ဘယ်အရာမဆို ပထမဆုံး အကြိမ်က မလွယ်ကူပါဘူး။ ထိုအထဲမှာ လိင်မှုကိစ္စ လည်းပါဝင်ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ဖြစ်စေ၊ Relationship တစ်ခုမှာ ဖြစ်စေ၊ ကိုယ့်ရဲ့ ပထမဆုံး အကြိမ်ကို ဖြတ်သန်းကြည့်ချင်လို့ ဖြစ်စေ ပထမဆုံးအကြိမ်အဖြစ် အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံတာဟာ ဘဝရဲ့ ကြီးမားတဲ့ အဆင့်တစ်ခု လို့ပြောရမှာပါ။ လိင်ဆက်ဆံခြင်းကို ပထမဆုံးအကြိမ် ကြိုးစားကြည့်မယ်ဆိုရင်တော့ စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုလေးတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဘာမှ မပြင်ဆင်ထားဘဲ လိင်ဆက်ဆံမိလျှင်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ‌ဆောင်းပါးလေးမှာတော့ ညီအစ်ကိုတို့ရဲ့ First Time ကို ဖြတ်သန်းတော့မယ်ဆိုရင် သိရှိထားရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်ကိုယ်တိုင် အဆင်သင့် ဖြစ်ပြီလား သေချာပါစေ

ညီအစ်ကိုတို့ရဲ့ First Time

Photo : Cosmopolitan

ညီအစ်ကိုတို့ရေ လိင်မှုကိစ္စက နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်လှုပ်ရှားစရာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံပဲ ဖြစ်သင့်ပါတယ်။ ဒါကြောင့် အလျင်စလို မဆုံးဖြတ်ပါနဲ့။ ပထမဆုံးအကြိမ်က အမှန်တကယ်ပင် ညီအစ်ကိုတို့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်ပြီး လူတိုင်းက ဒီကီစ္စအပေါ်မှာ မတူညီသော ခံစားချက်ရှိတာကြောင့် ကိုယ်ကိုယ်တိုင် အဆင်သင့် ဖြစ်ပြီဆိုမှ ဒီကိစ္စကို ဖြတ်သန်းသင့်ပါတယ်။ ကိုယ်တိုင် အဆင်သင့်မဖြစ်သေးဘဲ မတော်တဆ ပထမဆုံးအကြိမ် ဖြတ်သန်းမိရင် စိတ်ခံစားချက်ပိုင်းဆိုင်ရာနဲ့ အခြားသော မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ကိုယ့်ရဲ့ ပါတနာနဲ့ စကားသေချာပြောပါ

ညီအစ်ကိုတို့ရဲ့ First Time

Photo : Psychology Today

ညီအစ်ကိုတို့ အနေနဲ့ ပထမဆုံးအကြိမ် ဖြတ်သန်းမယ်ဆိုရင် ကိုယ့်ရဲ့ ပါတနာနဲ့ စကားသေချာပြောသင့်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်တာက ပိုပြီး လိင်မှုရေးရာမှာ အဆင်ပြေစေပါလိမ့်မယ်။ ဒါ့အပြင် ကျန်းမာရေး အခြေအနေများနဲ့ ပတ်သတ်ပြီးလည်း တစ်ယောက်နဲ့ တစ်ယောက် သေချာသိရှိဖို့ အရေးကြီးပါတယ်။

ကွန်ဒုံး အသုံးပြုပါ

ညီအစ်ကိုတို့ရဲ့ First Time

Photo : New York Post

လိင်မှုရေးရာမှာ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့က အရေး အကြီးဆုံးပါပဲ။ ကွန်ဒုံး မပါဘဲ ညီအစ်ကိုတို့ရဲ့ First Time ကို ဖြတ်သန်းမိရင် တကယ့်ကို အန္တရာယ်ရှိပြီး မလိုလားအပ်သော ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ဒုံးသည် မလိုလားအပ်သောကိုယ်ဝန်နှင့် ကာလသား ရောဂါများ၊ လိင်မှတဆင့် ကူးစက်တတ်သော (STDs) ရောဂါများ ကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ကွန်ဒုံးအသုံးပြုတဲ့ နေရာမှာလည်း ရက်ကန့်သတ်ချက် ကျော်လွန်နေတာ၊ ပေါက်ပြဲနေတာ ရှိမရှိ သေချာစစ်ဆေးသင့်ပါတယ်။

ချောဆီ အသုံးပြုပါ

Photo : Pulse Nigeria

ချောဆီက လိင်ဆက်ဆံတဲ့အခါ နာကျင်မှုနည်းအောင် ကူညီပေးနိုင်ပါတယ်။ ချောဆီကို အသုံးပြုခြင်းက ညီအစ်ကိုတို့ရဲ့ ပထမဆုံးအကြိမ်ကို အနည်းငယ် ပိုမိုလွယ်ကူစေပါတယ်။ ဆီကို အခြေခံထားတဲ့ ချောဆီများက ကွန်ဒုံးကို အားပျော့စေတာ သို့မဟုတ် ကွဲသွားစေနိုင်တာကြောင့် လုံခြုံစွာ အသုံးပြုနိုင်ရန် ရေ သို့မဟုတ် ဆီလီကွန်အခြေခံထားသော ချောဆီများကို အသုံးပြုပါ။

ဖြည်းဖြည်းချင်းသွားပါ

Photo : Indy100

ညီအစ်ကိုတို့ရဲ့ ပထမဆုံးအကြိမ်က နည်းနည်းတော့ အဆင်မပြေ ဖြစ်နိုင်တာကို လက်ခံရပါမယ်။ ဒါကြောင့် အလျင်စလို မပြုလုပ်ပါနဲ့။ လိင်ဆက်ဆံမှု မြန်ဆန်လွန်းတာက နာကျင်စေခြင်း သို့မဟုတ် စောစီးစွာ ပြီးဆုံးစေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပထမဆုံးအကြိမ် ပါတနာနဲ့ လိင်ဆက်ဆံခြင်းက ညီအစ်ကိုတို့အတွက် အာရုံခံစားမှုအသစ်တစ်ခု ဖြစ်သောကြောင့် စိတ်ခံစားချက်ကောင်းပြီး ပျော်ရွှင်စေဖို့ အချိန်ယူပါ။ ပထမဆုံးအကြိမ်မှာ အဆင်မပြေမှုကြီးမားတာက နောက်ပိုင်းမှာ လိင်ဆက်ဆံမှုနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အခုမှ ပထဆုံးအကြိမ်ကို ဖြတ်သန်းမဲ့ ညီအစ်ကိုတို့အတွက် ဒီဆောင်းပါးလေးက အထောက်ကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : wikiHow

Featured Photo : Healthily