ယနေ့ခေတ်မှာ အင်တာနက်ကို အသုံးပြုသည့် အက်ပ်များနှင့် ဂိမ်းများ ပိုမိုများပြားလာပါတယ်။ ဒါက အတော်လေးကို ကောင်းမွန်ပေမဲ့ အင်တာနက်ရှိမှ အသုံးပြုနိုင် ကစားနိုင်ပါတယ်။ တစ်ခါတစ်လေ အင်တာနက် မရှိဘဲ သို့မဟုတ် ‌ဒေတာဖိုး မကုန်ဘဲ ကစားလို့ရတဲ့ Offline ဂိမ်းလေးတွေလည်း ဒေါင်းလုဒ်ဆွဲထား သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အင်တာနက်မလိုဘဲ Android ရော iOS မှာပါ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း များ ကို ဖော်ပြပေးချင်ပါတယ်။

Fire Emblem Heroes

Source : Fire Emblem Heros

အင်တာနက်မလိုဘဲ Android ရော iOS မှာပါ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း များထဲမှာ ပထမဆုံး ဖော်ပြချင်တာကတော့ Fire Emblem Heroes ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ကို မတူညီသောအဆင့်များတွင် ရန်သူများကို တိုက်ခိုက်နိုင်ရန် Franchise ၏ ဇာတ်ကောင်များကို စုဆောင်းပြီး ကစားရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဂိမ်းကို Offline ရော Online ပါ ကစားလို့ရတဲ့ အတွက် တကယ်ကို အဆင်ပြေတာပေါ့။

Dead Target

Source : VNG Game Studios

နောက်ထပ် Offline ကစားလို့ရမဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ Dead Target ပဲ ဖြစ်ပါတယ်။ ဒီ ဂိမ်းက ကွီးတို့ကို စိတ်ကျေနပ်မှုပေးစေမဲ့ ဆွဲဆောင်မှုရှိသော Zombie သေနတ်ပစ် စွန့်စားခန်းဂိမ်း တစ်ခုဖြစ်ပါတယ်။ မစ်ရှင်များကို ပြီးအောင်လုပ်ရခြင်း၊ ဒဏ္ဍာရီဆန်ဆန် လက်နက်များကိုသော့ဖွင့်ပြီး ရယူရခြင်း၊ သင့်သေနတ်များကို အဆင့်မြှင့်ခြင်း စတဲ့ ကစားပုံ အဆင့်ဆင့်နဲ့ ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Deus Ex Go

Source : Deus Ex

Deus Ex Go အခြခံအားဖြင့် နည်းဗျူဟာဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ရဲ့ ဂိမ်းဇာတ်ကောင်ကို ကာကွယ်ဖို့ အဆင့်တစ်ခုစီ၏ ပဟေဠိများကို ဖြေရှင်းရန် လိုအပ်ပါတယ်။ ဂိမ်းက ရှိးရှင်းတယ်လို့ ထင်ရသော်လည်းပဲ အဆင့်မြင့်လာတာနဲ့ အမျှ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဂိမ်းကလည်း ကွီးတို့ကို မပျင်းစေပါဘူး။

Gangstar Vegas: World Of Crime

အင်တာနက်မလိုဘဲ မိုဘိုင်းလ်ဂိမ်း

Source : Teachrabytes

Gangstar Vegas: World Of Crime ကလည်း အင်တာနက်မလိုဘဲ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါ။ လူဆိုးဂိုဏ်းဘဝကို တွေ့ကြုံခံစားနိုင်စေမည့် ဂိမ်းတစ်ခုဖြစ်ပြီး မြို့ကိုစူးစမ်းပြီးနောက် အခြားဂိုဏ်းများကို ဝင်ရောက် တိုက်ခိုက်ရမှာပါ။ ဂိမ်းထဲမှာ ပိုမိုအောင်မြင်လာအောင် ကစားလာနိုင်တာနဲ့ အမျှ မစ်ရှင်အတွက် အသုံးပြုရန် အမျိုးမျိုးသောလက်နက်များနှင့် ယာဉ်များကိုသော့ ဖွင့်နိုင်လာပါလိမ့်မယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ကွီးတို့အတွက် အားလပ်ရက်မှာ အပျင်းပြေဖို့ ဒီ Offline မိုဘိုင်းလ် ဂိမ်းလေးတွေကို ကစားလို့ရပါတယ်။ Android ရော iOS မှာပါ ကစားလို့ရတဲ့အတွက် တကယ်ကို အဆင်ပြေပါတယ်။

Source : The Gamer, Apptuts. Net

Featured Photo : Gamedva