ဂီတ သံစဥ် များက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်လာအောင်လည်း ဖန်တီးပေးနိုင်သလို ကြေကွဲ ဝမ်းနည်းရအောင်လည်း ဖန်တီးပေးနေပါသေးတယ်။ ကွီးတို့ ရွေးချယ်တဲ့ ဂီတ သံစဥ် ပေါ် မူတည်ပြီး သံစဥ် တွေရဲ့ နောက်ကို အဆင်သင့် ရယ်ဒီ လေး လိုက်ပါ စီးမျောနိုင်သလို မြူးမြူးကြွကြွ သံစဥ်တွေ ဆိုရင်တော့ ကခုန်မြူးတူးလို့ ရပါတယ်။

ကွီးတို့လည်း ဂီတ သံစဥ် ရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ဖို့ ရယ်ဒီ ဖြစ်ပြီဆိုရင်တော့ ဒီသီချင်းလေးများကို နားဆင်ခံစားကြည့်လိုက်ပါ။

(၁) Love On By Selena Gomez

ဒီသီချင်းလေးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် (၂) ပတ်ကမှ ထွက်ရှိထားတဲ့ သီချင်းသစ် တစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းလေးရဲ့ အစမှာ ပြင်သစ် စကားပြောသံလေး ထည့်ထားပြီး နားဆင်ခံစားရသူကို ခံစားချက်တစ်မျိုး ခံစားသွားရအောင် ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။

Source: Selena Gomez

(၂) No One Knows By Stephen Sanchez, Laufey

သီချင်း သံစဥ် အေးအေးလေးကို နားဆင်ပြီး သံစဥ်ရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ဖို့ ရယ်ဒီ ဖြစ်ပြီဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်သင့်ပါတယ်။ ဒီသီချင်းလေးက တစ်ယောက်အကြောင်း တစ်ယောက်ကို သိနားလည်ကြတဲ့ သမီးရည်းစား နှစ်ယောက်အကြောင်းကို ရေးဖွဲ့သီဆိုထားတာပဲ ဖြစ်ပါတယ်။

Source: Stephen Sanchez

(၃) Daylight By Taylor Swift

ဒီသီချင်းလေးကတော့ အသည်းကွဲ ဒဏ်ရာကြောင့် ကြေကွဲ ခံစားနေရတဲ့ သူတစ်ယောက် ၊ စိတ်မလုံ မခြုံ ခံစားနေရသူတစ်ယောက်က တကယ့် စစ်မှန်ပြီး သူ့ကို အမှန်တကယ် ချစ်တဲ့သူကို တွေ့ရှိသွားတဲ့အခါမှာတော့ နွေးထွေးမှု ၊ စိတ်လုံခြုံမှုတို့ကို ခံစားရတဲ့အကြောင်း သီဆိုထားတဲ့ ချစ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။​

Source: Taylor Swift

(၄) Doctor (Work It Out) By Pharrell Williams, Miley Cyrus

အသစ် စက်စက် ထွက်ရှိထားတဲ့ သီချင်းလေးတစ်ပုဒ်ကို နားဆင်ခံစားချင်တယ် ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ခံစား ကြည့်လိုက်ပါဦး။ ဒီသီချင်းလေးက လွန်ခဲ့တဲ့ ၇ ရက်လောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Miley Cyrus

(၅) Drown By Justin Timberlake

ဒီသီချင်းလေးကတော့ အတိတ်က အမှားများကြောင့် နောင်တ ရနေတဲ့အကြောင်း ၊ ဘယ်တွေ ဘယ်လိုကနေ ဘယ်လို စမှားသွားမှန်း မသိတော့ဘူးဆိုပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။

Source: Justin Timberlake

(၆) Run Back To You By LAY, Lauv

မြူးမြူးကြွကြွ သီချင်းကောင်းလေး တစ်ပုဒ်နဲ့ ဆက်လက် မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းလေးရဲ့ နာမည်ကတော့ Run Back To You ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် (၂) ပတ်ကမှ ထွက်ရှိထားတဲ့ သီချင်းသစ် တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: LAY

ကွီးတို့ရော သံစဥ်တွေရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ဖို့ဆိုရင် ဘယ်သီချင်းလေးတွေကို နားထောင်လေ့ ရှိပါသလဲ။

Featured Image:  The Independent