အမျိုးသားတွေက ချမ်းသာခြင်းရဲ့ ဒဏ်ကို မခံနိုင်ကြဘူး၊ အမျိုးသမီးများကျပြန်တော့ ဆင်းရဲ တဲ့ ဒဏ် ကို မခံနိုင်ကြဘူးလို့ ဆိုစမှတ်ရှိကြပါတယ်။ ဒါက တကယ်ပဲ မှန်ရဲ့လား။

တကယ်တော့ ချမ်းသာခြင်း ဒဏ်ကို မခံနိုင်ဘူး၊ ဆင်းရဲ တဲ့ ဒဏ် ကို မခံနိုင်ဘူးဆိုတာက လူနဲ့ပဲ သက်ဆိုင်တာပါ။ မရှိတဲ့အချိန် သုည ကနေ အတူတူ စတင်ခဲ့ကြပြီးမှ ငွေရဲ့ ဒဏ်ကြောင့် အပျော်အပါးတွေ မက်လာတယ်ဆိုရင်တော့ စာရိတ္တ မကောင်းတဲ့သူတွေရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ နှစ်ဦးသားစလုံးက တစ်ယောက်ကို တစ်ယောက် စစ်မှန်တဲ့ ချစ်ခြင်းနဲ့ အမှန်တကယ် ချစ်တယ်ဆိုရင် ဆင်းရဲ တဲ့ ဒဏ်၊ ချမ်းသာတဲ့ ဒဏ်တွေဆိုပြီး ထုတ်ပြောနေစရာမလိုပါဘူး။ အေးအတူ ပူအမျှနဲ့ အတူတူ ရုန်းကန်ပြီး ကြိုးစားကြမှာပါ။ ကွီးတို့လည်း လက်တွဲဖော်ကို သေချာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

ကိုယ့်အနားကို ပိုက်ဆံကြောင့် ကပ်လာတဲ့သူတွေကို သေချာ ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ပိုက်ဆံကြောင့် ကိုယ့်အနားကို ကပ်လာတဲ့သူတွေကို ဘယ်လို သိနိုင်မလဲ။

(၁) သူတို့တွေသည် ဈေးကြီးတဲ့ လက်ဆောင် ပစ္စည်းတွေကိုသာ အလေးထားကြတယ်

couple

ကွီးတို့က သူတို့ကို လက်ဆောင်ပေးတဲ့အခါ ဈေးကြီးတဲ့ လက်ဆောင် ပစ္စည်းတွေကိုပဲ ပေးနေရတာလား။ တန်ဖိုးနည်းတဲ့ လက်ဆောင် ပစ္စည်းမျိုး ပေးကြည့်ကြည့်လိုက်ပါ။ သူ ဘယ်လို တုန့်ပြန်မလဲဆိုတာကို လေ့လာကြည့်ပါ။ လက်ဆောင်က တန်ဖိုးနည်းလို့ မကြိုက်တဲ့ ပုံပြရင်တော့ သေချာပါတယ်။ သူတို့က ကွီးတို့ကို ချစ်တာထက် ကွီးတို့ရဲ့ ပိုက်ဆံကို ချစ်တာပါ။

(၂) သူတို့ရဲ့ သူငယ်ချင်းတွေကလည်း သိုက်တူးသူတွေချည်းပါပဲ

ဆင်းရဲ ဒဏ်

လူတွေဆိုတာ အကျင့်စရိုက် တူသူအချင်းချင်းသာ ပေါင်းသင်းဆက်ဆံလို့ရတာပါ။ တူရာ တူရာ စုတဲ့ သဘောပေါ့။ ကွီးတို့သာ ချစ်တဲ့အချိန်မှာ ချစ်တဲ့ စိတ်နဲ့ ဘာမှ မမြင် ဖြစ်နေတာပါ။ ကိုယ့်ရည်းစားကို အပြစ် မမြင်နိုင်ဘူးဆိုရင်တောင်မှ ကိုယ့်ရည်းစားရဲ့ သူငယ်ချင်းတွေကို တစေ့တစောင်း လေ့လာကြည့်ပါ။ သူတို့ရဲ့ သူငယ်ချင်းတွေက သိုက်တူးသူတွေချည်းပဲဆိုရင်တော့ ကွီးတို့ ကောင်မလေးကိုလည်း ပြန်လည် အကဲခတ်ဖို့ လိုအပ်နေပါပြီ။

(၃) သူတို့က ကွီးတို့ရဲ့ လစာငွေအကြောင်းကို လိုက် စပ်စုကြတယ်

ဆင်းရဲ ဒဏ်

ရည်းစား မဖြစ်ခင် (သို့) ရည်းစား ဖြစ်ဖြစ်ချင်းမှာ ကွီးတို့ရဲ့ လစာ ဝင်ငွေက ဘယ်လောက်လဲဆိုပြီး စပ်စပ်စုစု လိုက်သိချင်နေတာက ပုံမှန်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ကိုယ်ပိုင် အရည်အချင်းရှိတဲ့လူတစ်ယောက်က ကိုယ့်ဝင်ငွေနဲ့ပဲ ကိုယ်ရပ်တည်ချင်ကြတယ်၊ ရပ်တည်နိုင်ကြပါတယ်။ လက်မထပ်ရသေးဘဲနဲ့ တစ်ဖက်က ရည်းစားရဲ့ ဝင်ငွေအကြောင်းကို စပ်စပ်စုစု လိုက်မေးမနေပါဘူး။

(၄) အဆင့်အတန်း ဂုဏ်ပုဒ်တွေကို ဘဝကြီးတစ်ခုလို မှတ်ယူနေကြတယ်

ဆင်းရဲ ဒဏ်

သူတို့ရဲ့ ပါးစပ်ဖျားမှာ အဆင့်အတန်း ဂုဏ်ဒြပ်တွေကို အမြဲဆိုသလို ပြောဆိုနေတတ်ကြပါတယ်။ ဂုဏ်ဒြပ်မရှိတဲ့ သာမန် အခြေခံ လူတန်းစားတွေဆိုရင်တော့ သူတို့က အထင်အမြင် သေးတတ်ကြပါတယ်။ သူတို့ ကိုယ်တိုင်ကကျတော့ အဆင့်အတန်းရှိလားဆိုတော့လည်း အဲ့လို မဟုတ်ပြန်ပါဘူး။ တကယ့် တကယ် အဆင့်အတန်း ရှိတဲ့လူတစ်ယောက်သည် အခြား လူတစ်ယောက်သားကို နှိမ်ပြီး ဆက်ဆံလေ့မရှိပါဘူး။

အခုဖော်ပြသွားတဲ့ လက္ခဏာများကို ကွီးတို့ရဲ့ ရည်းစား ဖြစ်သူဆီမှာ မြင်တွေ့နေရပြီလား။

Source: Webmd.com

Featured Image: Soundmindinvesting