လူ့စိတ်ဆိုတာသည် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘယ်သူကမှလည်း ကိုယ့်စိတ်ကို အစိုးမရကြပါဘူး။ စိတ်ဓာတ်ကျတဲ့အချိန်လည်း ရှိမယ်။ စိတ်ဓာတ်တက်ကြွတဲ့အချိန်လည်း ရှိမှာပါပဲ။ စိတ်ဓာတ်ကျတဲ့အချိန်မှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ စိတ် ခံစားချက်မျိုး ပြန်လည် ခံစားရချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်း ကောင်းတွေကို နားဆင်ခံစားကြည့်လိုက်ပါ။

စိတ် သီချင်း

ကိုယ့်ကို ဝေဖန်ထိုးနှက်နေတဲ့ ထိုးနှက်ချက်တွေကြားထဲမှာ ကျရှုံးမသွားဘဲ ထိုထိုးနှက်ချက်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်မျိုး မွေးမြူမှသာလျှင် သူတို့ရဲ့ အမြင်တွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဘယ်သူ့ ဘယ်သူရဲ့ ဝေဖန်ထိုးနှက်ချက်တွေကို ကြောက်မနေပါနဲ့။ ကွီးတို့က သူတို့ထက် ပိုခွန်အားကြီးကြောင်း ဒီသီချင်းတွေကို နားထောင်ရင်း ခွန်အားယူလိုက်ပါ။

(၁) I Believe That We Will Win By Pitbull

ဗိုင်းရပ်စ်ထက် ပိုပြီး ပျံ့နှံ့လွယ်တဲ့အရာကို သိပါသလား။ ထိုအရကတော့ အကြောက်တရားပဲဖြစ်ပါတယ်။ ဒီသီချင်းကတော့ ကိုဗစ်ကာလတုန်းက လူအများ စိတ်ဓာတ်ကျမသွားအောင်၊ ကြောက်ရွံ့မသွားအောင် ခွန်အားပေးထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Pitbull

(၂) I Will Survive By Gloria Gaynor

သီချင်းလေးက သမီးရည်းစား ဆက်ဆံရေးကို ဖော်ပြနေတယ်ဆိုတာထက် ပိုပါတယ်။ Gloria Gaynor က သီဆိုထားတာဖြစ်ပြီး ဘယ်သူမှ ကိုယ့်ဘေးမှာ မရှိလည်း တစ်ယောက်တည်း ရပ်တည်နိုင်တယ်ဆိုတာကို ဖော်ပြနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Source: Gloria Gaynor

(၃) Fight Song By Rachel Platten

သီချင်းလေးက အေးအေးလေးဆိုပေမယ့် သီချင်းရဲ့ စာသားမှာတော့ အဓိပ္ပါယ်တွေ အပြည့်ပါနေပါတယ်။ ဒီသီချင်းကို Rachel Platten ကိုယ်တိုင် ရေးသားထားတာဖြစ်ပြီး ဒီသီချင်းကို သူရေးနေစဥ်မှာ တကယ်ကို စိတ်ဓာတ်ကျနေတဲ့အချိန်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ကွီးတို့လည်း ဒီသီချင်းကို နားထောင်ကြည့်ရင်း စိတ်ခွန်အားတွေ တက်ကြွလာမှာ အသေအချာပါပဲ။

Source: Rachel Platten

(၄) Stronger By Kanye West

ကွီးတို့ ဘဝမှာ ကြုံတွေ့နေရတဲ့ မကောင်းတဲ့ကိစ္စရပ်တွေအကုန်လုံးက ကွီးတို့ကို ပိုမိုသန်မာလာအောင်၊ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းတစ်မျိုးဖြစ်လာအောင် ကူညီပေးမယ်ဆိုတာကို ဖော်ကျူးသီဆိုထားတာဖြစ်ပါတယ်။

Source: Kanye West

(၅) Eye Of The Tiger By Survivor

သီချင်းလေးရဲ့ တီးလုံးကို ကြားလိုက်တာနဲ့ စိတ်ဓာတ် တက်ကြွစေမယ့် သီချင်းတစ်ပုဒ်မှန်း သိသာပါတယ်။ သီချင်းရဲ့ Beat ကိုမှ ဘာမဆို ဖြစ်နိုင်တယ်၊ ချ သာ ချ ဆိုပြီး အားပေးနေသယောင်ပါပဲ။

Source: Survivor Band

(၆) Get Up Stand Up By Bob Marley

ဒီသီချင်းလေးကတော့ ကိုယ့်ကို ဖိနှိပ်ထားတဲ့အရာတွေကို ငြိမ်ခံမနေဘဲ ကိုယ် ရသင့်ရထိုက်တာကို ပြန်ရဖို့အတွက် အခုချက်ချင်း မတ်တပ်ရပ်ပြီး ထတိုက်လိုက်ပါဆိုပြီး သီဆိုထားတာဖြစ်ပါတယ်။

Source: Bob Marley

(၇) Don’t Stop Believing By Journey

ဒီသီချင်းလေးကတော့ ကိုယ့်ရဲ့ အိပ်မက်တွေကို လက်မလျော့လိုက်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားရင် အိပ်မက်တွေလည်း အမှန်တကယ် အကောင်အထည်ဖော်လာမှာဖြစ်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Source: journey

(၈) Hall of Fame By The Script, Ft. will.i.am

ဒီသီချင်းရဲ့ အဓိကဆိုလိုရင်းကတော့ ကွီးတို့သာ အားသွန်ခွန်စိုက် ကြိုးစားမယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မြောက်အောင် အကောင်အထည်ဖော်နိုင်တယ်ဆိုတာကို ဖော်ပြနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျတိုင်း ဒီသီချင်းလေးကို နားဆင်ခံစားကြည့်လိုက်ပါ။

Source: The Script

(၉) Titanium By David Guetta Ft. S.I.A.

မကောင်းတဲ့အရာတွေ ကြုံတွေ့ရတဲ့အခါ လဲကျမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်မျိုး မွေးရမယ်ဆိုတာကို ဖော်ကျူးနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ တိုက်တေနီယမ်လိုမျိုး သန်မာနေရမယ်ဆိုတာကို ခွန်အားပေးနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က ဘယ်လိုပဲ တိုက်ခိုက်နေပါစေ စိတ်နှလုံးက ကြံ့ခိုင်သန်မာနေရမှာဖြစ်ကြောင်း စိတ်ဓာတ်ခွန်အားမြှင့်ပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။

Source: David Guetta

(၁၀) Work Hard, Play Hard By Wiz Khalifa

သီချင်းရဲ့ ခေါင်းစက်အတိုင်းပဲ အလုပ်ကြိုးစားမယ်ဆိုရင် အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း သီဆိုပြနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို သေချာလုပ်ပါ။ အောင်မြင်မှုက အနောက်ကနေ လိုက်ပါလာမယ်ဆိုတာကို ခွန်အားပေးထားတာဖြစ်ပါတယ်။ ရက်ပ် သီချင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နားဆင်သင့်တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Source: Wiz Khalifa

ကွီးတို့သာ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ် ပြင်းပြတယ်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတာမျိုး စိတ် ခွန်အား ပေးမယ့် သီချင်း ကောင်းတွေ၊ အခု List ထဲမှာ မပါတဲ့သီချင်းကောင်းတွေ အများကြီးကျန်ရှိနေပါသေးတယ်။

ကွီးတို့ရော စိတ်ဓာတ်ကျတဲ့အချိန်မှာ ဘယ်လိုသီချင်းမျိုး နားထောင်ပြီး စိတ်ဓာတ် ပြန်လည်တက်ကြွလာအောင် လုပ်ဆောင်လေ့ရှိပါသလဲ။ သီချင်းနာမည်တွေကို ကွန်မန့်ဘောက်စ်ထဲမှာ ရှဲပေးခဲ့ပါဦး။

Featured Image: Create.vista.com