ကွီးတို့ရေ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် Motivation စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ စွန့်ဦး တီထွင်ဖန်တီးမှုနယ်ပယ်၊ ကုန်ထုတ်မှုနယ်ပယ်နှင့် ဘဝ‌ရေးရာပျော်ရွှင်မှုနယ်ပယ်တို့အတွက် Motivation စိတ်အားထက်သန်မှု မရှိရင် ကြီးထွားမှု ပြောင်းလဲမှုနဲ့ အောင်မြင်မှုဆိုတာ မဖန်တီး နိုင်ပါဘူး။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ကွီးတို့ရဲ့ Motivation စိတ်အားထက်သန်မှု တွေကို လျော့ကျ စေမဲ့ အမူအကျင့်တွေကို လုပ်မှန်းမသိ လုပ်တတ်ကြပါတယ်။

Demotivation စိတ်အားထက်သန်မှု မရှိခြင်း တနည်းအားဖြင့် စိတ်ဓာတ်ကျဆင်းမှု အခြေအနေများက ကွီးရဲ့ အောင်မြင်မှုကို ပျက်စီးစေနိုင်ပါတယ်။ Demotivation စိတ်အားထက်သန်မှု မရှိခြင်းက အခြေအနေ အကြောင်းတရား မျိုးစုံ ဖြစ်နိုင်ပါတယ်။ ကွီးတို့ လေ့လာနိုင်ဖို့ Demotivation စိတ်အားထက်သန်မှု မရှိတဲ့ အခြေအနေ တစ်နည်းအားဖြင့် အကြောင်းတရားများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အကြောက်တရား

စိတ်အားထက်သန်မှု လျော့ကျ

Photo : Online Dating Coach

ကွီးအနေနဲ့ အလုပ်မှာ လုပ်မှလုပ်နိုင်မလားဆိုတဲ့ ကြောက်ရွံ့မှုရှိနေတဲ့အခါ အလုပ်ကို ရှေ့ဆက်မသွားရန် ဆုံးဖြတ်တတ်ပါတယ်။ အကြောက်တရားက ကွီးကို နှေးကွေးစေပြီး ချီတုံချတုံဖြစ်စေပါတယ်။ ကြောက်ရွံ့မှုက အန္တရာယ်ကို ရှောင်ကွင်းဖို့ တခါတရံမှာ ကောင်းပေမဲ့ ကြောက်ရွံ့မှု ကြီးမားနေတယ် ဆိုရင်၊ ဘေးကင်းလုံခြုံတဲ့ နယ်မြေထဲကို ရှေ့ဆက်မသွားဖို့ တနည်း အောင်မြင်မှုလမ်းပေါ် ရောက်ဖို့ တားဆီးနိုင်ပါတယ်။ စိတ်အားထက်သန်မှုရဖို့၊ ကွီးရဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ဖို့ လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိရှိ တကယ်ဖြစ်လာမယ့် အခွင့်အလမ်းတွေကို မြင်အောင် ကြည့်လိုက်မယ်ဆိုရင် ကွီးရဲ့ ကြောက်ရွံ့မှုတွေ ပျောက်သွားပါလိမ့်မယ်။ ကွီးတို့ ပြုပြင်သင့်တဲ့ စိတ်အားထက်သန်မှု ကို လျော့ကျ စေတဲ့အချက်တွေထဲက အကြောက်တရားကို ဖယ်ရှားလိုက်ပါ။

(၂) ရှင်းလင်းပြတ်သားမှု မရှိခြင်း

စိတ်အားထက်သန်မှု လျော့ကျ

Photo : Thrive Global

ကွီးလိုချင်တာကို သတိရှိရှိနဲ့ ပြတ်ပြတ်သားသား မဖော်ပြတဲ့အခါ ကွီးအနာဂတ်ရဲ့ ပုံရိပ်ဟာ မရေရာ တော့ပါဘူး။ စိတ်အားထက်သန်စွာ အလုပ်လုပ်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းပြတ်သားမှု ရှိဖို့ လိုပါတယ်။ ကွီးအနေနဲ့ မလိုချင်သည်ကို သိရုံနှင့် မလုံလောက်ပါဘူး၊ ကွီးဘာလုပ်ချင်လဲဆိုတာကို သိဖို့လိုပါတယ်။ ကွီးဖန်တီးချင်တဲ့အရာနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသားနဲ့ တိကျတဲ့အမြင်ကို ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။ ရရှိလာမဲ့ ရလဒ်အသစ်တွေနဲ့ အကျွမ်းတဝင်ဖြစ်လာပြီး အဲဒါကို သက်တောင့် သက်သာဖြစ်စေဖို့အတွက် ကွီးဖန်တီးချင်တဲ့အရာကို ရှင်းရှင်းလင်းလင်းနဲ့ တိကျသေချာစွာ ပုံဖော်ထားဖို့ လိုအပ်ပါတယ်။ ကွီးဘာကိုလိုချင်တာလဲ၊ ဘာကြောင့်လိုချင်တာလဲဆိုတာကို ထုတ်ဖော်ဖို့ အချိန်တစ်ခုယူလိုက်မယ်ဆိုရင် ရှင်းလင်းပြတ်သားမှု မရှိခြင်း ဆိုတဲ့ စိတ်အားထက်သန်မှုကို လျော့ကျစေတဲ့အချက်ကို ပြုပြင်ပြီး ဖြစ်ပါလိမ့်မယ်။

(၃) မှားယွင်းသော ပန်းတိုင်များကို သတ်မှတ်မိခြင်း

စိတ်အားထက်သန်မှု လျော့ကျ

Photo : Association for Psychological Science

လူသားတိုင်းဟာ နေ့စဉ်ဘဝမှာ အတ္တနဲ့ ပရ အကျိုးနှစ်ခုနဲ့ ရှင်သန်နေကြပါတယ်။ အတ္တ ကိုယ်ကျိုး အတွက် လှုပ်ရှားရင်း ပရအများအကျိုးကိုလည်း မျှတအောင်လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ခုခုဘက်ကို အလွန်အမင်း ရောက်သွားပြီရင် ကွီးအတွက် မှားယွင်းတဲ့ ပန်းတိုင်ချမှတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကွီးချမှတ်ထားတဲ့ ပန်းတိုင်အတွက်လုပ်နေရင်း ကွီးရဲ့ ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်သလဲ။ တကယ်လို့ တင်းကြပ်မှုတွေ ခံစားနေရပြီဆိုရင်တော့ ကွီးရဲ့ ပန်းတိုင်က မှားနေပြီလို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် ကွီး “လုပ်သင့်သည်” နှင့်ပတ်သက်ပြီး အကောင်းဆုံးပန်းတိုင်ကို ချမှတ်ခြင်းက ကွီးတို့ ပြုပြင်သင့်တဲ့ စိတ်အားထက်သန်မှု ကို လျော့ကျ စေတဲ့အချက် တစ်ခုဘဲဖြစ်ပါတယ်။

(၄) စိန်ခေါ်မှု မရှိခြင်း

motivation

Photo : Goal Cast

ကွီးတို့ရေ ခေတ်နဲ့ အညီတိုးတတ်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ လူသားတွေဟာ နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါ။ ဘဝမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အောင်မြင်မှုရတဲ့ အခါ ရရှိတဲ့ စိတ်ကျေနပ်မှုဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ပိုမိုလည်း စိတ်အားတတ်ကြွလာစေမှာပါ။ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင် နိုင်သူတွေဟာ ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်းများစွာ ရရှိလာမှာပါ။ စိန်ခေါ်မှု မရှိရင် စိတ်အားတန်ကြွမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ရဲရဲ ရင်ဆိုင်ပါ။

(၅) ပျင်းရိခြင်း

motivation

Photo : Dice Insights

ကွီးတို့ရေ ပျင်းရိခြင်းကလည်း စိတ်အားထက်သန်မှု မရှိရခြင်းရဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျရင် လုပ်နေကျ အလုပ်တွေ မလုပ်ချင်ဘဲ ပျင်းရိနေပါသလား။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ စိတ်မပူပါနဲ ဒါဟာလူ့သဘာဝပါပဲ။ ဒီလိုမဟုတ်ဘဲ အချိန်တော်တော်များများမှာ ပျင်းရိလာပြီဆိုရင် စိတ်အားထက်သန်မှုလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကွီးတို့ကို လှုံဆော်မှုတွေ၊ စိတ်အားတတ်ကြွမှုတွေ မရှိတဲ့အခါ လေးလံထိုင်းမှိုင်း လာပါလိမ့်မယ်။ ပျင်းရိခြင်းဟာ ကွီးတို့ရဲ့ စိတ်အားထက်သန်မှုကို လျှော့ကျစေရုံသာမက ကွီးတို့ရဲ့ ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေကိုပါ တစ်ပါတည်း ပျောက်ဆုံးသွားစေမှာပါ။

ကွီးတို့ရေ စိတ်အားထက်သန်မှုကို လျော့ကျစေတဲ့အချက်တွေကို ရှောင်နိုင်မယ်ဆိုရင် ဘဝမှာ အောင်မြင်မှုကို ရရှိလာမှာ သေချာပါတယ်။

Source : Shine

Featured Photo : Virtual Vocations