လူတိုင်းလူတိုင်း ဘဝမှာ စိတ်ဓာတ်တွေ အောက်ဆုံးအထိ ထိုးဆင်းပြီး ဘာမှမလုပ်ချင် မကိုင်ချင်သလို ခံစားရတဲ့ အချိန်တွေ ရှိပါတယ်။ စိတ် ဓာတ်ကျတယ်ဆိုတာ ဒီဘက်ခေတ် လူနေမှုပုံစံ အသစ်တွေအရ အသက်အရွယ်အပိုင်းအခြား မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ များသေားအားဖြင့် စိတ်ဓာတ်ကျနေချိန်မှာ အကောင်းထက် အဆိုးမြင်တဲ့ အတွေးတွေက ပိုပြီး များနေတာပါ။ အပျက်တွေ ၊ မကောင်းတဲ့ အတွေးအမြင်တွေနဲ့ ကိုယ့်ကိုယ့်ကို အဆိုးဆုံး အခြေအနေအထိရောက်အောင် တွန်းပို့မိတက် ကြပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျနေပြီဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ပြီး ပြန်လည် တည်ဆောက်ပေးဖို့ လိုပါတယ်။ မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်ကန့်သတ်ပြီး စိတ်ဓာတ်ကျ တဲ့အခြေအနေကနေ ပြန်လည်ကယ်တင်နိုင်ဖို့ ကွီးတို့ တွေးသင့်တဲ့ အတွေး လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အခိုက်အတန့် တစ်ခုလို့ တွေးပေးပါ


Photo : Shutterstock

အဆင်မပြေမှုတွေ ၊ ဘဝရဲ့ အခက်အခဲဆုံးဆိုတဲ့ အချိန်တွေဟာ တကယ်တော့ အခိုက်အတန့် ကာလ တစ်ခုပါပဲ။ ဘယ်တော့မှ အကောင်းတွေပဲ မဖြစ်နိုင်သလို ၊ အဆိုးတွေချည်းပဲလည်း မဖြစ်နိုင်ပါဘူး။ အကောင်းတစ်လှည့် အဆိုးတစ်လှည့်ဆိုတဲ့ လောကနိယာမကို ကောင်းကောင်း နားလည် လက်ခံထားမယ်ဆိုရင် အခုလက်ရှိကြုံနေရတဲ့ အဆင်မပြေမှုနဲ့ အခက်အခဲတွေဟာ အချိန်ကာလတစ်ခု ကြာတဲ့အခါမှာ အားလုံး နိဂုံးချုပ် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

(၂) အကောင်းဆုံး ပြန်ကြိုးစားမယ်လို့ တွေးပါ


Photo : Shutterstock

အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံး လိုက်ရတာ ၊ လွဲချော်မှု တစ်စုံတစ်ရာနဲ့ ကြုံတွေ့ကြတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့ သူတစ်ယောက်လို တွေးမြင်ပြီး စိတ်ဓာတ်ကျတက် ကြပါတယ်။ တကယ်တော့ အရာရာကို အသစ်က ပြန်စပြီး နောက်တစ်ကြိမ်ထပ်ပြီး ကြိုးစားခွင့် လူတိုင်းမှာ ရှိပါတယ်။ စိတ်သစ်လူသစ် ၊ အတွေး အခေါ်အသစ်တွေနဲ့ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အကောင်းဆုံး ပြန်ကြိုးစားမယ်လို့ တွေးနိုင်ဖို့ပဲ လိုတာဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့ အားသားချက်တွေကို တွေးပါ


Photo : Shutterstock

လူတိုင်းမှာ အားသာချက် ၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ လူအများစုက စိတ်ဓာတ်ကျတဲ့ အချိန်တွေမှာတော့ ကိုယ့်ရဲ့ အားနည်းချက်တွေကိုသာ ပိုမြင်တက်ကြတာပါ။ ကိုယ့်ကိုယ်ကို အပြစ်တင်တာ ၊ အားမလိုအားမရ ဖြစ်တာတွေနဲ့ ဘာမှ ဆက်မလုပ်ချင်တော့လောက်အောင် စိတ်ဓာတ်ကို အဆုံးအထိ ဆွဲချမိတက်ကြပါတယ်။ တကယ်တော့ ကွီးတို့မှာ အားသာချက်တွေ ရှိနေသေးတယ်ဆိုတာလည်း မမေ့ထားသင့်ပါဘူး။ ကိုယ့်ရဲ့အားသာချက်တွေ လုပ်နိုင်တဲ့အရည်အချင်းတွေကို ပြန်လည် ဆန်းစစ်ပြီး ခွန်အားသစ်တွေနဲ့ ရှေ့ဆက်လျောက်ဖို့ တွေးပေးသင့်ပါတယ်။

(၄) ကိုယ်ကိုယ်ကို ဂရုစိုက်ဖို့ တွေးပါ

Photo : Shutterstock

ကွီးတို့ စိတ်ဓာတ်ကျ နေချိန်မှာ အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်ဟာ ဆက်စပ်နေတာကြောင့် စိတ်ကျရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လာပြီး စိတ်ထောင်းကိုယ်ကျေ ဖြစ်တက်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန်မှာ စိတ်ပိုင်း/ရုပ်ပိုင်း ထိခိုက်စေမယ့် အလေ့အကျင့်တွေကို တက်နိုင်သမျှရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ပေးတာက စိတ်ဓာတ်ကျတဲ့အခြေအနေကနေ ကယ်တင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : Shutterstock