လူတိုင်းသည် အမှား လုပ်မိတတ်ကြပါတယ်။ လောကကြီးမှာ ပြီးပြည့်စုံတယ်ဆိုတဲ့ လူရယ်လို့ မရှိပါဘူး။ လုပ်မိတဲ့ အမှားတွေကြောင့် ကိုယ့်ကိုယ် အပြစ်တင်နေပြီး အတိတ် ထဲမှာပဲ ပိတ်မိနေမယ်ဆိုရင်တော့ ရှေ့ဆက် ချီတက် ဖို့ မလွယ်ကူတော့ပါဘူး။ ကွီးတို့သည် အတိတ် မှာပဲ နစ်မြှုပ်နေမယ့်အစား အရှေ့သို့ ဆက်လက် ချီတက် ကာ လုပ်စရာ ရှိတာတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။

(၁) အမှားကနေ သင်ယူပါ၊ ဒါပေမဲ့ အမှားထဲမှာပဲ ပိတ်မိမနေပါစေနဲ့

အမှားကနေ သင်ယူပါ၊

ကွီးတို့ ကြုံတွေ့ ခံစားရတဲ့ မကောင်းတဲ့ အတွေ့အကြုံတွေကနေ ကွီးတို့ရဲ့ အနာဂတ်အတွက် လေ့လာသင်ယူလို့ ရတာတွေ အများကြီးပါပဲ။ ဘယ်လောက်ပဲ နာကျင်ရပါစေ၊ အချိန်တစ်ခု ယူကာ ကိုယ့်ရဲ့ အမှားတွေကို ပြန်လည် ဆင်ခြင် သုံးသပ်ကြည့်လိုက်ပါ။ ထိုအမှားထဲကနေ သင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက် ချီတက်ဖို့အတွက် ခွန်အားတွေ မွေးမြူလိုက်ပါ။

(၂) ကိုယ့်ရဲ့ ခံစားချက်တွေကို အတင်းကြီးတွေ ဖိနှိပ်မထားပါနဲ့

ခံစားချက်တွေကို အတင်းကြီးတွေ ဖိနှိပ်မထားပါနဲ့

အမှားအယွင်းတွေ များတဲ့ အတိတ်ဆိုတာ နာကျင်ရပါတယ်။ နာကျင်ရတဲ့ ခံစားချက်တွေကို အတင်းကြီး ချိုးနှိမ်ထားမယ်ဆိုရင် ကွီးတို့ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့ကြောင့်မို့လို့ ကွီးတို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ဟနိုင်မယ့် အယုံကြည်ရဆုံး မိတ်ဆွေ တစ်ဦးဦးကို ရှာဖွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွကို ဖွင့်ဟလိုက်ခြင်းအားဖြင့် စိတ်သက်သာရာ ရသွားကာ နေလို့ကောင်းသွားမှာ အမှန်ပါပဲ။

(၃) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့၊ အခြားသူတွေကိုလည်း အပြစ်တင်မနေပါနဲ့

အတိတ် ချီတက်

ပြုလုပ်မိတဲ့ အမှားကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ်ဆိုရင်တော့ ကွီးတို့သည် ထိုအမှားထဲမှာပဲ ပိတ်မိနေမှာပါ။ ဒါ့အပြင် ကိုယ့်အမှားကို အမှားလို့ မသိဘဲ သူတစ်ပါးကို အပြစ်တင်နေမိခြင်းကလည်း လူညံ့ လူဖျင်းတွေရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။ အခြားသူတွေကိုလည်း အပြစ်မတင်ပါနဲ့။

(၄) လက်ရှိအချိန်ကိုသာ အာရုံစိုက်ထားပါ

အတိတ် ချီတက်

အတိတ် ဆိုတာ ပြီးဆုံးသွားတဲ့ အချိန်ကာလာတစ်ခုဖြစ်ပြီး အနာဂတ် ဆိုတာကတော့ မရေရာ မသေချာတဲ့ အရာ၊ ကွီးတို့ မပိုင်ဆိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်ကတော့ ကွီးတို့ ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ထိုပစ္စုပ္ပန်ကိုသာ အာရုံစူးစိုက်ထားပြီး ကိုယ် လုပ်စရာ ရှိတာတွေ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

(၅) လူတွေနဲ့ ဝေးရာမှာ ခဏတဖြုတ် နေနေပါ

အတိတ် ချီတက်

စိတ်ညစ်စရာ ကိစ္စအားလုံး စုပုံလာတဲ့အခါမှာ စိတ်ဖိစီးစရာများ၊ စိတ်ညစ်စရာများသည် ကွီးတို့ကို ပိုပြီး မွန်းကြပ်လာအောင် ဒုက္ခပေးနေမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပြုလုပ်သင့်တဲ့အရာကတော့ လူတွေနဲ့ ဝေးရာမှာ ခဏတဖြုတ် နေနေပါ။ ခရီးထွက်ချင်တာရှိရင် ခရီးထွက်ပါ။ စိတ်အပန်းဖြေပြီး လုပ်စရာရှိတာတွေ လုပ်ပစ်လိုက်ပါ။ ဒါဆိုရင်တော့ စိတ်အေးချမ်းရာတစ်ခုကို ရှာတွေ့သွားမှာပဲ ဖြစ်ပါတယ်။

(၆) ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း ပြန်လည် သုံးသပ်ကြည့်ပါ

အတိတ် ချီတက်

ကွီးတို့ ပတ်ဝန်းကျင်မှာ ဘယ်သူတွေ ရှိသလဲ။ ကွီးတို့ ပတ်ဝန်းကျင်က လူတွေက ယုံကြည် စိတ်ချရရဲ့လား။ တခါတရံမှာ မျက်နှာက ပြုံးနေပေမယ့် အတွင်းစိတ်ထဲမှာ ကောက်ကျစ်နေတာမျိုးကို ကွီးတို့ မမြင်နိုင်ပါဘူး။ အဲ့ဒီလိုမျိုး မိတ်ဆွေတုတွေကို ဝေါင်ဝေါင်ရှေးဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး လုပ်စရာရှိတာတွေ လုပ်ပြီး အတိတ် က အမှားတွေကို သင်ခန်းစာ ယူကာ အရှေ့သို့ ဆက်လက် ချီတက် မယ်ဆိုရင်တော့ ကွီးတို့ရဲ့ အနာဂတ်က လှပလာမှာပဲ ဖြစ်ပါတယ်။

Source : Entrepreneur

Featured Photo : Inspiration