တကယ်လို့ ကွီးတို့က ကော်ဖီချစ်သူတွေဖြစ်ပြီး ဗော်ကာကိုလည်း ကြိုက်နှစ်သက်တယ်ဆိုရင် အခုပြောပြပေးမဲ့ ကော်ဖီ ကော့လ်တေး လေးကို စမ်းကြည့်လို့ ရပါတယ်။ ဒီကော်ဖီ ကော့လ်တေးဟာ ချိုမြိန်ပြီး အရသာရှိရုံသာမက ကော်ဖီနံ့သင်းသင်းလေးနဲ့  ဗော်ကာ ပေါင်းစပ်ပြီး  ဆန်းသစ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ ကြီးကျယ်ခမ်းနားလှတဲ့ ညစာစားပွဲတွေမှာ ညစာစားအပြီးတွင် ဒီကော်ဖီ ကော့လ်တေးကို ထည့်သွင်းဧည့်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။ ထို့အပြင် ပါတီပွဲတွေမှာလည်း ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ အဖျော်ယမကာ တစ်မျိုးပါပဲ။ ထို့အတူ ကော်ဖီကို အရမ်းကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် တကယ်ကို သဘောကျစရာ ကော့လ်တေးတစ်ခွက်ပါပဲ။ ဒါကြောင့် ဗော်ကာနဲ့ ကော်ဖီ ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ Espresso Martini တစ်ခွက် ဘယ်လိုဖျော်စပ်ရလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ကော်ဖီနဲ့ ဗော်ကာပေါင်းစပ်ထားတဲ့ အရသာရှိပြီး ဆန်းသစ်တဲ့ Espresso Martini တစ်ခွက်ဖျော်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကတော့

ဆန်းသစ်တဲ့ Espresso Martini

Photo : Preppy Kitchen

(၁) ဗော်ကာ ၁၀၀ မီလီလီတာ ( ကွီးတို့ ကြိုက်နှစ်သက်ရာ အမျိုးအစားကို သုံးနိုင်ပါတယ်)

(၂) Espresso ကော်ဖီ ၅၀ မီလီလီတာ

(၃) Kahlua ၅၀ မီလီလီတာ ( Kahlua ကတော့ ကော်ဖီနဲ့ ရမ် ပေါင်းစပ်ထားတဲ့ အရည်တစ်မျိုးဖြစ်ပြီး ဒီကော့လ်တေးအတွက် အကောင်းဆုံးအရသာဖြစ်စေရန် ထောက်ပံ့ပေးပါလိမ့်မယ်)

(၄) Simple Syrup ၅၀ မီလီလီတာ

(၅) ရေခဲတုံးများ

(၆) အလှဆင်ရန် ကော်ဖီစေ့လေးများ စသည်တို့ လိုအပ်ပါတယ်။

လိုအပ်တာတွေ ပြင်ဆင်ပြီးပြီဆိုတော့ ဆန်းသစ်တဲ့ Espresso Martini ဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။

ဖျော်စပ်ပုံကတော့

(၁) ပထမဆုံးအနေဖြင့် Expresso ကော်ဖီကို ဖျော်ပြီး ခွက်တစ်ခုထဲတွင် အအေးခံထားပါ။

(၂) ထို့နောက် ကော့လ်တေး Shaker ထဲသို့ ရေခဲတုံးများ ဖြည့်ပြီးနောက် အအေးခံထားသောကော်ဖီ၊ ဗော်ကာနဲ့ Simple Syrup တို့ကိုလောင်းထည့်ပါ။

ဆန်းသစ်တဲ့ Espresso Martini

Photo : Preppy Kitchen

(၃) ထို့နောက် Kahlua ကို ထပ်ပေါင်းထည့်ပါ။

(၄) အကုန် ပေါင်းထည့်ပြီးနောက် ကော့လ်တေး Shaker ကို အားပြင်းပြင်းနဲ့ လှုပ်ခါပါ။

ဆန်းသစ်တဲ့ Espresso Martini

Photo : Preppy Kitchen

(၅) ပြီးနောက် ရရှိလာတဲ့ အရသာရှိလှတဲ့ Expresso Martini ကို ကွီးတို့ စိတ်ကြိုက် Martini ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

(၆) နောက်ဆုံးအနေနဲ့ အသင့်ပြင်ထားတဲ့ ကော်ဖီစေ့လေးတွေကို အပေါ်မှာတင်ပြီး အလှဆင်လိုက်ပါ။

Cocktail

Photo : Preppy Kitchen

ဒါဆိုရင်တော့ ကော်ဖီနဲ့ ဗော်ကာ ပေါင်းစပ်ပြီး ရိုးရှင်းလွယ်ကူစွာ ပြုလုပ်လို့ရတဲ့ Espresso Martini တစ်ခွက် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

cocktail

Photo : Baileys Irish Cream

ကွီးတို့ ပါတီလုပ်လျှင်ဖြစ်စေ၊ ညစာ စားပွဲကျင်းပသည့်အခါဖြစ်စေ အဖျော်ယမကာများ ထည့်သွင်းဖို့ စဉ်းစားတဲ့နေရာမှာ ဒီ ဆန်းသစ်တဲ့ Expresso Martini ကို မမေ့ပါနဲ့။ ဒါ့အပြင် မိသားစု ညစာစားပွဲမှာလည်း အလွယ်တကူ ဖျော်စပ်ပြီး သုံးဆောင်လို့ ရပါသေးတယ်။

Source : Preppy Kitchen

Featured Photo : Jamieoliver