ကွီးတို့သည် ကွီးတို့ ရှော်တီလေးနဲ့ မခွဲနိုင်လို့ လက်ထပ်ပြီးနောက်မှာ နေ့ရက်တိုင်းက အမြဲတမ်း အဆင်ပြေ ချောမွေ့နေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ကွီးတို့ရဲ့ မဟေသီ နဲ့ မာတာ မိခင် ကြားမှာ ဗျာများရတဲ့ နေ့ရက်မျိုးကို ကြုံတွေ့ရမှာပါပဲ။ ဒီလိုမျိုး ကြုံတွေ့ရတဲ့အခါမျိုးမှာ ကွီးတို့သည် ဘယ်လို ပြုမူလုပ်ဆောင်မှာပါလဲ။ ကွီးတို့ မဟေသီ ဘက်ကို ပါမှာလား၊ ကွီးတို့ရဲ့ မာတာ မိခင် ဘက်ကို ပါမှာလား။

ဘယ်ဘက်ကိုပဲပါပါ ကွီးတို့အတွက် ခက်ခဲတဲ့ ရွေးချယ်စရာတစ်ခုကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ကွီးတို့ မဟေသီ နဲ့ မာတာ မိခင် ကြား အားပြိုင်ကြတဲ့အခါ

marriage

ချွေးမနဲ့ ယောက္ခမဆိုတာ တည့်တယ်ဆိုတာကလည်း ခပ်ရှားရှားရယ်ပါ။ တည့်ကြတဲ့ ချွေးမနဲ့ ယောက္ခမလည်း ရှိပါတယ်။ ဒါသည် ဘီးကျဲရဲ့ အကွက်ရွေ့မှု ကောင်းလို့လို့ပဲ ပြောရမှာပါ။

တစ်ဖက်က ကြည့်ပြန်တော့လည်း ကိုယ့်ရဲ့ မိခင်၊ တစ်ဖက်ကလည်း ကိုယ့်ရဲ့ မိန်းမ၊ ဒီလိုနဲ့ ကွီးတို့က ခေါင်းရှုပ်လို့ဆိုပြီး ဘာသိဘာသာနေရင် သူတို့နှစ်ဦးကြားထဲက တင်းမာမှုက ပိုလို့ ဆိုးလာနိုင်ပါတယ်။ မိခင်ဖြစ်သူ ဘက်ကလည်း ကြည့်ရင် သူ့သား တစ်ယောက်လုံးကို ပေးထားရတာဖြစ်ပြီးတော့ မိန်းမ ဖြစ်သူ ဘက်ကလည်း ကြည့်မယ်ဆိုရင် ကိုယ့်ကို ယုံလို့ ကိုယ့်နောက် လိုက်လာတဲ့ အမျိုးသမီးပဲ မဟုတ်လား။ ဒီလို အခြေအနေမျိုးမှာ ကွီးတို့က မာတာမိခင်ဘက်က ပါပြီး ဇနီးမယားဖြစ်သူအား နှိပ်ကွပ်မယ်ဆိုရင်တော့ ကွီးတို့ အိမ်ထောင်ရေးက ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဒီလို အခြေအနေမျိုးမှာ ကွီးတို့ ဘယ်လို လုပ်ကြမလဲ

မဟေသီ မိခင်

ကွီးတို့အနေနဲ့ ပါးပါးနပ်နပ် လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ မဟေသီကလည်း ဦးစားပေး ခံချင်တာဖြစ်သလို၊ ကွီးတို့ မိခင်ဖြစ်သူကလည်း သားဖြစ်သူဆီက ဦးစားပေးတာမျိုးကို လိုချင်မှာပါပဲ။ သူတို့ နှစ်ဦးသား ဆက်ဆံရေး မကောင်းမွန်တဲ့ အခါမျိုးမှာ ကွီးတို့ဘက်က ကြားကနေ စေ့စပ်ညှိနှိုင်းပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့သည် ကွီးတို့ မိခင်အကြောင်းကို အသိဆုံး ဖြစ်မှာ ဖြစ်သလို ကွီးတို့ရဲ့ ဇနီးမယား အကြောင်းကိုလည်း အသိဆုံးဖြစ်မှာပါ။

သူတို့ နှစ်ယောက်က ကွီးတို့ကို တရားသူကြီး လုပ်ခိုင်းတဲ့အခါ ဘယ်ဘက်မှ မပါဘဲ မျှမျှတတ ဆက်ဆံတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရဲ့ အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင်

မဟေသီ မိခင်

ကွီးတို့ရဲ့ အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ မဟေသီကို ဦးစားပေးတာ အကောင်းဆုံးပါပဲ။ ကွီးတို့ အိမ်ထောင်မှာ သားသမီးတွေ ရလာခဲ့ရင်လည်း ကွီးတို့ရဲ့ မဟေသီကိုပဲ ဦးစားပေးရပါမယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ အိမ်ထောင်ရေးက သာယာနိုင်မှာပဲ ဖြစ်ပါတယ်။ ကွီးတို့သာ သားလိမ္မာလေး လုပ်ရင်တော့ စကားအရ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ကွီးတို့ အိမ်ထောင်ရေးကတော့ သာယာနိုင်မှာမဟုတ်ပါဘူး။ ကွီးတို့သည် တစ်ချိန်တည်းမှာပဲ သားလိမ္မာလည်း လုပ်ချင်တယ်၊ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်ဆိုရင်တော့ လောဘကြီးရာ ကျပါလိမ့်မယ်။

ကွီးတို့ ကိုယ်တိုင် စဥ်းစားကြည့်ပြီး ဘယ်လို အခြေအနေမျိုးမှာ ဘယ်လို ပြုမူရမလဲဆိုတာကို သေချာလေ့လာထားတာ အကောင်းဆုံးပါပဲ။

Source: Sg.theasianparent.com

Featured Image: Familyeducation