စမတ်ဖုန်းတွေ မပေါ်ခင်တုန်းကဆိုရင် ကြိုးဖုန်းတွေကိုသာ အသုံးပြုခဲ့ကြရတာပါ။ ကြိုးဖုန်းကနေတဆင့် Keypad ဖုန်းလေးတွေက ခေတ်စားခဲ့ပါတယ်။ ထိုမှတဆင့် စမတ်ဖုန်းခေတ်ကို တဖြည်းဖြည်း ကူးပြောင်းလာကြတာပါ။ အခုဆိုရင် စမတ်ဖုန်း ပေါ်က App တွေကို ဖွင့်ဖို့တောင် လက်နဲ့ နှိပ်စရာ မလိုတော့ပါဘူး။ ထိုစမတ်ဖုန်းတွေကို AI ဖုန်းတွေလို့ အမည်ပေးထားကြပါတယ်။

ဘယ်ကုမ္ပဏီက စမတ်ဖုန်း ပေါ်က App တွေကို AI နဲ့ အသုံးပြုနိုင်အောင် တီထွင်ထားတာလဲ

smart phone

ဒီနှစ် အစောပိုင်းတုန်းက Samsung ကုမ္ပဏီက ဖုန်းအသစ်ကို ကြေညာထားပါတယ်။ ထိုဖုန်းတွေကတော့ AI ဖုန်းတွေပဲ ဖြစ်ပါတယ်။ အသံနဲ့ စေခိုင်းပြီး ကိုယ် လိုချင်တဲ့ App ကို အလွယ်လေး ဖွင့်နိုင်အောင် ဒီဇိုင်းထွင်ကာ ထုတ်လုပ်ထားမှာပဲ ဖြစ်ပါတယ်။

AI ဖုန်းတွေက Samsung ကုမ္ပဏီကပဲ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ တခြားသော နာမည်ကြီး ဖုန်းကုမ္ပဏီတွေကလည်းပဲ တီထွင်ထားပါသေးတယ်။ Google Pixel နဲ့ Xiaomi တို့ကလည်းပဲ တီထွင်ထားကြပါတယ်။ ဒါဆိုရင် ဒီသုံးခုမှာ ဘယ်အမျိုးအစားက အကောင်းဆုံးဖြစ်မလဲ။

Samsung Galaxy S24 Ultra

စမတ်ဖုန်း App

ဒီမော်ဒယ်အမျိုးအစားကတော့ ဒီနှစ်အစောပိုင်းမှာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး AI ဖုန်းလို့တောင် နာမည်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းကလည်း လေးထောင့်ဆန်ဆန် ဖုန်းဒီဇိုင်းမျိုးကို ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ AI အသံ ဘာသာပြန်ခြင်း အတွက်ကတော့ အစောပိုင်းမှာ ဘာသာစကား ၁၃ မျိုးကို ထည့်သွင်းထားတာဖြစ်ပြီး နောက်ပိုင်းမှာ ထပ်ထည့်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။။ ဈေးနှုန်းကတော့ ယူရို ၁၃၀၀ ကျော် ပေးချေရမှာ ဖြစ်ပါတယ်။

Google Pixel 8 Pro

စမတ်ဖုန်း App

AI အသုံးပြုထားတဲ့ နောက်ထပ် ဖုန်း မော်ဒယ် အမျိုးအစားကတော့ Google Pixel 8 Pro ပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က Gboard ကို အသုံးပြုထားတယ်ဆိုရင်တော့ WhatsApp, Line နဲ့ KakaoTalk တို့မှာ Smart Reply နဲ့ စာပြန်လို့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ US English နဲ့ပဲ အသုံးပြုလို့ ရနိုင်ပါသေးတယ်။ နောက်ထပ် ထပ်ပြီး ထပ်သွင်းသွားဖို့တော့ ရှိပါတယ်။ ဒါ့အပြင် AI အသုံးပြုပြီး Wallpaper တွေကိုလည်း ပြောင်းနိုင်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၉၉၉ ယူရို ပေးချေရမှာပဲ ဖြစ်ပါတယ်။

Samsung ရော Google ကပါ AI ဖုန်းတွေကို ထုတ်လုပ်ထားတာဆိုတော့ iPhone ကလည်း အားကျမခံ ထုတ်လုပ်မယ်လို့လည်း သတင်းရထားပါတယ်။ သူ့ရဲ့ အခု အသစ်ထပ်ထွက်မယ့် iPhone 16 စီးရီးထဲမှာ ထည့်သွင်းမယ်လို့ ကြားသိရပါတယ်။ ဟုတ် မဟုတ် ကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အမျိုးအစားတွေထဲက ဘယ်အမျိုးအစားကို သဘောတွေ့နေပါသလဲ။

Source: Theverge.com

Featured Image: Avira