ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်းနဲ့ ဘဝရည်မှန်းချက်တွေနောက် လိုက်ရင်းနဲ့ စိတ်ဓါတ်ကျလာတဲ့အခါ စိတ်ခွန်အား ပြန်တက်အောင် တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ လိုပါတယ်။ စိတ်ဓါတ်ကျနေသူတွေအတွက် စိတ်ခွန်အားတွေ ပြန်ရလာဖို့အတွက် စိတ်ခွန်အားမြှင့် ဟောပြောသူတွေရဲ့ ဗွီဒီယိုတွေ ကြည့်ဖို့အတွက် ဒီတစ်ခေါက် မျှဝေပေးသွားမှာပါ။

(၁) The Life of An Entrepreneur in 90 Seconds

ဒီဗွီဒီယိုကတော့ ခေါင်းစဉ်အတိုင်းပဲ။ “စွန့်ဦးတီထွင်သူတစ်ယောက်ရဲ့ ဘဝ” – (The Life Of An Entrepreneur) ဆိုတဲ့အတိုင်း ဘဝအတက်အကျတွေ ၊ ဆင်းရဲရှုံးနိမ့်မှုတွေနဲ့ သင်ခန်းစာယူစရာတွေကို ထိထိရောက်ရောက် ဖန်တီးထားပါတယ်။

(၂) The Mental Battle of An Entrepreneur

The Life of An Entrepreneur in 90 Seconds ဗွီဒီယိုကို ဖန်တီးခဲ့တဲ့ Patrick Bet-David ပဲ ဖန်တီးထားတဲ့ Motivational Video ပါ။ The Mental Battle Of An Entrepreneur ကားမှာ စွန့်ဦးတီထွင်သူတိုင်း ထားရှိသင့်တဲ့ သဘောတရား ၊ စိတ်နေစိတ်ထား နဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုအကြောင်းကို တွေ့ရမှာပါ။

(၃) Entrepreneur by Daily Dose

နာမည်ကျော် ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကို သုံးထားပြီး စိတ်လှုပ်ရှားတက်ကြွစရာ စကားတွေကို ၄ မိနစ်ကျော်အတွင်းမှာ ကြားရမယ့် ဗွီဒီယိုဖြစ်ပါတယ်။ Daily Dose က ဖန်တီးထားတာ ဖြစ်ပြီး စိတ်ခွန်အားရချင်သူတို့ မဖြစ်မနေ ကြည့်သင့်တဲ့ ဗွီဒီယိုတစ်ခုလို့ ပြောချင်ပါတယ်။

(၄) Rejection – Featuring Jack Ma

တရုတ်နိုင်ငံရဲ့ အကြီးဆုံး e-Commerce ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်တဲ့ Alibaba ရဲ့ တည်ထောင်သူ သူဌေးကြီး ဂျက်မားရဲ့ စိတ်အားတက်စရာ ပြောစကားတွေပါ။ တရုတ်ပြည်ကို KFC ရောက်ရှိလာချိန် အလုပ်သွားလျှောက်သူတွေထဲမှာ သူတစ်ယောက်ပဲ အလုပ်မရခဲ့တာပါ။ ဒီဗွီဒီယိုမှာတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်သူဌေးကြီး ဂျက်မားရဲ့ အငြင်းခံရခြင်းကို တွေ့မြင်ရမှာပါ။

(၅) Be Hungry – Fight for it!

ဘဝမှာ ဒါကိုမှ မရရင် အဓိပ္ပါယ် မရှိတော့ဘူးလို့ စွဲမြဲထက်သန် ပြင်းပြတဲ့ ဆန္ဒတစ်ခု ၊ အိပ်မက်တစ်စုံရှိနေဖို့ လိုပါတယ်။ တခြားသူတွေ လုပ်နိုင်တဲ့ အရာမျိုးဆို ကိုယ်လည်း ဖြစ်နိုင်တယ်။ ကိုယ့်အိပ်မက်အပေါ် ထမင်းဆာသလို ဆာလောင်နေရင် အောင်ကို အောင်မြင်နိုင်မယ်ဆိုတဲ့အကြောင်းကို ဒီဗွီဒီယိုက ပြောသွားပါလိမ့်မယ်။

Featured Photo : kellen kautzman