ဂိမ်းကစားတာဟာ စိတ်ကို အပန်းပြေစေတဲ့ နည်းတစ်ခုပါ။ ကွီးတို့ ပိတ်ရက်မှာ တစ်ယောက်တည်း အနားယူရင်း ဖြစ်စေ၊ ဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးချင်ရင်လည်း မိုဘိုင်းလ်ဂိမ်း တွေကို ကစားလို့ရပါတယ်။ ဒီနေ့ခေတ်မှာ Android ရော iOS ပါမကျန် ကစားလို့ ရတဲ့ Graphic အမိုက်စားနဲ့ မိုဘိုင်းလ်ဂိမ်းများလည်း အများအပြား ရှိနေပါပြီ။ ဒီနေ့မှာတော့ ကွီးတို့အတွက် စွဲလမ်းဖွယ် ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများ ကိုဖော်ပြပေးချင်ပါတယ်။

AFK Arena

Source : AFK Arena

ကွီးတို့ ဒေါင်းလုတ်ဆွဲပြီး ဆော့ကစားဖို့ စွဲလမ်းဖွယ် ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများ ထဲက တစ်ခုကို ပြောပါဆိုရင် AFK Arena ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက ရှေးခေတ် မကောင်းမှုနယ်မြေကို ကယ်တင်ရန်အတွက် သူရဲကောင်းများကိုစုဆောင်းပြီး ကွီးတို့ရဲ့ တပ်ဖွဲ့များက အားကောင်းစေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ကစားသမားများကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Graphics အမိုက်စားတွေနဲ့ ဒီဂိမ်းက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။

Empires & Puzzles: Epic Match 3

Source : Small Giant Games

ဒီဂိမ်းကတော့ RPG တိုက်ခိုက်ရေး၊ ကတ်စုဆောင်းမှု၊ အခြေစိုက်စခန်းတည်ဆောက်မှုတို့ ပါဝင်ပြီး ရိုးရှင်းသော်လည်း နက်နဲသော နည်းဗျူဟာ ဂိမ်းအတွေ့အကြုံကို ဖန်တီထားပါတယ်။ သူရဲကောင်းများကို အဆင့်မြှင့်ခြင်း၊ ဂိမ်းမှာ လက်နက်များဖန်တီးခြင်း စသည်တို့အပြင် စားသမားများအနေဖြင့် အွန်လိုင်းစီးနင်း တိုက်ခိုက်မှုများတွင်လည်း ပါဝင်နိုင်ပါတယ်။ ဒီဂိမ်းကိုလည်း Andorid နဲ့ iOS နှစ်မျိုးစလုံးမှာ ကစားနိုင်ပါတယ်။

Fortnite

Source : Fortnite

ကွီးတို့ကို ဖော်ပြပေးချင်တဲ့ စွဲလမ်းဖွယ် ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများထဲက နောက်တစ်ခုကတော့ Fortnite ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး iOS နဲ့ Android ၂ မျိူးစလုံးမှာ ကစားလို့တဲ့ Free-to-Play ဂိမ်းတစ်ခုပါ။ Battle တွေ တိုက်ရတာကြိုက်တဲ့ ကွီးတွေအတွက်တော့ ကွက်တိပါပဲ။ ဒီဂိမ်းကလည်း အမိုက်စား ဂိမ်းလေး ဖြစ်လို့ ကွီးတို့အခုပဲ ဒေါင်းလုတ်ခ်ဆွဲပြီး ကစားကြည့်လိုက်ပါ။

Candy Crush Friends Saga

Source : Candy Crush Saga Offical

Candy Crush Friends Saga ကတော့ ပေါ့ပေါ့ပါးပါးနဲ့ လက်ကမချချင်လောက်အောင် စွဲလမ်းစေတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါပဲ။ ကွီးတို့ တော်တော်များများ Candy Crush ကို ဆော့ဖူးကြမှာပါ။ ဒီ မွမ်းမံထားသော ဒီဇိုင်းများနဲ့ Level တွေ ဘယ်လောက်ထိ ဆော့ကစားနိုင်မလဲ ဆိုတာ တကယ်ကို စိန်ခေါ်ကြည့်ချင်စရာပါပဲ။ ကွီးတို့ကို အပျင်းပြေစေမဲ့ ဂိမ်းလေးလည်း ဖြစ်ပါတယ်။

Subway Surfers

Source : Kilo Games

ထွက်ရှိခဲ့တာ ကြာပြီဖြစ်ပေမဲ့ အခုထိ လူကြိုက်များဆဲ၊ ကစားဆဲ ဖြစ်တဲ့ ဂိမ်းလေးကတော့ Subway Surfers ပဲ ဖြစ်ပါတယ်။ ရထားလမ်းတစ်လျှောက် အတားအစီးများကို ရှောင်ရှားကျော်လွှားရတဲ့ အပြေးဂိမ်းလေးကို လူတော်တော်များများ တစ်ခါလောက်တော့ ကစားဖူးမှာ အသေအချာပါပဲ။ ကွီးတို့ စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်ဖို့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းလေးပါ။

Source : PC Mag

Featured Photo : Epic Games