သစ်သီးကော့တေးတွေ သောက်ရတာ ငြီးငွေ့နေပြီဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ဖော်စပ်ထားတဲ့ ဆိုဂျူ ကော့တေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများကလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ပြုလုပ်နည်းကလည်း လွယ်ကူတဲ့အပြင် ငါးမိနစ်အတွင်း ပြုလုပ်နိုင်တာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။

ကွီးတို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်နည်းအဆင့်ဆင့်ကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများကတော့…

ဆိုဂျူ ကော့တေး

  • ကိုရီးယားဆိုဂျူ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်း (မည်သည့်အရသာမျှ မရောနှောထားသော)
  • Sprite (သို့) 7Up လိုမျိုး သံပုရာရည် ဆိုဒါ စားပွဲတင်ဇွန်း ၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ပါဝင်ပစ္စည်း (၃) ခုစလုံး ရယ်ဒီဖြစ်အောင် ပြင်ထားပါ။

၂။ ကော့တေးဖျော်မယ့် Cocktail Shaker ထဲသို့ ရေခဲတုံးများ ထည့်ထားလိုက်ပါ။ ထို့နောက် ဆိုဂျူ နှင့် ဒိန်ချဉ်တို့ထည့်ကာ ကော့တေး ပုလင်းကို အဖုံးပိတ်လိုက်ပါ။

ဆိုဂျူ ကော့တေး

၃။ ထို့နောက် Cocktail Shaker ကို အားရပါးရ လှုပ်ခါပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဆိုဂျူ ကော့တေး အရောအနှောကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ဆိုဒါ အချိုရည်ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

soju cocktail

ဒါဆိုရင်တော့ အရသာ ပြီးပြည့်စုံပြီး စွဲဖက်ဖွယ်ကောင်းတဲ့ ကိုရီးယားစတိုင်လ် ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အခြားသော သစ်သီးအရသာစုံစုံလင်လင် ပါဝင်တဲ့ ကော့တေးမျိုးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ရိုးရိုးဒိန်ချဉ်ထက် စတော်ဘယ်ရီဒိန်ချဉ်၊ လိုင်ချီးဒိန်ချဉ် အစရှိတဲ့ သစ်သီးဒိန်ချဉ်မျိုးကို ရွေးကာ အသုံးပြုဖော်စပ်နိုင်ပါတယ်။

ဒီကိုရီးယားစတိုင်လ် ဆိုဂျူကော့တေးလေးက ဘယ်လောက်ထိ ပြင်းသလဲ

soju cocktail

ဆိုဂျူဆိုတာကတော့ ကွီးတို့အားလုံး သိတဲ့အတိုင်းပဲ ကိုရီးယားနိုင်ငံရဲ့ ရိုးရာအရက်တစ်ခုလိုပါပဲ။ ဆိုဂျူရဖို့ရန်အတွက် ဂျုံ၊ ဘာလီ၊ ကန်စွန်းဥ စသည်တို့ကို သေချာအချဉ်ဖောက်ထားကာ ဗို့ဒ်ကာလိုမျိုး ဖော်စပ်ထားတာဖြစ်ပါတယ်။ သူ့ထဲမှာ အယ်လ်ကိုဟောပါဝင်မှုနှုန်း ၁၆ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းအထိရှိပါတယ်။

ဘယ်လောက်ထိ ယစ်မူးမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ကွီးတို့အိမ်မှာ တစ်ခါလောက် ကိုယ်တိုင်ကိုယ်ကျဖော်စပ်ကြည့်ကာ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thespruceeats

Featured Image: Pinterest