ကျွန်တော်တို့လို ဘောလုံးဝါသနာအိုးတွေအတွက် ပျင်းရိစရာကောင်းတဲ့ နိုင်ငံတကာ ရက်သတ္တပတ်တွေ အဆုံးသတ်သွားချိန်မှာ အားလုံး စောင့်မျှော်နေကြတဲ့ ကလပ်အသင်း ပွဲကောင်းတွေ ပြန်လည် ရောက်ရှိလာပြီဖြစ်ပြီး စနေနေ့ရဲ့ အစောဆုံး ပွဲ ည(၇)နာရီအချိန်မှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း မန်စီးတီး နဲ့ လီဗာပူးလ်တို့ ထိပ်တိုက် ယှဉ်ပြိုင်သွားမှာဖြစ်လို့ လုံးဝ စိတ်ဝင်စားစရာ ဖြစ်နေပါလိမ့်မယ်။

manchester vs liverpool

Photo Credit : Sky Sports

နိုင်ငံပွဲတွေအတွက် ကစားလို့အပြီး (၇၂)နာရီလောက်သာ အနားယူထားရသေးတဲ့ ကစားသမားတွေ အခု တကယ့်ကို အရေးပါတဲ့ ပွဲတစ်ပွဲကို ယှဉ်ပြိုင်ရဦးမှာမို့ ပွဲပန်းမှုဒဏ်တွေ အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးလ် ကစားသမားတွေဖြစ်တဲ့ မိုဆာလာ နူးညက်ဇ် ဆိုဘိုဆလိုင်း ဒီယက်ဇ်တို့က နိုင်ငံပွဲတွေအတွက် ဂိုးတွေမြူးပြီး ခြေစွမ်းပြထားတာမို့ အခု စီးတီးနဲ့ ပွဲအတွက်ကိုလည်း ပိုပြီး ready ဖြစ်နေနိုင်ပါတယ်။

haaland vs salah

Photo Credit : Sooka

စီးတီးကတော့ ကစားသမားတချို့ ဒဏ်ရာတွေ ရရှိနေသလို အီဒါဆင် ဟာလန်းတို့လည်း ဒီပွဲအတွက် လုံးဝ fit ဖြစ်နေဖို့တောင် မသေချာပါဘူး။ ဒါပေမယ့် အီတီဟတ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တွေထဲ အိမ်ရှင်ဖြစ်တဲ့ စီးတီးက မန်စီးတီးကို ရလဒ်ပိုင်း အသာရထားနိုင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရာသီကဆိုရင်လည်း (၄)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် နိုင်ထားခဲ့ပါသေးတယ်။ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲတိုင်းမှာလည်း ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ စီးတီးက အိမ်ကွင်းမာဂုဏ်နဲ့ လီဗာပူးလ်ကို အကောင်းဆုံး ဧည့်ခံသွားပါလိမ့်မယ်။

city vs liverpool

Photo Credit : Goal

ဒီအသင်းနှစ်သင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁) နဲ့ (၂)တွေအဖြစ် ရပ်တည်နေကြသလို အမှတ်ကွာဟမှုကလည်း (၁)မှတ်တည်းသာ ရှိနေလို့ ဒီပွဲရလဒ်က နှစ်သင်းလုံးအတွက် အရေးကြီးနေသလို တစ်သင်းသင်းက ရှုံးသွားရင်လည်း အဆင့် (၄)(၅)လောက်အထိပါ ကျဆင်းသွားနိုင်ပါတယ်။ လီဗာပူးလ်ကလည်း ဒီရာသီ အဝေးကွင်း ရလဒ်တွေ သိပ်မစွံဘူး ဆိုပေမယ့် အိမ်ရှင် စီးတီးကို ကောင်းကောင်း ဒုက္ခပေးသွားဖို့ ရှိနိုင်တဲ့အတွက် နှစ်သင်းပေါင်း ဂိုးအများဘက် သွားနိုင်ပြီး သရေရလဒ်နဲ့သာ အဆုံးသတ်နိုင်ပါတယ်။

Featured Photo : Opta Analyst