စမတ်ဖုန်း ချစ်သူများအကြား Nokia ဖုန်းတွေသည် အကြမ်းခံတဲ့ အမိုက်စားဖုန်းလို့ အသိအမှတ်ပြုခံရပါတယ်။ သို့သော် တစ်ခေတ်တစ်ခါက ပြိုင်စံရှားဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Nokia ဖုန်းတွေသည် ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လာတဲ့အခါ အခြားသော စမတ်ဖုန်းတွေနဲ့ မယှဥ်နိုင်သေးတာတော့ ဝမ်းနည်းစရာပါပဲ။

ဒီလိုနဲ့ပဲ ဒီဇိုင်းပိုင်းကို ဦးစားပေးနေတဲ့ စမတ်ဖုန်း ချစ်သူများအကြား Nokia ဖုန်းသည် နောက်ကောက်ကျ ကျန်ခဲ့ပါတော့တယ်။ သို့သော် ဒီဇိုင်းပိုင်းကို အဓိကမထားဘဲ ကွာလာတီ၊ အကြမ်းခံမှုတို့ကို ဦးစားပေးနေသူများရှိနေသေးတဲ့အတွက်ကြောင့် Nokia တွေသည်လည်း စျေးကွက်ထဲမှာ ယနေ့ထိတိုင်ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

Nokia ဖုန်းတွေကို ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းစဥ်းစားသင့်သလဲ။

စမတ်ဖုန်း Nokia

Photo: Nokiamob

သူသည်လည်း အခြားသော Android ဖုန်းတွေနဲ့ အတူတူပဲဖြစ်တာကြောင့် အခြားသော Android ဖုန်းတွေ ဝယ်ဖို့စဥ်းစားသလိုပဲ စဥ်းစားရမှာပဲဖြစ်ပါတယ်။ အဓိကအကျဆုံးအချက်တွေကတော့ RAM ဘယ်လောက်ပါသလဲ၊ ကင်မရာ ကောင်းမကောင်း၊ Processor ပိုင်း၊ ဘက္ထရီ ခံနိုင်ရည်အား၊ စခရင်မ်အရွယ်အစားနှင့် Storage ပိုင်းတို့ပဲဖြစ်ပါတယ်။

ယခုနှစ်အတွင်းမှာတော့ စမတ်ဖုန်း ချစ်သူ Nokia ဖန်များအကြား အခုဖော်ပြပေးမယ့် မော်ဒယ်အမျိုးအစားတွေသည် ရေပန်းစားနေတာပဲဖြစ်ပါတယ်။

Nokia G20

စမတ်ဖုန်း Nokia

သူ့ရဲ့စခရင်မ်အရွယ်အစားကတော့ ၆.၅ လက်မ အရွယ်ရှိပါတယ်။ ကင်မရာပိုင်းကတော့ 48 MP မိန်းကင်မရာပါဝင်ပြီး 5MP Ultra-Wide Angle နှင့် 2MP Macro ကင်မရာတို့အပြင် အရှေ့ဘက်မှာတော့ 8MP ကင်မရာပါရှိပါတယ်။ RAM ကတော့ 4GB အထိရှိပြီးတော့ Storage ပိုင်းကတော့ 64GB ကိုမှ 512 GB အထိ ထပ်တိုးလို့ရပါတယ်။

Nokia 9PureView

စမတ်ဖုန်း Nokia

ဖုန်းကင်မရာကောင်းကောင်းတစ်လက်ကို ကိုင်သုံးချင်တဲ့ ကွီးတို့အတွက်တော့ ဒီမော်ဒယ်အမျိုးအစားက အသင့်တော်ဆုံးပါပဲ။ ကင်မရာက ၅ လုံးတောင် ပါရှိပြီး RAM ကလည်း 6GB အထိရှိပါတယ်။ ဘက္ထရီကတော့ 3320mAh ရှိပြီး စခရင်မ်ပိုင်းကတော့ ၅.၉၉ လက်မ QHD 2k OLED ကို သုံးထားတာဖြစ်ပါတယ်။

Nokia G50

စမတ်ဖုန်း Nokia

ဒီဖုန်းရဲ့အားသာချက်ကတော့ ဘက္ထရီပိုင်းလို့ ပြောရပါလိမ့်မယ်။ 5000mAh ဘက္ထရီ အမျိုးအစားဖြစ်ပြီး 18W Fast Charging စနစ် ပါဝင်ပါတယ်။ ဒီဖုန်းကတော့ ၂၀၂၁ ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဈေးနှုန်းပိုင်းကလည်း သက်သာတဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။

Nokia XR20

Nokia XR20

နောက်ထပ်ဒီဇိုင်းအမိုက်စားမော်ဒယ်ကတော့ Nokia XR20 ပဲဖြစ်ပါတယ်။ သူ့မှာ RAM 6GB ပါဝင်ပြီး စခရင်မ်အရွယ်အစားကတော့ ၆.၆၇ လက်မ ဖြစ်ပြီး FHD+ အမျိုးအစားဖြစ်ပါတယ်။ ဘက္ထရီကတော့ 4630mAh ဖြစ်ပြီး အကြမ်းအခံဆုံး မော်ဒယ်တစ်လုံးပဲ ဖြစ်ပါတယ်။

Nokia 8.3

 XR20

ဒီအမျိုးအစားကတော့ RAM 6GB အမျိုးအစားရှိသလို 8GB အမျိုးအစားလည်းရှိပါတယ်။ Storage ပိုင်းကတော့ 128 GB ကနေ 512GB အထိ ချဲ့နိုင်ပါတယ်။ ဘက္ထရီပိုင်းကတော့ 4500mAh ဖြစ်ပြီး 18W Fast Charging စနစ်လည်း ပါဝင်ပါတယ်။ Dual SIM ဖြစ်တဲ့အတွက်ကြောင့် ဆင်းမ်ကဒ် နှစ်လုံး ကိုင်သူများအတွက် အရွေးချယ်သင့်ဆုံး မော်ဒယ်အမျိုးအစားပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းချစ်သူတို့ရော အခုဖော်ပြသွားတဲ့ Nokia မော်ဒယ်အမျိုးအစားများကို ဘယ်လိုသဘောရပါသလဲ။

Source: Popphoto

Featured Image: Nokia