အောင်မြင်မှု ကို အရယူဖို့ ကြိုးစားခြင်းသည် လွယ်ကူတဲ့ ကိစ္စတစ်ရပ်မဟုတ်ပါဘူး၊ အတားအဆီး အခက်အခဲ ပေါင်းစုံနှင့် ရင်ဆိုင်ရစမြဲပါ။ ထိုအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မှသာလျှင် ကွီးတို့လိုချင်တဲ့ အောင်မြင်မှုအသီးအပွင့်ကို ခံစားရရှိမှာပဲ ဖြစ်ပါတယ်။

အခက်အခဲများကြောင့် ရှေ့ဆက်မတိုးတော့ဘဲ နေရာမှာတင်ဘဲ လက်လျော့လိုက်မယ်ဆိုရင် ကွီးတို့အတွက် အောင်မြင်မှုဆိုတာ ဘယ်သောအခါမှ ရလာမှာ မဟုတ်တော့ပါဘူး။

အောင်မြင်မှု ကို ဆွတ်ခူးရရှိဖို့အတွက် အတားအဆီး များနှင့်ရင်ဆိုင်ရတဲ့အခါ ဘယ်လိုအပြုအမူ စိတ်နေစိတ်ထားများဖြင့် ရင်ဆိုင်ကျော်လွှားရမလဲ။

သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ

အောင်မြင်မှု အတားအဆီး

အခက်အခဲ ပြဿနာများကို ရှောင်ပြေးမနေပါနဲ့။ သင့်မှာ တစ်စုံတစ်ရာ ပြဿနာရှိတယ်ဆိုရင် ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါ။ ထိုအခက်အခဲကို ဖုံးဖိထားရုံနဲ့ ကွီးတို့ရဲ့ အခက်အခဲသည် သူ့အလိုလို ပျောက်ကွယ်မသွားပါဘူး။

တကယ်လို့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေသလား။

ဒါဆိုရင် ကိုယ့်ထက် အတွေ့အကြုံများတဲ့သူတွေထံကနေ အကြံဉာဏ် ရယူလိုက်ပါ။ လုပ်ငန်းခွင်မှာ ပြဿနာအချို့နှင့် ရင်ဆိုင်ရသည်ရှိသော် ကိုယ့်ရဲ့အထက်လူကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ ဖြေရှင်းသင့်ပါတယ်။ ဒါတောင်မှ ပြဿနာက မပြေလည်သေးဘူးဆိုရင်တော့ အခြားနည်းလမ်းတစ်မျိုးဖြင့် ထပ်မံဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။

အကောင်းမြင်စိတ် ထားရှိပါ

အောင်မြင်မှု အတားအဆီး

သင်သည် တစ်စုံတစ်ရာကို စိတ်ပူပန်နေရတဲ့အခါ အကောင်းမြင်စိတ် ထားရှိဖို့ ခက်ခဲပါတယ်။ သို့သော်လည်း အခြေအနေ ကောင်းစဉ်အခါတုန်းက ကြုံတွေ့ရတဲ့ အမှတ်တရကောင်းများကို ပြန်လည်တမ်းတကာ အကောင်းမြင်စိတ်များကို ပြန်လည်မွေးမြူလိုက်ပါ။

ကွီးတို့ဆီမှာ အကောင်းမြင်စိတ် ရှိနေခြင်းသည် အောင်မြင်မှု အတွက် အတားအဆီး အခက်အခဲများ ကျော်ဖြတ်ရမှာ အထောက်အကူဖြစ်စေပါတယ်။ “ငါ မလုပ်နိုင်ပါဘူးလေ” ဆိုပြီး စိတ်အားငယ်နေတဲ့ အတွေးမျိုး ပျောက်ပျက်သွားပြီး “သူများတွေ လုပ်နိုင်သလို ငါလည်း လုပ်နိုင်တယ်” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့စိတ်မျိုး ရရှိလာမှာပဲဖြစ်ပါတယ်။

စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ သုံးသပ်ပါ

အောင်မြင်မှု အတားအဆီး

တစ်ခါတစ်ရံမှာ ကိုယ် လိုချင်တဲ့ ရလာဒ်များ မရလာတတ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ သို့သော် ကိစ္စရပ်များသည် ကိုယ် လိုချင်တဲ့အခြေအနေထက် ကိုယ် အမှန်တကယ်လိုအပ်တဲ့ အခြေအနေမျိုး ကြုံတွေ့ရတာဖြစ်ပါတယ်။ ထိုအခြေအနေမျိုးမှာ စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းကာ အကွက်ကျကျ လုပ်ဆောင်တတ်မယ်ဆိုရင် ကိုယ် မျှော်လင့်ထားသည်ထက် ပိုကောင်းတဲ့ ရလာဒ်တွေကိုတောင် ရရှိတတ်ပါတယ်။

ကိုယ် ပြုလုပ်ချင်တဲ့အရာများကို အမျိုးအစား ခွဲလိုက်ပါ

အောင်မြင်မှု အတားအဆီး

Photo: Insights

ကွီးတို့ရဲ့ ရည်မှန်းချက်က ကြီးမားနေတဲ့အခါ ထိုပန်းတိုင်ဆီသို့ အရောက်သွားဖို့ရန်အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ထိုရည်မှန်းချက်အကြီးကြီးကို ပန်းတိုင်သေးသေးလေးများဖြစ်သွားအောင် ခွဲခြားကာ ထိုပန်းတိုင်သေးသေးလေးတွေကို အရင်ဆုံး ပြည့်မြောက်အောင် ဖြည့်ဆည်းပေးလိုက်ပါ။

ပန်းတိုင်သေးသေးလေးအဖြစ် ခွဲလိုက်တဲ့အခါ အခက်အခဲများသည်လည်း အရင်က မြင်နေကြလို ကြီးကြီးမားမား အခက်အခဲတွေမဟုတ်တော့ဘဲ သေးသေးမွှားမွှားလေးအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါဆိုရင် ရင်ဆိုင်ကျော်ဖြတ်ရတာလည်း ပိုမိုလွယ်ကူမသွားဘူးလား။

ကွန်ပလိန်း မတက်ပါနဲ့

success and obstacles for kwee

ငါ့ကျမှ ဘာဖြစ်လို့ အခက်အခဲတွေချည်းပဲ ကြုံတွေ့နေရတာလဲ။ သူများတွေအတွက်ကျ လွယ်ကူပြီး ငါ့တစ်ယောက်တည်းပဲ ကွက်ဖြစ်နေတာပဲ ဆိုပြီး ကွန်ပလိန်းတက်ကာ စိတ်ညစ်နေမယ့်အစား ကြုံတွေ့နေရတဲ့ အခက်အခဲများကို အခွင့်အရေးများအဖြစ် ပြောင်းလဲလိုက်ပါ။ အခွင့် အရေးများကို အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ကွီးတို့သည် အောင်မြင်မှုအသီးအပွင့်ကို အနှေးနဲ့ အမြန် ခံစားရမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အချင်းတွေကို ဘယ်အရာတွေက ကန့်သတ်ထားသလဲဆိုတာ သိရှိအောင် ပြုလုပ်ပါ

success and obstacles for kwee

တစ်ခါတစ်ရံမှာ ကွီးတို့သည် ကိုယ် ထင်ထားတာထက်ကို ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ညှာနေတဲ့အခါ ထင်သလောက် ခရီးမရောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အောင်မြင်မှု ခရီးလမ်းကို အမြန်ရောက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ညှာနေ သနားနေလို့ မရပါဘူး။ မလျော့သောဇွဲဖြင့် ကိုယ့်ကိုယ်ကိုယ် ခိုင်းဖို့ လိုအပ်ပါတယ်။

ဒီနေ့တော့ နည်းနည်းပင်ပန်းလို့ နောက်မှပဲ လုပ်တော့မယ်။ ဒီနေ့တော့ နားလိုက်ဦးမယ် စတဲ့ ဆင်ခြေတွေပေးကာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကန့်သတ်မထားပါနဲ့တော့။ ပျင်းရိခြင်းကို ချက်ချင်း ဖယ်ရှားကာ အောင်မြင်မှုအတွက် ရှေးရှု့ပြီး အားအင်အပြည့်ဖြင့် လုပ်ဆောင်သင့်ပါတယ်။

အောင်မြင်မှု အတွက် အတားအဆီး များသည် ကွီးတို့ကို ပိုမိုသန်မာလာအောင် ကူညီပေးတယ်ဆိုတာကို သတိရပါ

success and obstacles for kwee

အတားအဆီးတွေနဲ့ပဲ ကြုံတွေ့ရလို့ စိတ်မညစ်ပါနဲ့။ ထိုအတားအဆီး အခက်အခဲတွေဆိုတာသည် ကွီးတို့ကို ပိုမိုသန်မာလာအောင် ကူညီပေးတာပါ။ အတားအဆီးအခက်အခဲများကြောင့်ပဲ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေသည် ပိုမိုတိုးတက်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ခြင်္သေ့သားရဲကို လွှတ်မြောက်အောင် ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

နေ့စဉ် တူညီတဲ့ လုပ်ငန်းစဉ်တွေပဲ လုပ်ဆောင်ရတဲ့အခါ ပျင်းရိဖွယ်ကောင်းတယ်မဟုတ်လား။ အတားအဆီးအခက်အခဲများသည် ကွီးတို့ကို မပျင်းရိရလေအောင် ဘဝကြီးကို ပိုမိုအဓိပ္ပာယ်ရှိလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ပါ

success and obstacles for kwee

ယခင်လက တိုးတက်မှုနှုန်းနဲ့ ယခုလရဲ့ တိုးတက်မှုအခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ အခြေအနေက ဘယ်လိုရှိပါသလဲ။

တစ်စထက် တစ်စ ပိုမိုတိုးတက်လာတယ်ဆိုရင်တော့ ကွီးတို့ရဲ့ အခြေအနေသည် ပိုကောင်းလာပြီပဲဖြစ်ပါတယ်။ တကယ်လို့ အခြေအနေက တဖြည်းဖြည်း ဆုတ်ယုတ်သွားတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အရင်ကထက်ပိုပြီး တွန်းဖို့လိုအပ်နေပါပြီ။

Source: Fullsailpartners

Featured Image: Realty411