သီချင်းတွေရဲ့ စွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အချို့သီချင်းများက ကွီးတို့ကို ညစ်နေတာတွေ ပျောက်သွားစေပြီး ပျော်ရွှင်လာအောင် ကူညီပေးနိုင်သလို အာရုံ စူးစိုက် နိုင်စွမ်း ကောင်းမွန်လာအောင် ဖန်တီးပေးမယ့် သီချင်း ကောင်းတွေလည်း ရှိပါတယ်။

ကွီးတို့က လုပ်ငန်းခွင်မှာ အာရုံ စူးစိုက် ဖို့ လိုအပ်ရင်ပဲဖြစ်ဖြစ်၊ စာတွေ လုပ်နေရင်းနဲ့ အာရုံ စူးစိုက်ဖို့ လိုအပ်ရင်ပဲဖြစ်ဖြစ်၊ အခုဖော်ပြပေးမယ့် သီချင်း ကောင်းများကို နားဆင်ခံစားရင်း အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်။​

(၁) My Love By Westlife

Source: Westlife

သီချင်းအေးအေးလေးတွေက ကွီးတို့ကို အာရုံ စူးစိုက်နိုင်စွမ်း မြင့်မားလာအောင် ကူညီပေးနိုင်တယ်ဆိုတာ သိပြီးပြီလား။ Westlife အဖွဲ့ရဲ့ My Love သီချင်းကတော့ ၂၀၀၀ ပြည့်နှစ်တိတိက ထွက်ရှိခဲ့တဲ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Coast to Coast ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၂) Rockabye By Clean Bandit

တစ်ခုခုကို အာရုံစူးစိုက်နေတဲ့အချိန်မှာ သီချင်းစာသားတွေကို အာရုံစူးစိုက်စရာ မလိုပါဘူး။ ဒီ Clean Bandit ရဲ့ Rockabye သီချင်းလေးကလည်း စာသားကို အာရုံစိုက်စရာမလိုဘဲနဲ့ နားထောင်လို့ရပါတယ်။​ ပျင်းရိနေတဲ့စိတ်ကလေးကို ဖျောက်ချင်တယ်ဆိုရင်တော့ ဒီသီချင်းကို နားဆင်ခံစားသင့်ပါတယ်။​

(၃) Cupid (Twin Ver.) By FIFTY FIFTY

ဒီသီချင်းလေးကတော့ ကိုရီးယား ဗားရှင်းနဲ့ တော်တော်ပေါက်ခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး အင်္ဂလိပ်ဗားရှင်းနဲ့ ထပ်မံ ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဗားရှင်းကလည်း အခုချိန်ထိ လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကလည်း တစ်ခုခုကို အာရုံစူးစိုက်နေတဲ့အချိန်မှာ နားဆင်ခံစားလို့ရတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၄) Counting Stars By One Republic

Source: OneRepublic

ဒီသီချင်းလေးကတော့ အချစ်အကြောင်း၊ ဘဝနဲ့ ကိုယ် ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတွေ အကြောင်း စပ်ဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​ ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ဝယ်ယူလို့ မရဘူးဆိုတာကိုလည်း ဒီသီချင်းထဲမှာ စပ်ဆိုထားပါတယ်။

(၅) When We Were Young By David Guetta & Kim Petras

နောက်ထပ် အာရုံ စူးစိုက်လို့ကောင်းအောင် ကူညီပေးမယ့် သီချင်း တစ်ပုဒ်ကတော့ David Guetta နဲ့ Kim Petras တို့ အတူတူ သီဆိုထားတဲ့ When We Were Young သီချင်းလေးပဲဖြစ်ပါတယ်။

ကုန်လွန်သွားတဲ့ အချိန်များကို ပြန်လည်သတိရကာ အောက်မေ့နေတဲ့အကြောင်းကို သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၆) “Victory” By Puff Daddy (feat. The Notorious B.I.G., Busta Rhymes)

Source: Bad Boy Entertainment

ဒီ Victory ဆိုတဲ့ သီချင်းထဲမှာ “Excellence is my presence, never tense, ever hesitant “စတဲ့ စိတ်ခွန်အားပေးတဲ့ Rap စာသားတွေကြောင့် စိတ်ဓာတ်တွေ ကျနေချိန်မှာ၊ အာရုံတွေ ပျံ့လွှင့်နေချိန်မှာ နားထောင်ဖို့ အသင့်တော်ဆုံးပါပဲ။ “Victory” အောင်ပွဲ ဆိုတဲ့ သီချင်းခေါင်းစဉ်အတိုင်း ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း လိုချင်တဲ့ ပန်းတိုင်ကို အရယူလိုက်ပါ။

ကွီးတို့ရော အာရုံတွေ ပျံ့လွှင့်နေချိန်မှာ ဘယ်လို သီချင်းမျိုးတွေနဲ့ အာရုံ ပြန်လည်စုစည်းလေ့ရှိပါသလဲ။

Source: LifeHack

Featured Image: Freepik