားပြီးပါပြီလဲ။

Source: Menshealth

Featured Image: ABC