လူတစ်ယောက်မှာ ရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေ ရှိသင့်ပါတယ်။ စိတ်ကူးအိမ်မက် မရှိတဲ့ ဘဝဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပါပဲ ပေါ့ရွှတ်ရွှတ် ဖြစ်နေမှာပါ။ ဒါကြောင့် ကွီးတို့ရဲ့ အိမ်မက်က ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကကတော့ စိတ်ကူးအိမ်မက်ရှိဖို့နဲ့ ထိုအိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ တစိုက်မတ်မတ် လျှောက်လှမ်းနေဖို့ပဲ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ပြီး အောင်မြင်မှု ဆီသို့ လျှောက်လှမ်းနိုင်ဖို့ အကူအညီ ဖြစ်စေမဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

စိတ်အားထက်သန်မှု ရှိပါစေ

စိတ်ကူး လက်တွေ့

Photo : Altrum Reconnaissance

ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ စိတ်ဝင်စားမှု စိတ်ထက်သန်မှုရှိမှ ကွီးလိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ စိတ်အားထက်သန်မှု မရှိတာ ဒါမှမဟုတ် စိတ်ဝင်စားမှု မရှိတဲ့ အလုပ်ကို ကွီးလုပ်နေမယ်ဆိုရင် အလုပ်က ပြီးကောင်းပြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ ကွီးအနေနဲ့ စိတ်ကျေနပ်မှုဆိုတာ မခံစားရနိုင်ပါဘူး။ ဒါ့အပြင် ကွီးတို့အနေနဲ့ စိတ်အားထက်သန်မှုမရှိတဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းကို ဖြုန်းတီးနေတာနဲ့ တူနေပါတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် စိတ်ထက်သန်စွာ အလုပ်လုပ်ပါလို့ အောင်မြင်မှု ရရှိနေသူတွေက ပြောကြပါတယ်။ ကွီးတို့လုပ်ချင်ဖြစ်ချင်တာကို တကယ်လုပ်ရင် ပိုဖန်တီးနိုင်မယ်၊ ပိုစိတ်အားထက်သန်မယ်၊ ပိုကြိုးစားမယ်၊ ဒါဆိုရင် ကွီးတို့ရဲ့ စိတ်ကူး အိမ်မက်တွေကလည်း လက်တွေ့ ဖြစ်လာဖို့ မဝေးတော့ပါဘူး။

အကြောက်တရားရဲ့ ထိန်းချုပ်မှုကို မခံပါနဲ့

စိတ်ကူး လက်တွေ့

Photo : Inc.Magazine

လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ပါတယ်။ လုပ်ငန်းမအောင်မြင်မှာ ကြောက်တာ၊ သူများပြောဆိုခံရမှာ ကြောက်တာ၊ ရှုံးနိမ့်တာ၊ စိန်ခေါ်မှုတွေကို လက်မခံရဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ ကွီးတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့အခါ အကြောက်တရားနဲ့ ဝေးရာကို ရှောင်ပြေးမယ့်အစား ထိုအကြောက်တရားတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။ ကျွန်တော်တို့ ကျင်လည်ရတဲ့ ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲတိုက်ပွဲဝင်ရတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် အကြောက်တရားတွေက ကွီးတို့ရည်မှန်းချက်၊ စိတ်ကူးအိမ်မက်တွေကို ထိန်းချုပ်ပြီး ဝေးကွာစေတာမျိုး မဖြစ်ပါစေနဲ့။

ဆင်ခြေမပေးပါနဲ့

စိတ်ကူး လက်တွေ့

Photo : Inc.Magazine

ကွီးတို့ရဲ့ စိတ်ကူး အိမ်မက်တွေက ကြီးလေလေ၊ လက်တွေ့ အောင်မြင်လာဖို့ အချိန်နဲ့ အရှိန်ယူရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်ရှည်ရပါမယ်။ ဒါပေမဲ့ လိုချင်တဲ့ ပန်းတိုင်မရောက်ခင်မှာ ကျရှုံးမှုတွေ၊ ပင်ပန်းမှုတွေ၊ အမှားတွေက တွေ့ကြုံရမှာပါပဲ။ ထိုအရာတွေကို သင်ခန်းစာယူရင်း ဆက်လျှောက်နိုင်အောင် ကြိုးစားပါ။ ပန်းတိုင်မရောက်ခင် အရှုံးပေးလိုက်ပြီး ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုတာမျိုး အခြားတစ်ခုခုအပေါ်မှာ ဆင်ခြေပေးတာမျိုး၊ အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ တကယ်တော့ အကျိုးမရှိပါဘူး။ ကွီးတို့ ကိုယ်တိုင် ဆက်ကြိုးစားမှ ရမှာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

Dreams to Success

Photo :Best Life

ကွီးတို့ရေ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်ဟာ ဘာပါလဲ။ ကိုယ်လိုချင်တဲ့ အရာက ဘာလဲဆိုတာ ကိုယ့်ကိုယ်ကို ထပ်မေးကြည့်ပါ။ ပြီးလျှင် ထိုအရာကို ရအောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိခြင်းဟာ ဘဝမှာ အောင်မြင်မှုရဖို့ လှေကားတစ်ထစ် တတ်လှမ်းပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self Confidence) ဟာ ကိုယ့်ဘဝကိုတိုးတက်စေဖို့ သော့ချက် တစ်ခုဖြစ်ပြီး တိုးတက်လာစေရန် အတွက်လည်း ကိုယ်တိုင်တည်ဆောက် ဖန်တီးယူလို့ရပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ စိတ်ကူး အိမ်မက်တွေ လက်တွေ့ အကောင်အထည်ဖော် အောင်မြင်လာစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ စိတ်ကူးအိမ်မက်တွေကရော ဘာပါလဲ။ အောင်မြင်မှုနဲ့ရော နီးစပ်နေပါပြီလား။

Featured Photo : Ceworld