ကွီးတို့ရေ တစ်ခုခုကို စွဲလမ်းခြင်းမှာ ကောင်းတဲ့စွဲလမ်းခြင်း ရှိသလို၊ မကောင်းသလို စွဲလမ်းခြင်း ရှိပါတယ်။ သို့သော်လည်း အလွန်အကျွံ စွဲလမ်းခြင်းက အနည်းနဲ့အများတော့ ဘေးဥပါဒ်ကို ဖြစ်စေပါတယ်။ သို့သော်လည်း ဥပါဒ်မဖြစ်စေတဲ့ အကောင်းဆုံးသော စွဲလမ်း တွယ်ငြိခြင်း တစ်ခုရှိပါတယ်။ ဒါကတော့ ခရီးသွားခြင်းဖြစ်ပါတယ်။ ခရီးသွားခြင်း ကို စွဲလမ်းခြင်းက ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေပြီး ပိုမိုပျော်ရွှင်စေတဲ့ လူတစ်ယောက် ဖြစ်လာစေပါတယ်။ ဆက်လက်ပြီးတော့ ခရီးထွက်ခြင်းက ကွီးတို့အတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) စိတ်ဖီစီးမှုများကို လျှော့ချနိုင်ပြီး အားအင်များ ပြည်လည် ပြည့်ဝစေပါတယ်

စွဲလမ်း တွယ်ငြိခြင်း

Photo : Unplash

ကွီးတို့ရေ ယနေ့ခေတ်လို ပြိုင်ဆိုင်မှုတွေများပြီး ဘက်ပေါင်းစုံကနေရနေတဲ့ စိတ်ဖိစီးမှုတွေကို သေချာကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။ နေ့စဉ် အလုပ်များတဲ့နေရာကနေ ခဏ ထွက်ခွာပြီး စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်စေရန်နဲ့ စိတ်အား၊ လူအား ပြန်လည်ဖြည့်သွင်းချင်ရင်တော့ ခရီးသွားခြင်း က အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။

ခရီးသွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက တစ်ဦးနဲ့တစ်ဦး၊ တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှု၊ မတူညီကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ထို့အပြင် ခရီးသွားခြင်းကြောင့် စိတ်နဲ့ကိုယ်ကို ကြည်လင်လန်းဆန်းစေကာ ကွီးတို့ခရီးကပြန်လာလျှင် အားအင်အပြည့်နဲ့ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) ချစ်ရသူတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ပိုင်ဆိုင်စေပါတယ်

စွဲလမ်း တွယ်ငြိခြင်း

Photo : Worldpackers

ခရီးသွားခြင်းဟာ ကွီးတို့ရဲ့ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ ချစ်ရသူနဲ့ဖြစ်စေ ကောင်းမွန်တဲ့ အချိန်တွေကို ဖန်တီးဖို့ အခွင့်အရေး ကောင်းတစ်ခုဖြစ်ပါတယ်။ ကွီးတို့နေ့စဉ်ဘဝမှာ အလုပ် ဒါမှမဟုတ် လေ့လာခြင်းတွေနဲ့ အလုပ်များနေပြီး ကိုယ်တန်ဖိုးထားတဲ့လူတွေကို အချိန်မပေးနိုင်တာ၊ သူတို့နဲ့ ကောင်းမွန်တဲ့အချိန်တွေ မဖန်တီးနိုင်မျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ခရီးထွက်တာက ချစ်ရသူတွေ အတွက်သာမက ကွီးတို့ ကိုယ်တိုင်အတွက်ပါ အကျိုးရှိစေပါတယ်။ ခရီးသွားခြင်းက လုပ်ရိုးလုပ်စဉ် နေ့စဉ်ဘဝထဲက ခွဲထွက်ပြီး ကွီးတို့ကိုပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ တစ်သတ်တာ အမှတ်တရလေးတွေကိုလည်း ဖန်တီးပြီးသား ဖြစ်စေပါတယ်။

(၃) ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်စေပါတယ်

Travelling

Photo : Irrish Mirror

ကွီးတို့ရေ ခရီးသွားခြင်းကို စွဲလမ်းနေတယ်ဆိုရင် ဥပါဒ်မဖြစ်စေတဲ့ အကောင်းဆုံးသော စွဲလမ်း တွယ်ငြိခြင်း ဆိုတာ ယုံထားလိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကွီးတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုရအောင် ဖန်တီးပေးနိုင်လို့ပါပဲ။ ခရီးသွားနေခြင်းက ကွီးတို့ကို ရုံးထိုင်ခုံပေါ်ထိုင်နေရခြင်းထက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို ပိုပြီးပေးစွမ်းပါလိမ့်မယ်။ ခရီးသွားများဟာ ခရီးသွားတဲ့နေရာဒေသအလိုက် တစ်နေ့ကိုခြေလှမ်းပေါင်းများစွာ လမ်းလျှောက်ခြင်း၊ တောင်တတ်ခြင်းအပြင် ပင်လယ်ဘက်သို့သွားတဲ့ခရီးသွားများဟာ ရေကူးခြင်း၊ လှေလှော်ခြင်း စတဲ့ လှုပ်ရှားမှုတွေကို လုပ်လေ့ရှိပါတယ်။ ထိုလှုပ်ရှားမှုများကြောင့် အရိုးအဆစ်များသန်မာလာပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပုံသွင်းပြီးသားဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အိပ်စက်မှု စက်ဝန်းကိုလည်း တော်တော်လေး အထောက်အကူပြုပါတယ်။

(၄) ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းအားကို တိုးမြင့်စေပါတယ်

Travelling

Photo : Luggage Hero

ကွီးတို့ရေ ထက်မြက်ပြီး လိုက်လျောညီထွေ ဖြစ်တဲ့သူ ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ ခရီးတွေထွက်ပါလို့ အကြံပေးပါရစေ။ ခရီးသွားခြင်းသည် ကွီးတို့ရဲ့ စိတ်ကို ထက်မြက်စေပြီး သိမြင်မှု၊ စဉ်းစားတတ်မှု၊ အခြေအနေအလိုက် လိုက်လျောညီထွေ ဖြစ်မှု စတာတွေကို တိုးမြင့်စေတဲ့ အတွေ့အကြုံသစ်များစွာကို ရရှိစေပါတယ်။ ခရီးသွားခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကျန်းမာရေးနဲ့ လုပ်နိုင်စွမ်းအားကိုလည်း တိုးတက်စေပြီး သတိရှိမှုကိုလည်း တိုးတက်စေပါတယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ ခရီးသွားခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးတွေကတော့ အများကြီးပါပဲ။ ကွီးတို့ရော ဥပါဒ်မဖြစ်စေတဲ့ အကောင်းဆုံးသော စွဲလမ်း တွယ်ငြိခြင်း က ခရီးသွားခြင်းဆိုတာ လက်ခံပါသလား။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရောလူပါ တက်ကြွရွှင်လန်းပြီး ဘဝအတွေ့အကြုံအသစ်တွေ တိုးအောင် တစ်နှစ်မှာ တစ်ခါလောက်တော့ ခရီးထွက်ဖို့ အကြံပေးပါရစေ။

Source : Skyscanner

Featured Photo : Travel