ဘာစီလိုနာ ဘက်တစ်တို့ကို တစ်ဆင့်ချင်းစီ ကျော်ဖြတ်လာခဲ့ရင်း စပိန်ကုန်း အဆင့်ကနေ စပိန်ကြုံးအထိ upgrade မြှင့်လိုက်နိုင်တဲ့ မန်ယူ နိုက်တက်က နောက်ထပ် စပိန်ကလပ် ဆီဗီလာအသင်းနဲ့ ထပ်မံ ဆုံတွေ့ရချိန်မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အထိ ဖြစ်ခဲ့ရလို့ စပိန်ကုန်းမဟုတ်တော့တဲ့ ယူနိုက်တက်က “ဆီဗီလာကုန်း” ဖြစ်သွားခဲ့ရပါတယ်။

sevilla

Photo Credit : Twitter

ဆီဗီလာဆိုတာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဆျာကြီး မာစတာကြီး။ ယူရိုပါလိဂ်မှာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်ထားနိုင်တဲ့ အသင်း။ နောက်ပြီး ယူနိုက်တက်ကိုလည်း ဒုက္ခအပေးနိုင်ဆုံး အသင်း။ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ဥရောပ ပြိုင်ပွဲကြီး နှစ်ခုအတွင်း (၅)ကြိမ်အထိ တွေ့ဆုံထားခဲ့ရာမှာ ဆီဗီလာက (၃)ကြိမ်နိုင် (၂)ပွဲသရေကျပြီး မန်ယူ နိုက်တက်ကတော့ တစ်ကြိမ်မှကို မနိုင်ထားခဲ့ပါဘူး။

maguire degea

Photo Credit : Twitter

အရင်တုန်းက ဆီဗီလာကို အနိုင်မယူနိုင်ခဲ့ခြင်းက မန်ယူ နိုက်တက်ဟာ စပိန်ကုန်း အခြေအနေကနေ မလွတ်မြောက်နိုင်သေးတာကြောင့် ဖြစ်ခဲ့ရတာလို့ ဆိုနိုင်ပေမယ့် ဒီတစ်ကြိမ် ဆီဗီလာကုန်း ဖြစ်သွားတာက နည်းပြရဲ့ လူစားလဲမှု အမှားနဲ့ ကံတရားကြောင့် ပါဝင်ပါတယ်။ ပကျော့က (2-0) နဲ့ ဦးဆောင်ထားချိန်မှာ ဖာနန်ဒက်စ် မာရှယ် ဆန်ချို အန်တိုနီတို့ကို လူစားလဲလိုက်တာ ဗာရန်း ဒဏ်ရာရချိန် ဂေါင်းကြီး မက်ဂွိုင်းယား ဝင်ကစားတာ မာတီနက်ဇ်က ဘယ်သူ့ ပယောဂမှ မပါပဲ ဒဏ်ရာရသွားတာ ဒဏ်ရာရသွားချိန်မှာလည်း လူစားထပ်လဲလို့ မရတော့ကြောင့် (၁၀)​ယောက်တည်း ကစားခဲ့ရတာတွေက အားလုံး ပေါင်းစပ်ရင်း ဆီဗီလာကုန်း ဖြစ်ဖို့ အကြောင်းဖန်သွားခဲ့ပါတယ်။

tenhag

Photo Credit : Twitter

ပကျော့ အိမ်ကွင်းမှာ (2-2) ဒုကျော့ စပိန်မှာ သွားကစားတော့ (3-0) ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးသွားခဲ့ပါတယ်။ ပကျော့ပွဲတုန်းက အခြေအနေတွေ အားလုံးက ဒုကျော့မှာ အကုန် သက်ရောက်ခဲ့ပြီး ဒဏ်ရာကနေ သက်သာလာလို့ ဒုတိယပိုင်းမှာ ဝင်ကစားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်လည်း မကယ်နိုင်တော့ပဲ မက်ဂွိုင်းယား ဒီဂီယာတို့ အပါအဝင် ကစားသမား အများစု အမှားအယွင်းတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဆီဗီလာကို ယုတ်ဆိုး အကျည်းတန်စွာ အရေးနိမ့်ခဲ့ရပြီး ဆုဖလားတစ်ခု မျှော်လင့်ချက်ဟာလည်း နိဂုံးချုပ်သွားခဲ့ပါပြီ။

Featured Photo : Twitter