လူတွေကို စိတ်ခွန်အားထက်သန်လာအောင် သုတေသနပြုထားတဲ့ သီအိုရီတွေနဲ့ အကြံပြုချက်တွေ အများကြီးရှိပေမယ့် စိတ်ခွန်အားနဲ့ပတ်သတ်တဲ့ တချိုအကြောင်းအရာတွေကတော့ ကွီးတိုကို အံ့သြသွားစေနိုင်ပါတယ်။ Self Motivation ဆိုတာ ရည်မှန်းချက် ပန်းတိုင်တွေဆီရောက်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးတဲ့နေရာမှာ အရေးပါပါတယ်။ ဒါဆို ကွီးတို့ စိတ်ခွန်အား တက်အောင် ဘယ်လိုနည်းလမ်းတွေ  လုပ်ဆောင်ရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်ပါ။

(၁) အလုပ်ကို စိတ်ခံစားချက် ကောင်းကောင်းနဲ့သွားပါ

Photo : Unsplash

နေ့တစ်နေ့ကို ကောင်းမွန်တဲ့ စိတ်ထားနဲ့ စတင်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို လေ့လာကြည့်တဲ့အခါ ပိုမိုအပြုသဘောဆောင် တာတွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ တစ်ဖက်မှာ မလန်းဆန်းတဲ့ စိတ်အခြေအနေနဲ့ ရောက်လာတဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်နဲ့ပတ် သတ်တဲ့ Productivity က ၁၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားတာကိုလည်း တွေ့ရပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေက ဦးနှောက်ရဲ့ Dopamine အဆင့်ကို တိုးမြှင့်ပေးကာ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အလုပ်ရောက်တာနဲ့ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ကော်ဖီသောက်ရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာပဲဖြစ်ဖြစ် လုပ်ပြီး ပျော်ရွှင်မှုနဲ့ တစ်နေ့တာကို စတင်လိုက်ပါ။

(၂) အချိန်ကိုမဟုတ်ဘဲ စွမ်းအင်ကို စီမံခန့်ခွဲပါ

Photo : Unsplash

ထိပ်တန်းခေါင်းဆောင်တွေရဲ့ လက္ခဏာရပ်တွေကို လေ့လာကြည့်တဲ့အခါ အချိန်ကိုမဟုတ်ဘဲ စွမ်းအင်စီမံခန့်ခွဲမှုက ပိုအရေးကြီးတာကို တွေ့ရပါတယ်။ ဥပမာ – ကိုယ်က မနက်ခင်းမှာ အလုပ်လုပ်ရတာ ကြိုက်တဲ့သူလား။ နေ့လည်ဘက်မှာ လုပ်ရတာကြိုက်တဲ့သူလား။ ညဘက်မှာ လုပ်ရတာကြိုက်တဲ့သူလား စသဖြင့် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို သိထားရင် အနားယူဖို့ လိုအပ်တဲ့အချိန်နဲ့ စွမ်းအင် နည်းပါးနေတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို အတင်းတွန်းအားပေးမိမှာ မဟုတ်တော့ပါဘူး။ ဒါက အချိန်ကုန်သက်သာစေတဲ့အပြင် အလုပ်များများလည်း ပြီးစေပါတယ်။

(၃) အားကစားသမားတွေကဲ့သို့ စွမ်းရည်ကို ချဲ့ထွင်ပါ

Photo : Unsplash

ကိုယ့်ရဲ့ စွမ်းအင် အရင်းအမြစ်တွေကို သိလာတာနဲ့ တပြိုင်နက် သင်က လက်ရွေးစင်အားကစားသမားတွေလို သင်ရဲ့ စွမ်းရည်ကို ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခတွေရဲ့ သုတေသနပြုချက်တွေအရ လက်ရွေးစင်အားကစားသမားတွေနဲ့ ဂီတပညာရှင်တွေကဲ့သို့ စွမ်းဆောင်ရည်မြင့်မားတဲ့ ပညာရှင်တွေဟာ မိနစ် ၉၀ ဆက်တိုက် လေ့ကျင့်မှုတွေနဲ့ သူတိ့်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်လာအောင် လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဥပမာအားဖြင့် မိနစ် ၉၀ ဆက်တိုက် PowerPoint Presentation လုပ်ပြီးရင် အနားယူတာ ဒါမှမဟုတ် Walking Meeting လို လမ်းလျှောက်ပြီး အစည်းအဝေး လုပ်တာတွေကို ဆိုလိုပါတယ်။ ဒါက ပြင်းထန်တဲ့ လေ့ကျင့်မှုမျိုးမဟုတ်ဘဲ သင့်ရဲ့ စွမ်းအင်ကိုတိုးစေတဲ့ နည်းလမ်းမျိုး ဖြစ်ပါတယ်။

(၄) ရလဒ်ကို အာရုံမစိုက်ပါနဲ့

Photo : Unsplash

ရလဒ်အပေါ် ၊ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုအပေါ် အလွန်အကျွံအာရုံစိုက်တာဟာ စိတ်အားထက်သန်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့ ကြိုးစားတာ ၊ မာရသွန်ပြေးတာ ၊ ဘွဲ့တစ်ခုရဖို့ ကြိုးစားတာ စသည်ဖြင့် ပန်းတိုင်အမျိုးအစားတစ်ခုခုကို ရောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ စိတ်ဓာတ်တက်ကြွမှုက သင့်ရဲ့ အောင်မြင်မှု သိုမဟုတ် ကျရှုံးမှုအတွက် အများကြီး အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင် စိတ်အားထက်သန်မှုနဲ့ အောင်မြင်မှု ရရှိဖို့ဆိုရင် ကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်သလို နေ့စဉ် ဒီအလေ့အကျင့် ၄ ချက်ကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo : Unsplash