ယောကျာ်းလေးအများစုဟာ ကလေးကတည်းက ကိုယ့်ခံစားချက်ကို မြိုသိပ်ထားတတ်ကြပါတယ်။ အခက်အခဲတွေနဲ့ မွမ်းကြပ်မှုတွေ ကြုံတဲ့အခါ စိတ်ခံစားချက်ကို မှန်မှန်ကန်ကန် ဖွင့်ထုတ်တတ်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် စိတ်ဓါတ်ကျတာ ၊ စိတ်ဖိစီးတာ ၊ စိတ်ရှုပ်ထွေးတာတွေ ကြုံလာနိုင်ပါတယ်။ ဒါကိုပဲ စိတ်ကျန်းမာရေး ပြဿနာ Mental Health လို့ ခေါ်ကြပါတယ်။ ခက်ခဲတဲ့ အခြေအနေတိုင်းမှာ ကြုံလာနိုင်တဲ့ Mental Health ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက် အကြံတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) မကောင်းတဲ့သူတွေကို လွှတ်ချထားတတ်ပါစေ

Happy

Photo : Pexels

အကျင့်မကောင်းတဲ့ Toxic People တွေနဲ့ ပေါင်းသင်းတာကလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့ မိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက် ၊ မိသားစု နဲ့ အပေါင်းအသင်းတွေက ကိုယ့်ရဲ့ စိတ်ကြည်လင်အေးချမ်းမှု ၊ စိတ်အဆင့်မြင့်တက်မှုကို ထိခိုက်နိုင်ပါတယ်။ မိတ်ဆွေကောင်းတွေနဲ့ Relationship ကို ခိုင်မာအောင် လုပ်ပါ။ မိတ်ဆွေသစ်တွေ ရှာပါ။ မကောင်းတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို စွန့်ခွာဖို့ ပြင်ပါ။

(၂) ဘာတက်လမ်းမှ မရှိ ၊ စိတ်ဆင်းရဲစရာတွေ ပြည့်နေတဲ့အလုပ်ကနေ ထွက်ခဲ့ပါ

Job

 

Photo : Pexels

နှစ်ပေါင်းများစွာ အလုပ်တစ်ခုတည်းမှာပဲ ဝဲလည်လှည့် အလုပ်လုပ်ရင်း ရှေ့လျှောက် တိုးတက်စရာ မမြင်ရတော့တဲ့ ဘဝနဲ့ နေရသူတွေ အများကြီး ရှိကြပါတယ်။ ဘာမဟုတ်တဲ့ လစာလေးနဲ့ အလုပ်ထဲက မထွက်နိုင်ဖြစ်နေသူဟာ ဘဝတိုးတက်ရေးလမ်းတွေပါ ပိတ်ဆို့ကုန်သလို ရှေ့လျှောက်လည်း ပျော်စရာ စိတ်ချမ်းသာစရာ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

(၃) ကျန်းမာရေးလိုက်စားပါ

Run

Photo : Pexels

Mental Health ကောင်းဖို့အတွက် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ အရွယ်ကောင်းတုန်း ပုံမှန် ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ပါ။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်တွေ စားပါ။ ဆေးလိပ် ၊ အရက် ရှောင်ပါ။ အိပ်ရေးမပျက်အောင် ဂရုစိုက်ပါ။ ဖုန်းသုံးချိန် လျှော့ပါ။ ရေအေးအေး ချိုးပါ။ တရားထိုင်ပါ။

(၄) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ

Confidence

Photo : Pexels

လူတိုင်းဟာ တန်ဖိုးကိုယ်စီ ရှိပြီးသားပါပဲ။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင် မြှင့်တင်ထားမှပဲ ဘဝမှာ ပိုပြီး အကောင်းမြင်စွမ်းတွေ ၊ စိတ်ကြည်လင်အေးချမ်းပြီး ယုံကြည်စိတ်ချမှုတွေ တက်လာမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေရောက်ရောက် မျှော်လင့်ချက်ထားပြီး ဘဝကို လမ်းရှိသေးတယ် ဆိုတဲ့ အသိနဲ့ ရှေ့ဆက်လျှောက်ပါ။ Self-Worth မြင့်မြင့်ထားပြီး တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် နေထိုင်သွားမယ်လို့ သံဓိဌာန်ချထားပါ။ ဒါဆိုရင် ပိုပြီး Mental Health မြင့်လာသူ ဖြစ်လာနိုင်ပါတယ်။

Featured Photo : phillyvoice