ကွီးတို့က ကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် Espresso Margarita တစ်ခွက် ရဲ့ အရသာကို မြည်းစမ်းကြည့်သင့်ပါတယ်။ ပုံမှန် Margarita ကတော့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုအောင် လူကြိုက်အများဆုံး စာရင်းဝင်ထားတဲ့ Classic ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Margarita ကော့လ်တေး ဟာ ၁၉၃၀ ခုနှစ်ဝန်းကျင်က မက္ကဆီနိုင်ငံမှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ Tequila ၊ Triple Sec နဲ့ Lime Juice စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ ဖျော်စပ်ပါတယ်။

Photo : A Couple Cooks

Espresso Margarita ကော့လ်တေး ကတော့ Espresso Martini ဖျော်စပ်နည်းနဲ့ အနည်းငယ် ဆင်တူပြီး Kahlua နဲ့ Espresso တို့လို ကော်ဖီပြင်းပြင်းတွေ ပေါင်းစပ်ဖျော်ရတာ ဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်ဖျော်စပ်သောက်ဖို့ သိပ်မခက်တဲ့ ကော့လ်တေးတစ်ခွက်လည်း ဖြစ်ပါတယ်။

Photo : A Couple Cooks

Espresso Margarita ကော့လ်တေးမှာ Tequila Blanco ၊ Kahlua ၊ Triple Sec သို့မဟုတ် Cointreau နဲ့ Espresso တို့အဓိက ပါဝင်ပါတယ်။ ပထမ အဆင့်အနေနဲ့ Tequila Blanco ၁ အောင်စခွဲ ၊ Triple Sec သို့မဟုတ် Cointreau အနည်းငယ် ၊ Kahlua သို့မဟုတ် Coffee Liqueur အောင်စ ဝက် ၊ Espresso အပူ ၁ အောင်စ (တခြား အပြင်းစားကော်ဖီတစ်မျိုးလည်း သုံးနိုင်ပါတယ်) နဲ့ ရေခဲ ၄ တုံးခန့်တို့ကို ကော့လ်တေး Shaker ထဲမှာ ရောထည့်ပြီး အေးလာတဲ့အထိ ရှိတ်ပေးပါ။

ပြီးရင်တော့ Martini ဖန်ခွက် သို့မဟုတ် Lowball ဖန်ခွက်ထဲကို ရေခဲတုံးအနည်းငယ်နဲ့ ရှိတ်ထားတဲ့ ဖျော်ရည်ကို ဇကာခံပြီး ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ကော်ဖီရနံ့ ခပ်သင်းသင်းနဲ့ ပြင်းရှရှ Espresso Margarita ကော့လ်တေး တစ်ခွက် ရဲ့ အရသာကို မြည်း စမ်းနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Delish.com