ကွီးတို့မှာ အိပ်မက်တွေလည်း ရှိတယ်၊ ရည်မှန်းချက်တွေလည်း ရှိပေမယ့် ထို အိပ်မက်တွေ ရည်မှန်းချက်တွေကို အမှန်တကယ် ဖြစ်မြောက်လာအောင် မလုပ်ဆောင်ဘဲ၊ စိတ်ကူး နဲ့ပဲ ရူးနေမယ်ဆိုရင်တော့ ကွီးတို့ ဘဝက ဒုံရင်း က ဒုံရင်းပဲ ဖြစ်နေမှာပါ။

ကွီးတို့ဘဝကို ဒီ့ထက် ပိုပြီး တိုးတက်လာချင်တယ်ဆိုရင်တော့ ပြုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။

အခုဖော်ပြပေးမယ့် အချက်များကို ပြုလုပ်ပေးမယ်ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့ လက်တစ်ကမ်း အလိုမှာပါ။​

အခုချက်ချင်း ထလုပ်ပါ

အခုချက်ချင်း ထလုပ်ပါ

တချို့လူတွေကတော့ သူတို့ လုပ်ချင်တဲ့အရာတွေ ဖြစ်စေချင်တဲ့အရာတွေကို သိုသိုသိပ်သိ ကြိတ်မှိတ်ကာ ပြုလုပ်ရင်း နောက်ဆုံးမှာတော့ သူတို့ရဲ့ အောင်မြင်မှုကို ချပြလိုက်ကြပါတယ်။ ကွီးတို့လည်း အောင်မြင်ချင်တယ်ဆိုရင်တော့ အခုချက်ချင်း လုပ်စရာရှိတာကို ထလုပ်လိုက်ပါ။ လုပ်ချင်စိတ် မရှိသေးဘူးဆိုရင်တောင်မှ ၅ မိနစ်တန်သည်၊ ၁၀ မိနစ်တန်သည် ထလုပ်လိုက်ပါ။​ ဘာပဲလုပ်လုပ် ကွီးတို့အတွက် အမြတ်ပါပဲ။ နို့မဟုတ်ရင်တော့ ကွီးတို့ဘဝကြီးက ရေစုန်မျောသွားပါလိမ့်မယ်။

အချိန်ဆွဲမနေပါနဲ့တော့

စိတ်ကူး ဒုံရင်း

လူတော်တော်များများမှာ အချိန်ဆွဲတတ်တဲ့ အကျင့်ရှိပါတယ်။ နောက်မှ လုပ်ပါမယ်လေ အချိန်တွေ အများကြီး ရှိပါသေးတယ်လို့ တွေးနေမယ်ဆိုရင်တော့ နောင်တတွေ တပွေ့တပိုက်ကြီးနဲ့ ဇာတ်သိမ်းသွားရပါလိမ့်မယ်။​ ကွီးတို့သည် အချိန်ဆွဲနေမယ်ဆိုရင် အသက် တစ်ရက် ပိုကြီးလာတာပဲ အဖတ်တင်ပြီး ဘဝကြီးက ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်သွားတာ တစ်ခုတစ်လေတောင် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အချိန်ဆွဲတဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်ပြီး လုပ်စရာရှိတာကို ချက်ချင်း လုပ်ပါ။

သက်သောင့်သက်သာ နေချင်တဲ့စိတ်ကို ဖျောက်ပါ

စိတ်ကူး ဒုံရင်း

ကွီးတို့ရေ … ကွီးတို့ လက်ရှိရောက်နေတဲ့ နေရာက ကွီးတို့အတွက် စိန်ခေါ်မှုလည်းမရှိဘူး၊ မတိုးတတ်စေဘူးဆိုရင် ထိုနေရာက ရုန်းထွက်လိုက်ပါ။ ကွီးတို့တစ်နေ့တာမှာ ရိုးရှင်းပြီး စိန်ခေါ်မှုတွေ မရှိဘဲ သက်တောင့်သက်သာ ဖြစ်နေပြီး Comfort Zone ထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် ကွီးတို့ရောက်ချင်တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ စိန်ခေါ်မှုအသစ်တွေ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကွီးတို့ရဲ့ အရည်အချင်းကို မြှင့်တင်လိုက်ပါ။

ကိုယ် ဘာတွေ လုပ်ပြီးပြီလဲဆိုတာကို ပြန်လည် ဆန်းစစ်ပါ

စိတ်ကူး ဒုံရင်း

ကွီးတို့ ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ကိုယ်သည် ဒီနေ့ တစ်နေ့တာအဖို့ ကိုယ် တိုးတက်မယ့် အရာတွေကို လုပ်ဆောင်ပြီးပြီလား။ ဘယ်လိုနည်းလမ်းက ကွီးတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိကိုယ်တိုင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။

ကွီးတို့ရော အမှန်တကယ် လုပ်ဆောင်နေရဲ့လား။ လေနဲ့ပဲ အာကျယ်နေတာလား။ စိတ်ကူး နဲ့ ရူးနေလို့ ကောင်းတုန်းပဲဆိုရင်တော့ ကွီးတို့ ဘဝက ဒုံရင်း က ဒုံရင်းပဲဖြစ်နေမှာပါ။

Source: Forbes

Featured Image: Lovinglifeco