မကြာသေးခင်ကပဲ ဘောလုံးသမားဘဝကို အဆုံးသတ်သွားခဲ့သူ ဂျာမန် ကွင်းလယ် ဖန်တီးရှင် မီဆွတ် အိုဇေး က သူနဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ လက်တွဲခဲ့ဖူးသူ စပယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေး မော်ရင်ဟိုဟာ ရာစုနှစ်ရဲ့ အကောင်းဆုံးသော ဘောလုံးနည်းပြ တစ်ဦးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ozil jose

Photo Credit : The Sun

မော်ရင်ဟိုက အင်တာ မီလန်ကနေ ရီးယဲလ်အသင်းကို ပြောင်းလဲ ကိုင်တွယ်ချိန်မှာ အိုဇေး ကို ဝါဒါဘရီမင်ကနေ ယူရို(၁၈)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး အိုဇေးရဲ့ ခြေစွမ်းခြေစတွေကို မြင်တွေ့ထားခဲ့တဲ့ ဘာစီလိုနာ မန်ယူနိုက်တက်နဲ့ ရီးယဲလ်အသင်းတွေက အိုဇေးကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေချိန်မှာပဲ ရီးယဲလ်က လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာကာရဲ့ back-up ကစားသမားအဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အိုဇေးဟာ ကာကာထက်ပင် ရီးယဲလ်မှာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာခဲ့ပါတော့တယ်။

real

Photo Credit : The Mirror

မော်ရင်ဟိုရဲ့ main playmaker player အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိုဇေး ဟာ လာလီဂါမှာ (၁၀၅)ပွဲ ကစားခဲ့ရချိန် ဂိုးဖန်တီးမှုပေါင်း (၅၄)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့သလို (၁၉)ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် (၃)နှစ်တာ သက်တမ်းရှိခဲ့တဲ့ သူရဲ့ ရီးယဲလ်ကစားသမားဘဝအတွင်းမှာလည်း အိုဇေး က ဂိုးဖန်တီးမှုပေါင်း (၈၁)ကြိမ်အထိပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလို အကောင်းဆုံး စွမ်းဆောင်မှု ပြသနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး အိုဇေးက “ ကျွန်တော်အတွက်တော့ ဂျိုဆေးက ဒီရာစုနှစ်ရဲ့ အကောင်းဆုံးသော နည်းပြပဲ။ သူရဲ့ နည်းဗျူဟာပိုင်း နားလည်မှုကလည်း အခြား အဆင့်တစ်ခုမှာ ရှိနေပြီး အဝတ်လဲခန်းအတွင်း ဘယ်လိုပဲ ပြောဆိုပါစေ မီဒီယာတွေရှေ့မှာဆိုရင် သူက အသင်းအပေါ် ကာကွယ်ပြောဆိုတတ်တယ်”

jose ozil

Photo Credit : FOX Sports

“တကယ့်ကို ကမ္ဘာ့အဆင့် နည်းပြပါပဲ။ ကျွန်တော်က သူ့ကြောင့်ပဲ ရီးယဲလ်ကို ရွေးချယ်ခဲ့တာ။ သူက ကျွန်တော့်ကို ဘာနေဗျူးကွင်းကြီးနဲ့ ဆုဖလားတွေကို ကြည့်ဖို့ ခေါ်သွားခဲ့တယ်။ ဒါက ကျွန်တော့်အတွက်တော့ ကြက်သီးထလောက်စရာပါပဲ။ ဘာစီလိုနာဆီကို လည်ပတ်ရတာကတော့ စိတ်လှုပ်ရှားစရာ သိပ်မရှိခဲ့ရပဲ ကျွန်တော့်အတွက် စိတ်ပျက်စရာ အကောင်းဆုံးကတော့ ပက်ပ် ဂွာဒီယိုလာကိုယ်တိုင် ကျွန်တော်နဲ့ တွေ့ဆုံဖို့ကို စိတ်ဝင်စားခြင်း မရှိတာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Goal