လူတိုင်း ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်စွာ နေနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ပစ္စည်းဥစ္စာများများစားစား မလိုပါဘူး။ အမှန်တကယ် စိတ်ချမ်းသာချင်ရင် အရင်ဆုံး စိတ်ထားလေး မှန်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ဘဝတစ် လျှောက်လုံး စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ နည်းလမ်း ၅ ခုကိုပြောပြပေးချင်ပါတယ်။

(၁) ပျော်ရွှင်မှုကို ကိုယ်တိုင် တည်ဆောက်ပါ

Photo : iStock

လူတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်စွာနေနိုင်ချင်ရင် ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အစွမ်းလိုပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဘယ်သူ့ပေါ်မှ မမှီခိုသင့်ပါဘူး။ ကိုယ်ပျော်ဖို့ ကိုယ်တိုင်ရွေးပါ။ ကိုယ့်ပျော်ရွှင်ချမ်းသာမှုဟာ ကိုယ့်ရဲ့ တာဝန်ပဲ ဖြစ်ဖို့ လိုပါတယ်။

(၁) အတိတ်ကို မေ့ပစ်လိုက်ပါ

Photo : iStock

ဘဝမှာ ပျော်ရွှင်ဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတစ်ခုက အတိတ်က မှတ်ဉာဏ်ဆိုးတွေ ကို မေ့ပစ်လိုက်ဖို့ပါပဲ။ ပျော်စရာကောင်းတဲ့ အတိတ်က ဖြစ်ရပ်တွေအကြောင်း တွေးနေမိရင် လက်ရှိဘဝမှာ ဘယ်လိုမှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ အတိတ်ဆိုတာ ပျော်စရာနည်းနည်း ၊ နောင်တရစရာနဲ့ စိတ်မကောင်းဖြစ်စရာတွေက များများ ပုံစံခတ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ပျော်ဖို့ဆို အခုချိန်လေးမှာပဲ နေတဲ့အကျင့် မွေးထားပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပါ

Photo : iStock

ပျော်ရွှင်ချင်ရင် ကိုယ့်ကို မပျော်မရွှင်ဖြစ်စေတဲ့ အကျင့်ဆိုးတွေ ဖျောက်ပစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ပြောင်းလဲပါ။ လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် အရေးကြီးဆုံးအရာက ကိုယ့်ကို မပျော်အောင် ပိတ်လှောင်ထားတဲ့ဘောင်တွေထဲကနေ ခွဲထွက်ပြီး အမြင်သစ် အသွင်သစ်နဲ့ ရှေ့ဆက်ဖို့ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ ကျင့်သုံးသွားမယ်ဆိုရင် ပိုပြီးပျော်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၄) ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားပါ

Photo : iStock

ကိုယ့်မှာ ရှိပြီးသားအရာတွေကို ကျေနပ်ပျော်ရွှင်မှု မရှိတဲ့သူတွေဆီကို ပျော်ရွှင်မှုက ဘယ်တော့မှ အရောက်လာမှာ မဟုတ်ပါဘူး။ ကျေးဇူးတင်တတ်မှသာ ပျော်ရွှင်ဖို့ ပိုပြီး လွယ်ကူစေတာ ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်မှာရှိထားတဲ့ ကောင်းမွန်တဲ့အရာတွေကို ကျေးဇူးတင်ဖို့ မေ့နေတာကြောင့် မပျော်မရွှင်ဖြစ်ရတာ ရှိပါတယ်။ ဒီလိုဖြစ်တတ်တာကြောင့် မပျော်နိုင်တဲ့အချိန်မျိုးမှာ ကိုယ့်မှာ ရှိတဲ့ ချီးကျူးစရာကောင်းတဲ့အချက်လေးတွေပြန်စဉ်းစားကြည့်ပေးဖို့ လိုပါတယ်။

(၅) လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ

Photo : iStock

ခင်မင်ရင်းနှီးခြင်းက ဘဝရဲ့ လမ်းကြောင်းတွေကို ပိုပြီး ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ဖို့ အကြောင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရင်းနှီးမှုနဲ့ ခင်မင်ခြင်းဆိုတဲ့ သံယောဇဉ်ထုံးဖွဲ့မှုတွေဟာ ကြည်နူးစရာကောင်းပြီး စိတ်ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်း တစ်ခုပေါ်ပေါက်စေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆိုရင် မိတ်ဆွေဖွဲ့ပါ။ လူတွေနဲ့ ခင်ခင်မင်မင် နေထိုင်ပါ။

Featured Photo : LinkedIn