ဆေးဘက်ဆိုင်ရာ သုတေသနလေ့လာချက်များအရ ရော့ခ် သီချင်း များသည် စိတ်ဖိစီးမှုများကို လျော့ချပေးပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေတယ်လို့ အတည်ပြုထားပါတယ်။ရော့ခ် သီချင်း များ နားထောင်ခြင်းအားဖြင့် ဒိုပါမင် ထုတ်လုပ်မှုကို လျော့ချပေးပြီး စိတ်ဖိစီးမှု ဟော်မုန်းများကို လျော့ချပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ စိတ်ညစ်စရာများကို ဖန်တီးပေးနိုင်တဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။

(၁) I Love Rock ‘n’ Roll By Joan Jett & the Blackhearts

I Love Rock ‘n’ Roll ဆိုတဲ့ ရော့ခ်သီချင်းလေးကတော့ Alan Merrill နှင့် Jake Hooker တို့ ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့က သီဆိုထားတာပဲဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး တော်တော်လေးကို Hit ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၂) Bohemian Rhapsody By Queen

Source: Queen Official

ဒီသီချင်းလေးကတော့ A Night at the Opera ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး နာမည်ကြီးအဆိုတော်များကလည်း ကာဗာတေးသီချင်း ပြန်လည်သီဆိုထားကြတာကို နားဆင်ဖူးကြမှာပါ။

(၃) Purple Haze By Jimi Hendrix

Source: Jimi Hendrix

Purple Haze ဆိုတဲ့ သီချင်းလေးကတော့ Jimi Hendrix ကိုယ်တိုင် ရေးဖွဲ့ထားတာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ရေးစပ်ထားတဲ့ တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်ကတည်းက ရေးဖွဲ့ထားတဲ့ တေးသီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၄) Whole Lotta Love By Led Zeppelin

Source: Led Zeppelin

ဒီသီချင်းလေးကတော့ ၁၉၆၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကတော့ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ အချစ်ဆိုတာထက် Sex ကိစ္စကို ပိုရည်ညွှန်းချင်တဲ့ သဘောပဲဖြစ်ပါတယ်။ ကွီးတို့ ကိုယ်တိုင် နားထောင်ကြည့်လိုက်ပါ။

(၅) American Girl By Tom Petty & The Heartbreakers

Source: Mario304

ဒီသီချင်းလေးကတော့ Tom Petty နဲ့ The Heartbreakers တို့ ပေါင်းစပ်ကာ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရော့ခ်သီချင်း ကြိုက်နှစ်သက်သူများအကြား ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ခဲ့ပါတယ်။

(၆) Sympathy for the Devil By The Rolling Stones

Source: ABKCOVEVO

ဒီသီချင်းလေးရဲ့ နောက်ကွယ်က အဓိပ္ပါယ်က အများကြီး နက်ရှိုင်းပါတယ်။ သီချင်းထဲမှာ ပါတဲ့ Devil ဆိုတာက ဘယ်သူ့ကို ရည်ညွှန်းတယ်လို့ ထင်ပါသလဲ။ သိချင်ရင်တော့ ကွီးတို့ ကိုယ်တိုင် နားဆင်ခံစားကြည့်လိုက်ပါ။

(၇) Under Pressure By Queen & David Bowie

Source: Queen Official

ဒီသီချင်းလေးကတော့ Queen နဲ့ David Bowie တို့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုရဲ့ ရိုက်ခတ်မှုကြောင့် ဘယ်လိုခံစားရတတ်သလဲဆိုတာကို သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းလေးက မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၈) Baba O’Riley By The Who

Source: zumie94

ရော့ခ်ဂီတချစ်သူတွေ နားဆင်သင့်တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ နောက်ခံတီးလုံးကလည်း မြူးမြူးကြွကြွလေးနဲ့ သီချင်းစာသားကလည်း မိမိုက်နေရောပါပဲ။

ကွီးတို့ရော ရော့ခ် တေး သီချင်း တွေထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးပါလဲ။

Featured Image: Britannica