ဒီနေ့ခေတ် လူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နေကြရပါတယ်။ အချို့က ကျန်းမာတဲ့ Lifestyle တစ်ခု တည်ဆောက်ပြီး စိတ်ဖိစီးမှုတွေ ဖြေဖျောက်ကြသလို အချို့ ကတည်း ကိုယ်ဝါသနာပါတဲ့ အရာတွေလုပ်ရင်း စိတ်ဖိစီးမှုတွေ ပြေလျော့သက်သာအောင် ဖြေဖျောက်ကြပါတယ်။ ဒီထဲမှာ မိုလ်ဘိုင်း ဂိမ်း တွေ ဟာဆိုရင်လည်း ကျွန်တော်တို့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှု တွေကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ကဲဒါဆို ဘယ်ဂိမ်းတွေက ကွီးတို့ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ စိတ်ဖိစီးမှု တွေကို အကောင်းဆုံး ပြေလျော့သက်သာစေမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) Colorfy

Photo : The Cryd’s Daily
Colorfy ကတော့ ဂိမ်း တစ်ခုဆိုတာထက် ဆေးရောင်ခြယ်တဲ့ App တစ်ခုလို့ ပြောရင် ပိုမှန်ပါမယ်။ ဆေးရောင်ခြယ်တာဟာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှု နဲ့ ဖိအားတွေကို ပြေလျော့သက်သာစေပါတယ်။ Colorfy မှာ Mandalas ဒီဇိုင်းစုံ ပါဝင်ပြီး ပုံပေါင်း ၁၀၀၀ ကျော်ကို ဆေးရောင်ခြယ်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း အသုံးပြု ၂၅ သန်းကျော်ရှိပြီး Apple Store မှာ Rating 4.8 နဲ့ Google Play Store မှာ Rating 4.1 အထိ ရရှိထားပါတယ်။
(၂) Prune

Photo : Pocket Gamer
စိတ်ဖိစီးမှု ဖြေလျှော့ပေးတဲ့ ဂိမ်းတွေထဲမှာတော့ Prune က ပြိုင်စံရှားပါပဲ။ ဂိမ်းပုံစံက အရမ်းကို ရိုးရှင်းပါတယ်။ ဘွန်ဆိုင်းပင်တစ်ပင်ကို ကောင်းကောင်းကြီးထွားရှင်သန်အောင် သစ်ကိုင်းအဖျားအနားလေးတွေကို လိုက်လံဖြတ်ပေးရမှာ ဖြစ်ပါတယ်။ သာယာငြိမ့်ငြောင်းတဲ့ နောက်ခံတီးလုံးလေးတွေ ၊ Minimalist ဖြစ်တဲ့ Graphics တွေနဲ့ စိတ်အေးအေး ငြိမ်ငြိမ်ကစားနိုင်မယ့် အမိုက်စား ဂိမ်း လေးတစ်ခု ဖြစ်ပါတယ်။ iOS ရော Android မှာပါ ကစားနိုင်ပါတယ်။
(၃) Alto’s Adventure
Photo : altosadventure.com
Alto’s Adventure ဂိမ်းလေးကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Endless Runner ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ နှင်းလျောစီးသမားနေရာကနေ ကစားရမှာ ဖြစ်ပြီး လှပတဲ့ တောတောင်ရှုခင်းတွေကို ဖြတ်ကာ ၊ ခုန်ကာ Coins တွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ကစားလို့ရတဲ့ အကောင်းဆုံး စိတ်ဖိစီးမှု သက်သာစေတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။
(၄) Monument Valley

Photo : ustwo Games
နောက်ဆုံး မိတ်ဆက်ပေးချင်တဲ့ Stree ပြေလျော့စေမယ့် ဂိမ်း လေးကတော့ Monument Valley ပဲ ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးက ရိုးရိုးရှင်းရှင်းနဲ့ ဂိမ်းထဲမှာ သုံးထားတဲ့ အရောင်တွေ ၊ နောက်ခံတီးလုံးတွေက တကယ့်ကိုပဲ စိတ်ဖိစီးနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့သက်သာစေမှာ ဖြစ်ပါတယ်။ အေးအေးဆေးဆေး အနားယူတဲ့အချိန်တွေ ၊ စိတ်ဖိစီးမှုများတဲ့ တစ်နေ့တာကို ဖြတ်သန်းနေရချိန်တွေမှာ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုပါ။ iOS ရော Android မှာပါ ကစားနိုင်ပါတယ်။
Featured Photo : altosadventure.com

