စွန့်ဦးတီထွင် သမားတစ်ယောက်ဘဝက စိန်ခေါ်မှုတွေ တင်းကြမ်းနဲ့ ပြည့်နေတဲ့ဘဝပါ။ အောင်မြင်တဲ့ စွန့်ဦးတီထွင်ရေးသမားဖြစ်လာဖို့ သွားရတဲ့လမ်းတွေကလည်း အဝေးကြီးပါပဲ။ Entrepreneur လို့ ခေါ်တဲ့ စွန့်ဦးတီထွင်သမားတစ်ယောက်အနေနဲ့ အောင်မြင်ဖို့ဆို အခုပြောတဲ့ နည်းလမ်းလေးတွေ လိုက်နာဖို့ လိုပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် အမြဲ စိန်ခေါ်နေပါ

Startup

Photo : Pexels

လုပ်ငန်းသေးသေးလေးတွေကို ကိုင်တွယ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အေးဆေးပဲလို့ ထင်ထားရင် ဒီလုပ်ငန်းကနေ ထပ်ပြီး ဘာတွေ ဆက်စူးစမ်းတိုးချဲ့နိုင်မလဲ စမ်းသပ်ကြည့်ဖို့ ပြောချင်ပါတယ်။ လုပ်စရာအသစ်လေးတွေ ၊ Skills သစ်တွေကို လေ့လာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်သွားသူက စွန့်ဦးတီထွင်သမား ပီသလာပြီး အောင်မြင်တဲ့ဘဝကို ရောက်လာနိုင်ပါတယ်။

(၂) ကြောက်စိတ်က ကိုယ့်ကို အလွှမ်းမိုး မခံပါနဲ့

desk-office-hero-workspace

Photo : Pexels

စွန့်ဦးတီထွင် သမားတစ်ဦးအနေနဲ့ စီးပွားရေးလောကမှာ ကြမ်းတမ်းတဲ့ ရိုက်ခတ်မှုတွေ ကြုံလာရစမြဲပါ။ စိုးရိမ်တွန့်ဆုတ်စရာတွေ အများကြီး ကြုံလာနိုင်ပါတယ်။ ခေါင်းထဲမှာ ကြောက်စိတ် ၊ စိုးရိမ်စိတ်တွေနဲ့ သိပ်တွန့်နေရင်လည်း ကိုယ့်ဆုံးဖြတ်လုပ်ကိုင်ချက်တွေ မှားသွားနိုင်ပါတယ်။ ဒါကြောင့် ကြောက်စိတ်ကိုပဲ ကြောက်ပါလို့ ပြောချင်ပါတယ်။

(၃) လူတော်တွေနဲ့ ပေါင်းပါ

working together

Photo : Pexels

ဘယ်နယ်ပယ်နဲ့ပဲ စီးပွားရှာရှာ ကိုယ့်ဘေးမှာ ကျွမ်းကျင်တဲ့ Experts တွေ ရှိအောင်လုပ်ထားဖို့ လိုပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေ ရှိသလို နားမလည် လက်လှမ်းမမှီလို့ အတွေ့အကြုံရှိ ဝါရင့်သဘာရင့်တွေကို အားကိုးရတာလည်း ရှိပါတယ်။ ဒီအတွက် ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းကို ကိုင်နိုင်မယ့် ပညာရှင်တွေကို ကိုယ့်အနားထားသင့်ပါတယ်။

(၄) ငွေကြေးပိုင်း သေချာစီမံပါ

money

Photo : Pexels

စီးပွားရေးလုပ်ရင် ပိုက်ဆံအဝင်အထွက် စီးဆင်းမှုတွေကို စနစ်တကျ မှန်မှန်ကန်ကန် စီးဆင်းနေသလား သိရအောင် ဘဏ္ဍာရေး Plan တစ်ခု ရှိထားဖို့ လိုပါတယ်။ ကိုယ်ရေးကိုယ်တာအသုံးနဲ့ လုပ်ငန်းသုံး ငွေကြေးကိစ္စ မရောပါနဲ့။ ရင်းနှီးမြှပ်နှံရမယ့် အပိုင်းတွေ ၊ ကိုယ့်လုပ်ငန်းထပ် တိုးချဲ့ဖို့ ကိစ္စတွေနဲ့ တခြားကနေ ငွေဆွဲပြီး အလုပ်လုပ်ရတာတွေအတွက် သေချာတဲ့ ငွေစာရင်းတစ်ခု ရှိဖို့ အရေးကြီးပါတယ်။

(၅) ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ အာရုံစိုက်ပါ

man sitting

Photo : Pexels

ဝန်ထမ်းတစ်ယောက်အဖို့ အလုပ်ချိန်နဲ့ နားချိန်ဆိုတာ သီးသန့်စီ သတ်မှတ်ပြီးသား ဆိုပေမယ့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အတွက်တော့ အချိန်ဇယားက အမှန်မရှိတာ များပါတယ်။ ဒီလို လူတစ်ယောက်အနေနဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်အောင် အားကစားလုပ်တာ ၊ အစားအသောက်ဂရုစိုက်တာလုပ်ဖို့ လိုပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ။ ယောဂ တို့ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းတွေလုပ်ပါ။ စိတ်ရော ကိုယ်ပါ ဖိစီးမှုကို နေ့တိုင်းနေ့တိုင်း လျှော့ချပေးပါလို့ ပြောချင်ပါတယ်။

Featured Photo : Medium