Realme ကတော့ Realme P1 နဲ့ P1 Pro စမတ်ဖုန်း တွေနဲ့အတူ ၎င်းတို့ရဲ့ ပထမဆုံး P-series အသစ်ကို ကြေညာလိုက်ပါတယ်။ Realme P1 နဲ့ P1 Pro ၂ မျိုးလုံးမှာ 120Hz AMOLED မျက်နှာပြင် ၊ 50MP Main ကင်မရာတွေနဲ့ 45W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီတွေ ပါဝင်ပါတယ်။

Realme P1 and P1 Pro

Photo : FoneArena.com

ဒီ စမတ်ဖုန်း ၂ မျိုးလုံးမှာ FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ ၆.၇ လက်မ AMOLED မျက်နှာပြင်တွေကို တပ်ဆင်ပေးထားပါတယ်။ P1 မော်ဒယ်တွေကို ရိုးရိုး Flat Panel နဲ့ ထုတ်ထားပြီး Pro မော်ဒယ်တွေမှာတော့ ကွေးညွှတ်တဲ့ Curved Display တွေကို သုံးထားပါတယ်။ မော်ဒယ် ၂ ခုလုံးဟာ 2,000 Nits Peak Brightness ထောက်ပံ့ပေးထားပြီး 16MP ဆယ်လ်ဖီကင်မရာနဲ့ In-Display Fingerprint Scanner တို့ ထည့်သွင်းပေးထားပါတယ်။

Realme P1 မှာ Dimensity 7050 Chipset နဲ့အတူ 6/8GB RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့လာပြီး P1 Pro မော်ဒယ်မှာတော့ Snapdragon 6 Gen 1 SoC ကိုမှ 8GB RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ ကျောဘက် Main ကင်မရာတွေကိုတော့ မော်ဒယ် ၂ မျိုးလုံးမှာ Sony ရဲ့ 50MP LYT600 Sensor တွေကို တပ်ဆင်ပေးထားပြီး Realme P1 မှာ 2MP Monochrome Sensor ၁ လုံး တွဲဖက်တပ်ဆင်ထားကာ P1 Pro မှာတော့ 8MP Ultrawide Lens နဲ့ 2MP Macro Lens တို့ ပါဝင်ပါတယ်။

P-series စမတ်ဖုန်း ၂ ခုလုံးရဲ့ Software ပိုင်းမှာတော့ Android 14 အခြေပြု Realme UI 5.0 ကို အသုံးပြုထားပြီး 45W SuperVOCO Fast Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

Realme P1 မော်ဒယ်မှာ Phoenix Red နဲ့ Peacock Green ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ P1 ရဲ့ ဈေးနှုန်းတွေ အနေနဲ့ကတော့ 6/128GB ဗားရှင်းအတွက် ရူပီး ၁၅,၉၉၉ (ဒေါ်လာ ၁၉၁) ၊ 8/256GB ဗားရှင်းအတွက်ကိုတော့ ရူပီး ၁၈,၉၉၉ (ဒေါ်လာ ၂၂၇) ခန့်နဲ့ လာမယ့် ဧပြီ ၂၂ ရက်နေ့က စတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Realme P1 and P1 Pro
Photo : Pricebaba

Realme P1 Pro မော်ဒယ်တွေအတွက်ကိုတော့ Phoenix Red နဲ့ Parrot Blue ဆိုပြီး အရောင် ၂ မျိုး ထုတ်ထားပြီး ဈေးနှုန်းတွေကတော့ 8/128GB ဗားရှင်းအတွက် ရူပီး ၂၁,၉၉၉ (ဒေါ်လာ ၂၆၃) ၊ 8/256GB ဗားရှင်းအတွက်ကိုတော့ ရူပီး ၂၂,၉၉၉ (ဒေါ်လာ ၂၇၅) ခန့်နဲ့ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : Gizbot