စီးပွားရေးလောကတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်တဲ့အခါ စိတ်ခိုင်ခိုင်ထားပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်တွေ အများအပြား ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ စီးပွားရေးလုပ်တော့မယ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်တော့မယ်ဆိုရင် စိတ်ဓာတ် ကြံ့ခိုင်သန်မာတဲ့ ပုရိသ တစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့သည် စိတ်ဓာတ် ပျော့တဲ့သူတစ်ယောက်ဆိုရင်တော့ မိမိကိုယ်ကိုယ် စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုရိသ တစ်ယောက်ဖြစ်အောင် အရင်ဦးဆုံး ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။

စီးပွားရေး လောကမှာမှ မဟုတ်ပါဘူး။ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ စိတ်ဓာတ် ကြံ့ခိုင် ပြတ်သားစွာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ တော်ရုံတန်ရုံ လောကဓံလောက်ကိုတော့ မှုမှာမဟုတ်ပါဘူး။

ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကို စိတ်ဓာတ် မကြံ့ခိုင်သေးတဲ့ ပုရိသ တစ်ယောက်အဖြစ် မြင်နေသေးတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။

လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားပါ

စိတ်ဓာတ် ပုရိသ

ကျနော်တို့ ဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုများသ် ကျနော်တို့ကို ပိုပြီး ကြီးပွားတိုးတက်ကာ အောင်မြင်လာအောင် ကူညီပေးတာဖြစ်ပါတယ်။ ကွီးတို့ ရွေးချယ်စရာကတော့ နှစ်ခုရှိပါတယ်။

ပထမတစ်ခုကတော့ ထိုစိန်ခေါ်မှုများကို အချိန်ဆွဲကာ လက်ရှိအခြေအနေကို လျစ်လျူရှုထားခြင်းပဲ ဖြစ်ပါတယ်။ စိန်ခေါ်မှုကလည်း လက်ရှိအချိန်မှာပဲ သင့်အနားမှာ ရှိနေပြီး အခက်အခဲကလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ သင့်ရဲ့ ခွန်အားများ၊ ဥာဏ်ရည်ဥာဏ်သွေးများကို အသုံးချကာ ထိုစိန်ခေါ်မှုများကို အနိုင်ယူခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်ကို အာရုံစိုက်မလား၊ လျစ်လျူရှုထားမလားဆိုတာကတော့ ကွီးတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

မတူညီတဲ့အရာများကို လက်ခံအောင် ကြိုးစားပါ

စိတ်ဓာတ် ပုရိသ

စိတ်ခွန်အား ကြံ့ခိုင်ခြင်းသည် အတားအဆီး အခက်အခဲများကို လှေကားထစ်များ၊ နင်းချေစရာ ကျောက်တုံးများအဖြစ် အသုံးချနိုင်အောင် ကူညီပေးပါတယ်။ အခက်အခဲများနှင့် ကြုံတွေ့ရတဲ့အခါ မတူညီတဲ့ ဗဟုသုတအမျိုးမျိုးကို အသုံးချကာ ဒီခရီးလမ်းသည် လမ်းဆုံး မဟုတ်သေးဘူးဆိုတာကို သိမြင်ရအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ တစ်သမတ်တည်း စာအုပ်ကြီးအတိုင်း သွားနေမယ့်အစား မတူညီတဲ့ အခြေအနေအမျိုးမျိုးအပေါ် ပြောင်းလဲလုပ်ဆောင်တတ်အောင်လည်း လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။

မိမိစိတ်ကို လေ့ကျင့်ထားပါ

စိတ်ဓာတ် ပုရိသ

သင့်ရဲ့ ခန္ဓာကိုယ် ကြွက်သားများကဲ့သို့ပင် သင့်ရဲ့ စိတ်ကိုလည်း သန်မာလာအောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ ကြီးထွားခြင်း၊ တိုးတက်ခြင်းသည် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပါတယ်။ တကယ်လို့ သင်သည် သင့်ကိုယ်သင် တိုးတက်လာအောင် လေ့ကျင့်မယူဘူးဆိုရင်တော့ သင် လိုလားတဲ့ ကြီးထွား သန်မာမှုကို ရရှိလာမှာမဟုတ်ပါဘူး။

စိတ်ဓာတ်ခွန်အား ကြံ့ခိုင်လာခြင်းသည် အသေးအဖွဲအရာများကနေ စတင်လာတာဖြစ်ပါတယ်။ အောင်မြင်မှု သေးသေးလေးများကတောင် သင့်စိတ်ကို သန်မာလာအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ နေ့စဥ်ဘဝမှာ သင့်ရဲ့ စိတ်ကို လေ့ကျင့်ပေးဖို့လိုအပ်တာ ဖြစ်ပါတယ်။

မိမိကိုယ်ကို စိန်ခေါ်ပါ

စိတ်ဓာတ် ပုရိသ

လွယ်ကူလွန်းတဲ့ အရာများကို မိမိရဲ့ ရည်မှန်းချက်များအဖြစ် မထားသင့်ဘူး။ မိမိ လုပ်နိုင်တဲ့ အရည်အချင်းထက် ကျော်လွန်ပြီး လုပ်ဆောင်ဖို့ ရည်မှန်းချက်ထားသင့်တယ် လို့ Albert Einstein က ပြောကြားခဲ့ဖူးပါတယ်။ မိမိကိုယ်ကိုယ် အထင်သေးပြီး လုံခြုံတဲ့နေရာမှာပဲ နေနေမယ်ဆိုရင် သင့်အတွက် အောင်မြင်မှုက ရရှိလာမှာမဟုတ်ပါဘူး။ မိမိကိုယ့်ကို ယုံကြည်ပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းထက် ပိုမိုလုပ်ဆောင်နိုင်ကြောင်း စဥ်းစားကြည့်လိုက်ပါ။ အရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင်လာနိုင်မှာပဲဖြစ်ပါတယ်။

အကောင်းမြင်စိတ် ထားရှိပါ

man stay strong

Photo: Speeli

သင့်ဘဝမှာ ဖြစ်ပေါ်လာမယ့် အရာအားလုံးကို သင် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် ထိုအရာများအားလုံးကို သင် ဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ သင် ထိန်းချုပ်နိုင်ပါတယ်။ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့်အရာများသည် အရေးကြီးပါတယ်။ သို့သော် သင့်ရဲ့ တုန့်ပြန်မှုများလောက်တော့ အရေးမကြီးပါဘူး။ တကယ်လို့ သင့်ရဲ့ အပြုအမူများ၊ စိတ်နေစိတ်ထားများကို ထိန်းချုပ်နိုင်မယ်ဆိုရင် အံ့အားသင့်လောက်စရာကောင်းတဲ့ တိုးတက်မှုများ၊ အရည်အချင်းများကို တဟုန်ထိုး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

အကြောက်တရားက သင့်ကို အနိုင်မယူလိုက်ပါစေနဲ့

man stay strong

Photo: Create.vista

အကြောက်တရားများသည် သင့်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်တဲ့စိတ်၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့ကို ခြိမ်းခြောက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောက်တရားကို နေရာပေးလိုက်တာနဲ့ သင့် စိတ်ထဲမှာ တဖြည်းဖြည်း ကြီးစိုးလာကာ နောက်ဆုံးမှာတော့ အကြောက်တရားကပဲ သင့်ကို အနိုင်ယူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အကြောက်တရားကို တစိုးတစိမျှ နေရာမပေးမိဖို့ ဂရုပြုရမှာပဲဖြစ်ပါတယ်။

သင့်ကိုယ် သင် အားပေးတတ်ဖို့လည်း လိုအပ်ပါတယ်

man stay strong

Photo: Create.vista

တခါတရံမှာ ကျနော်တို့သည် သူတပါးရဲ့ အမြင်ကိုသာ အာရုံစိုက်မိနေတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ သူတပါးကို ကြင်ကြင်နာနာ ဆက်ဆံတတ်ဖို့ သတိကောင်းသလောက် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြင်နာစွာနဲ့ ဆက်ဆံဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ သင်သည် သင့်ရဲ့ သူငယ်ချင်းများ၊ ချစ်ခင်ရသူများကို အားပေးကူညီ ဖေးမတတ်သလို ကိုယ့်ကိုယ်ကိုယ်ကို အထောက်အပံ့ကောင်းဖြစ်အောင် ကူညီပေးရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတဲ့ စိတ်များကို ဖယ်ရှားရမှာဖြစ်ပြီး အကောင်းမြင်စိတ်များ၊ ချစ်ခင်ကြင်နာစိတ်များဖြင့် အစားထိုးရမှာဖြစ်ပါတယ်။

ကျေးဇူးသတိတတ်ပါစေ

man stay strong

Photo: iStock

သင် ဒုက္ခရောက်နေချိန်မှာ ကူညီပေးဖူးတဲ့သူကို ကျေးဇူးပြန်ဆပ်ဖူးပါသလား။ ကျေးဇူးမဆပ်ဖူးဘူးဆိုရင်တောင်မှ ကျေးဇူးမသိတတ်တဲ့လုပ်ရပ်မျိုးကိုတော့ ရှောင်ကြည်ရမှာဖြစ်ပါတယ်။ ကိုယ် ဒုက္ခရောက်မှ အပူကပ်တဲ့လုပ်ရပ်မျိုး မလုပ်သင့်ဘဲ ကိုယ် ကောင်းစားနေချိန်မှာလည်း ကျေးဇူးပြန်ဆပ်ပေးရမှာပဲဖြစ်ပါတယ်။ အောင်မြင်လာတဲ့အချိန်မှာလည်း မော်ကြွားမနေဘဲ ဘဝမမေ့ဘဲ စိတ်နှလုံး နှိမ့်ချစွာ ပြုမူနေထိုင်ရမှာပဲဖြစ်ပါတယ်။

Source: Lollydaskal

Featured Image: Talenttalks