Vivo ကတော့ Y52t ဖုန်း မိတ်ဆက်ခြင်းနဲ့အတူ Y Series ကို အသစ်ထပ်မံ ချဲ့ထွင်လိုက်ပြန်ပါပြီ။ Vivo Y52t ဖုန်း မှာ Dimensity 700 SoC မောင်းနှင်ထားပြီး ၆.၅၁ လက်မ HD+ LCD မျက်နှာပြင်နဲ့ Android 12 အခြေပြု OriginOS Ocean ကို အသုံးပြုထားပါတယ်။

Photo : IGeekphone

Vivo Y52t ဖုန်း ကို 8GB RAM /128GB Storage နဲ့ 8GB RAM /256GB Storage ဆိုပြီး Options ၂ ခုပေးထားပါတယ်။ ဒါ့အပြင် 1TB အထိ တိုးမြှင့်နိုင်တဲ့ MicroSD Card Slot တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။

ဓာတ်ပုံရိုက်ကူးမှု အတွက်တော့ အရှေ့ဘက်မှာ 8MP Selfie ကင်မရာ ၁ လုံးနဲ့ ကျောဘက်မှာတော့ 13MP ပင်မကင်မရာကို 2MP Macro Unit ကင်မရာ ၁ လုံးနဲ့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ Vivo Y52t ဖုန်းမှာ USB- Type C ကနေ တဆင့် အားသွင်းနိုင်မယ့် 10W Fast Charging စနစ် ထောက်ပံ့ပေးထားပြီး 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။

ဖုန်းရဲ့ အောက်ခြေမှာ 3.5mm နားကြပ်ပေါက်လည်း တပ်ဆင်ပေးထားပြီး ဘေးဘက်ခြမ်းမှာတော့ လက်ဗွေဖတ်ဆင်ဆာနဲ့ 5G ချိတ်ဆက်မှုတို့ ပါဝင်ပါတယ်။ Vivo Y52t ဖုန်းကို အရောင် ၃ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ဒီနေ့မှာ Vivo ရဲ့တရားဝင် ဝက်ဘ်ဆိုဒ်ကနေတဆင့် တရုတ်နိုင်ငံမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။


Photo : IGeekphone

ဈေးနှုန်းတွေ အနေနဲ့ကတော့ 8GB/128GB ဗားရှင်းကို ယွမ် ၁,၃၉၉ (ဒေါ်လာ ၂၀၀/ ယူရို ၂၀၀ / မြန်မာငွေ ၄ သိန်း ၁ သောင်းဝန်းကျင်) ၊ 8GB/256GB မော်ဒယ်ကို ယွမ် ၁၅၉၉ (ဒေါ်လာ ၂၃၀/ ယူရို ၂၃၀ / မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်ခန့်) နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး စတင်ရောင်းချချိန်မှာတော့ ယွမ် ၁၀၀ ( ၁၅ ဒေါ်လာ / ၁၅ ယူရို / မြန်မာငွေ ၃ သောင်းဝန်းကျင်ခန့်) လျော့ဈေးပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com