အခုခေတ်မှာ အလုပ် တစ်ခုရဖို့ဆိုတာ မလွယ်တော့ပါဘူး။ အထူးသဖြင့် အခုလို လူမှုရေး ၊ ကျန်းမာရေး အဘက်ဘက်က စိန်ခေါ်မှုတွေ များတဲ့ကာလမှာ အလုပ်တစ်ခုရဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးခက်ခဲလာပါတယ်။ ကိုယ်အပါအဝင် လျှောက်ထားသူတွေ အများကြီးထဲကမှ ကွီးတို့ အလုပ်ရဖို့ အခွင့်အလမ်းပိုရှိလာအောင် ကိုယ့်ရဲ့ အလုပ်အကိုင် ရှာဖွေရေး နည်းလမ်းတွေကို ပြန်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးတွေကတော့ ကွီး တိုရဲ့  အလုပ် ရနိုင်ခြေကို မြင့်မားလာစေဖို့အတွက် လုပ်ဆောင်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ကွီး က အလုပ် ရဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေကို မဖြစ်မနေ သိထားဖို့ လိုမှာပါ။

(၁) Resume ကို စိတ်ဝင်စားအောင်ရေးပါ


Photo : Unsplash

အလုပ်လျှောက်တဲ့ သူတွေအများအပြားက ဒီရာထူးတစ်ခုတည်းကိုရဖို့အတွက် အပြိုင်အဆိုင်လျှောက်ရတာဖြစ်တဲ့အတွက် ကုမ္မဏီကHR မန်နေဂျာတွေက ကွီးတိုရဲ့ ကိုယ်ရေးရာဇဝင်ကို မိနစ်အနည်းငယ်လောက်ပဲ အချိန်ပေးကြည့်နိုင်မှာပါ။ ဒါ့ကြောင့် CV မှာပါတဲ့ ဓါတ်ပုံကို ကြည့်လိုက်တာနဲ့ အထင်ကြီးစရာကောင်းပြီး တခြားသူတွေထက် ထင်ရှားနေဖို့ အရေးကြီးပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ CV Form ကို သပ်သပ်ရပ်ရပ်နဲ့ ဖတ်ချင်စရာ ဖြစ်အောင်ရေးတာက ကွီးတို့ရဲ့ ပြိုင်ဘက် အလုပ်လျှောက်ထားသူတွေထက် အားသာချက်ရှိစေမှာ သေချာပါတယ်။

(၂) ရာထူးတိုးနဲ့ အားသာချက်တွေကို အလေးပေးဖော်ပြပါ

Photo : Unsplash

အလုပ်လျှောက်တဲ့ လူတွေတော်တော်များများက လုပ်ခဲ့ဖူးတဲ့ အရင်အလုပ်တွေကရခဲ့တဲ့ ရာထူးတွေနဲ့ အားသာချက်တွေကို အလေးပေးဖော်ပြရမယ်ဆိုတာ သိပ်မသိကြပါဘူး။ အလုပ်လျှောက်လွှာမှာ ကိုယ့်ရဲ့ အားသာချက်တွေ အောင်မြင်မှုတွေကို မြင်သာအောင်ဖော်ပြတာက HR တွေအနေနဲ့ ကွီး တိုရဲ့ အလုပ်လျှောက်လွှာကို ပိုပြီး သတိထားမိစေပါတယ်။ အရင်အလုပ်မှာ တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအကြောင်း၊ ဘယ်လိုကောင်းမွန်တဲ့ ရလဒ်တွေ လုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို အသေးစိတ်ရေးပြတဲ့အခါ ကုမ္မဏီကနေအနေနဲ့ ကွီးတို့ကို အလုပ် ခန့်ဖို့ ပိုအာရုံစိုက်လာစေမှာပါ။

(၃) ကုမ္ပဏီအကြောင်း လေ့လာသွားပါ


Photo : Unsplash

ကွီးတို့အလုပ်လျှောက်မယ့် ကုမ္ပဏီက သူတို့အလုပ်အတွက် သင့်တော်တဲ့သူတစ်ဦးလို့ ယုံကြည်မှုရှိလာစေချင်တယ်ဆိုရင် အင်တာဗျူးမသွားခင်ကတည်းက ကိုယ်လျောက်မယ့် ကုမ္မဏီရဲ့ အကြောင်းအနည်းငယ် ကြိုတင် လေ့လာသွားရမှာပါ။ အလုပ်လျှောက်သူအများစုက သူတို့လျှောက်မယ့် လုပ်ငန်းအကြောင်းကို လေ့လာဖို့မေ့နေတက်ပြီး အင်တာဗျူးသွားဖို့ကိုပဲ အာရုံများနေတတ်ပါတယ်။ ကုမ္ပဏီ ပရိုဖိုင်ကိုဖတ်ကြည့်ပြီးတော့ ကိုယ်ကအလားအလာရှိတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်တယ်ဆိုတာပြသဖို့ဆိုရင် ကုမ္မဏီအကြောင်းကို ကြိုတင်သေချာ လေ့လာသွားသင့်ပါတယ်။

(၄) အလုပ်တစ်ခုထက် ပိုလျှောက်ထားပါ


Photo : Unsplash

လျှောက်ထားတဲ့သူအများစုက ကုမ္ပဏီတစ်ခုတည်းမှာပဲ အလုပ်လျှောက်ထားပြီး အကြောင်းပြန်ဖို့ စောင့်နေတတ် ကြပါတယ်။ အဲ့လို မလုပ်ပါနဲ့။ တကယ်လို့ ကွီး တို့ကသာ ကိုယ့်ကိုယ်ကို အလုပ်နဲ့ပတ်သတ်တဲ့ အရည်အချင်းတွေရှိနေတယ်လို့ ယုံကြည်တယ်ဆိုရင် အလုပ်တစ်ခုထက်ပိုပြီး လျှောက်လွှာတင်ထား သင့်ပါတယ်။ ဒီလို ကုမ္မဏီ ၃/၄ ခုလောက် တစ်ပြိုင်နက် အလုပ်လျှောက်ထားတာက ကွီးတို့ အလုပ် ရနိုင်ခြေပိုများစေသလို အချိန်ကုန်တာလည်း ပိုသက်သာစေပါလိမ့်မယ်။

(၅) အကြောင်းပြန်တာကို ထိုင်မစောင့်ပါနဲ့

Photo : Unsplash

တကယ်လို့ ကွီး တို့က ကိုယ်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတစ်ခုကနေ အကြောင်းပြန်ချက် တစ်ခုခု သိချင်နေတယ် ကုမ္မဏီကလည်း ဘာမှအကြောင်းမပြန်ဘူးဆိုရင် ဒီတိုင်းပဲရက်တွေအကြာကြီး ထိုင်စောင့်နေတာမျိုး မလုပ်ပါနဲ့နော်။ လျှောက်ထားသူဦးရေ များပြားတာကြောင့် တစ်ချို့ လျှောက်လွှာတွေကို မမြင်မိတာ ဒါမှမဟုတ် အကြောင်းပြန်ဖို့ မေ့နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အကြာကြီးစောင့်နေပြီးမှ တခြားသူကို အလုပ် ခန့်လိုက်တာမျိုး မဖြစ်အောင် သက်ဆိုင်ရာဌာနကို ဖုန်းဆက်သွယ်မေးမြန်းတာ၊ အီးမေးလ်ပို့တာတွေ လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

Featured Photo : Unsplash